မန်စီးတီးစတားရူဘင်ဒိုင်ယက်စ်နှင့် တွဲနေတဲ့ ချစ်သူသစ်မှာ ဆက်စီကာဘာရက်အကမယ်တစ်ဦးဖြစ်နေ

မန်စီးတီးစတားရူဘင်ဒိုင်ယက်စ်တွဲနေတဲ့ အမည်မသိအမျိုးသမီးကဘယ်သူလဲဆိုတာသိခွင့်ရရှိလာပြီဖြစ်ပါတယ်။ယင်းအမျိုးသမီးကဆက်စီကာဘာရက်အကမယ်တစ်ဦးဖြစ်တဲ့ဂီနီဗရာဖက်စ်တာဖြစ်ပါတယ်။

ရူဘင်ဒိုင်ယက်စ်ဟာချစ်သူပေါ့ပ်စတားနှင့်လမ်းခွဲလိုက်ပြီးတဲ့နောက် အမည်မသိအမျိုးသမီးတစ်ဦးနှင့်အတူ အပန်းဖြေခရီးထွက်နေခဲ့ပါတယ်။

အသက်၂၅နှစ်ရှိဒိုင်ယက်စ်ဟာပေါ့ပ်အဆိုတော်ဧပြီအိုင်ဗီနှင့်သုံးနှစ်ကြာလက်တွဲပြီးတဲ့နောက်လမ်းခွဲခဲ့တာ၁၂လတောင်မရှိသေးပါဘူး။

ဒါပေမဲ့ပေါ်တူဂီလက်ရွေးစင်ကစားသမားဟာဖော်မန်တီရာမှာအမျိုးသမီးတစ်ဦးနှင့်အတူအားလပ်ရက်အပန်းဖြေနေခဲ့တာတွေ့ရပါတယ်။

ယခုအခါမှာတော့ယင်းအမျိုးသမီးကဘယ်သူဆိုတာဖော်ထုတ်နိုင်ပြီဖြစ်ပါတယ်။ယင်းအမျိုးသမီးကကိုယ့်ကိုယ်ကိုအိုင်ဘီဇာအကမယ်လို့ဆိုထားပါတယ်။

ဂီနီဗရာဟာကမ္ဘာ့အတော်ဆုံးကာဘာရက်တာအကမယ်တွေကျင်လည်ရာဒူဘိုင်းမှာလည်းအလုပ်လုပ်ခဲ့ဖူးပါတယ်။

ယခုအခါမှာတော့ကာဘာရက်တာအကဖြင့်ဖျော်ဖြေတဲ့စားသောက်ဆိုင်တွေမိုင်ကိုနို့စ်၊လော့စ်ဗီးဂက်စ်၊လန်ဒန်တို့မှာလည်းရှိနေပြီဖြစ်တာကြောင့် ဗီနီဗရာအနေဖြင့်ဒိုင်ယက်စ်ရဲ့ချီရှိုင်းယားနေအိမ်အနီးမှာလည်းအလုပ်လုပ်နိုင်တော့မှာဖြစ်ပါတယ်။

ဒိုင်ယက်စ်ဟာအင်စတာဂရမ်မှာဖော်လိုဝါ၁.၄သန်းရှိပေမဲ့လည်းသူမကတော့ဖော်လိုဝါငါးထောင်ကျော်မျှသာရှိပါတယ်။ဒါပေမဲ့သူမဟာဒိုင်ယက်စ်နှင့်ချစ်ကြိုက်လာမှုနှင့်အတူဖော်လိုဝါတက်လာဖို့လည်းရှိနေပါတယ်။

ZawGyi








