
အိုလက်ဇန္ဒားဇင်ချန်ကိုဟာအီတီဟတ်တွင်မန်စီးတီးကို၁-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ အက်ဖ်အေဖလားစတုတ္ထအဆင့်ပွဲစဉ်အပြီးတွင်မန်စီးတီးစတားများရဲ့အနိုင်ကျင့်မှုခံခဲ့ရမှုအပေါ်တုံ့ပြန်မှုပြုလုပ်လာပြီဖြစ်ပါတယ်။
အာဆင်နယ်စတားဟာနွေရာသီတုန်းကမန်စီးတီးမှအာဆင်နယ်သို့ပေါင်သန်း၃၀ဖြင့်ပြောင်းရွှေ့ပြီးနောက်သောကြာနေ့တုန်းကအီတီဟတ်သို့ပထမဆုံးအကြိမ်အဖြစ်ပြန်လည်ခြေချလာခဲ့ပါတယ်။
ဇင်ချန်ကိုဟာ၁-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ယင်းပွဲတွင်အရန်ခုံမှထလာပြီး၂၄မိနစ်ပါဝင်ကစားခဲ့ပါတယ်။
ပွဲအပြီးတွင်မန်စီးတီးစတားများဟာကစားဖော်ဟောင်းကိုသွားရောက်ခဲ့ပါတယ်။
ဇင်ချန်ကိုဟာမန်စီးတီးတွင်ကစားတဲ့၆ရာသီတွင်ပရီးမီးယားလိဂ်ဖလား၄ကြိမ်၊လိဂ်ဖလား၄ကြိမ်၊အက်ဖ်အေဖလား၁ကြိမ်ဆွတ်ခူးနိုင်ခဲ့သူဖြစ်ပြီးမန်စီးတီးပရိသတ်များရဲ့မတ်တပ်ရပ်လက်ခုပ်တီးဂုဏ်ပြုခြင်းခံခဲ့ရပါတယ်။
ပွဲအပြီးတွင်ဂွါဒီယိုလာအပါအဝင်မန်စီးတီးစတားများဟာဇင်ချန်ကိုထံသွားရောက်နှုတ်ဆက်ခဲ့ကြပါတယ်။
မန်စီးတီးစတားကိုင်လီဝေါလ်ကားဟာယူကရိန်းစတားရဲ့နားရွက်ကိုဆွဲခဲ့သလိုလက်မောင်းကိုလည်းရိုက်ခဲ့တာတွေ့ရပါတယ်။အိုင်ကေးဂန်ဒိုဂန်မှာလည်းဇင်ချန်ကိုရဲ့မျက်နှာကိုရိုက်ခဲ့တာတွေ့ရပါတယ်။
ဇင်ချန်ကိုဟာသူ့ကိုကြည့်ပြီးရယ်နေတဲ့မရာ့ဇ်၊ရူဘင်ဒိုင်ယက်ဇ်၊ကန်စီလိုတို့နှင့်စကားပြောခဲ့တာတွေ့ရပါတယ်။ဇင်ချန်ကိုဟာသူ့အင်္ကျီကိုဝေါလ်ကားအားလက်ဆောင်ပေးခဲ့ပြီးဖက်ပြီးနောက်ဥမင်လှိုဏ်ခေါင်းသို့ဆင်းသွားခဲ့ပါတယ်။
ဘောလုံးပရိသတ်များကမန်စီးတီးစတားများဟာဇင်ချန်ကိုအားညီငယ်တစ်ဦးကဲ့သို့အနိုင်ကျင့်ခဲ့တယ်လို့စွပ်စွဲခဲ့ကြပါတယ်။
ဒါပေမဲ့ဇင်ချန်ကိုကတော့ “ကျွန်တော်တို့လိုချင်တဲ့ရလဒ်မရခဲ့ပေမဲ့ပြန်လည်ရုန်းထလာမှာပါ။သူငယ်ချင်းဟောင်းဆိုတာမရှိပါဘူး။အမှတ်ရစရာအများကြီးရှိနေတဲ့သူငယ်ချင်းဆိုတာပဲရှိပါတယ်။တွေရဆုံရတော့အမြဲပျော်ရပါတယ်။အရင်အိမ်ဆိုတာမရှိပါဘူး။အရမ်းပျော်ရတဲ့နေရာပဲရှိပါတယ်။အခုပြန်လာခွင့်ရလို့ဝမ်းသာတယ်။နွေးထွေးစွာကြိုဆိုလို့အီတီဟတ်ကိုကျေးဇူးတင်တယ်။အမ်းမရိတ်မှာမကြာခင်ပြန်တွေ့ကြမယ်။မင်းပျော်လာဖို့မျှော်လင့်တယ်”လို့ပြောကြားသွားပါတယ်။
ZawGyi
