မန်စီးတီးတိုက်စစ်မှူးအဂူရို ကွာရန်တင်း ဝင်နေရ

ဆာဂျီယိုအဂူရိုဟာမနေ့ညတုန်းကဘာမင်ဂမ်ကို၃-၀ဂိုးဖြင့်အနိုင်ရရှိခဲ့တဲ့ပွဲမှာပွဲထွက်ကစားလာမယ်လို့ယူဆခဲ့ရပေ မယ့်ပါဝင်မကစားခဲ့ပါဘူး။

မန်စီးတီးသမိုင်းတွင်ဂိုးအများဆုံးသွင်းယူသူအဖြစ်ရပ်တည်ထားတဲ့အဂူရိုဟာဘာမင်ဂမ်နှင့်ပွဲတွင်ယခုရာသီစတုတ္ထ မြောက်ပွဲအဖြစ်ပွဲထွက်ကစားလာမယ်လို့ယူဆခြင်းခံခဲ့ရပေမယ့်ဘာမင်ဂမ်နှင့်ပွဲလူစာရင်းမှာတောင်မပါဝင်ခဲ့ပါဘူး။

ပွဲအပြီးမှာမန်စီးတီးနည်းပြဂွါဒီယိုလာကအဂူရိုမှာကိုဗစ်ကူးစက်ခံထားရတဲ့သူတစ်ဦးနဲ့ထိတွေ့မှုကြောင့်ကွာရန်တင်းဝင်နေရ၍မပါဝင်လာခြင်းဖြစ်ကြောင်းပြောကြားသွားပါတယ်။

အသက်၃၂နှစ်ရှိအာဂျင်တီးနားတိုက်စစ်မှူးဟာဗုဒ္ဓဟူးနေ့မှာကစားမယ့်ဘရိုက်တန်နှင့်ပွဲအပြင်လာမယ့်တနင်္ဂနွေနေ့မှာမန်စီးတီးနှင့်ကစားမယ့်ပွဲကိုလည်းလွဲချော်ဖို့ရှိနေပါတယ်။

အဂူရိုအနေဖြင့်လာမယ့်ကိုဗစ်စစ်ဆေးမှုနှစ်ကြိမ်တွင်နက်ဂတစ်ထွက်ပါကခရစ္စတယ်ပဲလေ့စ်နှင့်ပွဲစဉ်မှာပါဝင်နိုင်လာပါမယ်။

မန်စီးတီးအတွက်သတင်းကောင်းမှာဂါဘရီရယ်ဂျီးဆပ်စ်နှင့်ဝေါလ်ကားတို့မှာကိုဗစ်ကူးစက်ခံရပြီးနောက်အသင်းအ တွက်ပြန်လည်ကစားလာနိုင်မှုဖြစ်ပါတယ်။၎င်းတို့ဟာခရစ္စမတ်ကာလတုန်းကိုဗစ်ကူးစက်ခံထားရကြောင်းတွေ့ရှိပြီးနောက်ကွာရန်တင်းဝင်လာခဲ့ရပါတယ်။

ZawGyi

မန္စီးတီးတိုက္စစ္မႉးအဂူ႐ို ကြာရန္တင္း ဝင္ေနရ

ဆာဂ်ီယိုအဂူ႐ိုဟာမေန႔ညတုန္းကဘာမင္ဂမ္ကို၃-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့တဲ့ပြဲမွာပြဲထြက္ကစားလာမယ္လို႔ယူဆခဲ့ရေပ မယ့္ပါဝင္မကစားခဲ့ပါဘူး။

မန္စီးတီးသမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္ရပ္တည္ထားတဲ့အဂူ႐ိုဟာဘာမင္ဂမ္ႏွင့္ပြဲတြင္ယခုရာသီစတုတၳ ေျမာက္ပြဲအျဖစ္ပြဲထြက္ကစားလာမယ္လို႔ယူဆျခင္းခံခဲ့ရေပမယ့္ဘာမင္ဂမ္ႏွင့္ပြဲလူစာရင္းမွာေတာင္မပါဝင္ခဲ့ပါဘူး။

ပြဲအၿပီးမွာမန္စီးတီးနည္းျပဂြါဒီယိုလာကအဂူ႐ိုမွာကိုဗစ္ကူးစက္ခံထားရတဲ့သူတစ္ဦးနဲ႔ထိေတြ႕မႈေၾကာင့္ကြာရန္တင္းဝင္ေနရ၍မပါဝင္လာျခင္းျဖစ္ေၾကာင္းေျပာၾကားသြားပါတယ္။

အသက္၃၂ႏွစ္ရွိအာဂ်င္တီးနားတိုက္စစ္မႉးဟာဗုဒၶဟူးေန႔မွာကစားမယ့္ဘ႐ိုက္တန္ႏွင့္ပြဲအျပင္လာမယ့္တနဂၤေႏြေန႔မွာမန္စီးတီးႏွင့္ကစားမယ့္ပြဲကိုလည္းလြဲေခ်ာ္ဖို႔ရွိေနပါတယ္။

အဂူ႐ိုအေနျဖင့္လာမယ့္ကိုဗစ္စစ္ေဆးမႈႏွစ္ႀကိမ္တြင္နက္ဂတစ္ထြက္ပါကခရစၥတယ္ပဲေလ့စ္ႏွင့္ပြဲစဥ္မွာပါဝင္ႏိုင္လာပါမယ္။

မန္စီးတီးအတြက္သတင္းေကာင္းမွာဂါဘရီရယ္ဂ်ီးဆပ္စ္ႏွင့္ေဝါလ္ကားတို႔မွာကိုဗစ္ကူးစက္ခံရၿပီးေနာက္အသင္းအ တြက္ျပန္လည္ကစားလာႏိုင္မႈျဖစ္ပါတယ္။၎တို႔ဟာခရစၥမတ္ကာလတုန္းကိုဗစ္ကူးစက္ခံထားရေၾကာင္းေတြ႕ရွိၿပီးေနာက္ကြာရန္တင္းဝင္လာခဲ့ရပါတယ္။