မန္စီးတီးစတားမ်ားရဲ႕ညီငယ္တစ္ေယာက္လို အႏိုင္က်င့္ခံရမႈအေပၚ ဇင္ခ်န္ကို တုံ႔ျပန္လာၿပီ
အိုလက္ဇႏၵားဇင္ခ်န္ကိုဟာအီတီဟတ္တြင္မန္စီးတီးကို၁-၀ဂိုးျဖင့္ရႈံးနိမ့္တဲ့ အက္ဖ္ေအဖလားစတုတၳအဆင့္ပြဲစဥ္အၿပီးတြင္မန္စီးတီးစတားမ်ားရဲ႕အႏိုင္က်င့္မႈခံခဲ့ရမႈအေပၚတုံ႔ျပန္မႈျပဳလုပ္လာၿပီျဖစ္ပါတယ္။
အာဆင္နယ္စတားဟာေႏြရာသီတုန္းကမန္စီးတီးမွအာဆင္နယ္သို႔ေပါင္သန္း၃၀ျဖင့္ေျပာင္းေ႐ႊ႕ၿပီးေနာက္ေသာၾကာေန႔တုန္းကအီတီဟတ္သို႔ပထမဆုံးအႀကိမ္အျဖစ္ျပန္လည္ေျခခ်လာခဲ့ပါတယ္။
ဇင္ခ်န္ကိုဟာ၁-၀ဂိုးျဖင့္ရႈံးနိမ့္တဲ့ယင္းပြဲတြင္အရန္ခုံမွထလာၿပီး၂၄မိနစ္ပါဝင္ကစားခဲ့ပါတယ္။
ပြဲအၿပီးတြင္မန္စီးတီးစတားမ်ားဟာကစားေဖာ္ေဟာင္းကိုသြားေရာက္ခဲ့ပါတယ္။
ဇင္ခ်န္ကိုဟာမန္စီးတီးတြင္ကစားတဲ့၆ရာသီတြင္ပရီးမီးယားလိဂ္ဖလား၄ႀကိမ္၊လိဂ္ဖလား၄ႀကိမ္၊အက္ဖ္ေအဖလား၁ႀကိမ္ဆြတ္ခူးႏိုင္ခဲ့သူျဖစ္ၿပီးမန္စီးတီးပရိသတ္မ်ားရဲ႕မတ္တပ္ရပ္လက္ခုပ္တီးဂုဏ္ျပဳျခင္းခံခဲ့ရပါတယ္။
ပြဲအၿပီးတြင္ဂြါဒီယိုလာအပါအဝင္မန္စီးတီးစတားမ်ားဟာဇင္ခ်န္ကိုထံသြားေရာက္ႏႈတ္ဆက္ခဲ့ၾကပါတယ္။
မန္စီးတီးစတားကိုင္လီေဝါလ္ကားဟာယူကရိန္းစတားရဲ႕နား႐ြက္ကိုဆြဲခဲ့သလိုလက္ေမာင္းကိုလည္း႐ိုက္ခဲ့တာေတြ႕ရပါတယ္။အိုင္ေကးဂန္ဒိုဂန္မွာလည္းဇင္ခ်န္ကိုရဲ႕မ်က္ႏွာကို႐ိုက္ခဲ့တာေတြ႕ရပါတယ္။
ဇင္ခ်န္ကိုဟာသူ႔ကိုၾကည့္ၿပီးရယ္ေနတဲ့မရာ့ဇ္၊႐ူဘင္ဒိုင္ယက္ဇ္၊ကန္စီလိုတို႔ႏွင့္စကားေျပာခဲ့တာေတြ႕ရပါတယ္။ဇင္ခ်န္ကိုဟာသူ႔အက်ႌကိုေဝါလ္ကားအားလက္ေဆာင္ေပးခဲ့ၿပီးဖက္ၿပီးေနာက္ဥမင္လႈိဏ္ေခါင္းသို႔ဆင္းသြားခဲ့ပါတယ္။
ေဘာလုံးပရိသတ္မ်ားကမန္စီးတီးစတားမ်ားဟာဇင္ခ်န္ကိုအားညီငယ္တစ္ဦးကဲ့သို႔အႏိုင္က်င့္ခဲ့တယ္လို႔စြပ္စြဲခဲ့ၾကပါတယ္။
ဒါေပမဲ့ဇင္ခ်န္ကိုကေတာ့ “ကြၽန္ေတာ္တို႔လိုခ်င္တဲ့ရလဒ္မရခဲ့ေပမဲ့ျပန္လည္႐ုန္းထလာမွာပါ။သူငယ္ခ်င္းေဟာင္းဆိုတာမရွိပါဘူး။အမွတ္ရစရာအမ်ားႀကီးရွိေနတဲ့သူငယ္ခ်င္းဆိုတာပဲရွိပါတယ္။ေတြရဆုံရေတာ့အၿမဲေပ်ာ္ရပါတယ္။အရင္အိမ္ဆိုတာမရွိပါဘူး။အရမ္းေပ်ာ္ရတဲ့ေနရာပဲရွိပါတယ္။အခုျပန္လာခြင့္ရလို႔ဝမ္းသာတယ္။ေႏြးေထြးစြာႀကိဳဆိုလို႔အီတီဟတ္ကိုေက်းဇူးတင္တယ္။အမ္းမရိတ္မွာမၾကာခင္ျပန္ေတြ႕ၾကမယ္။မင္းေပ်ာ္လာဖို႔ေမွ်ာ္လင့္တယ္”လို႔ေျပာၾကားသြားပါတယ္။