မန်စီးတီးတွင် ကိုဗစ်ကူးစက်ခံရသူ ၈ ဦးအထိ ရှိလာ၍ ချဲလ်ဆီးပွဲကို ရွှေ့ဆိုင်းရနိုင်

မန်စီးတီးအသင်းတွင်ကိုဗစ်ကူးစက်ခံရသူပမာဏ၈ဦးအထိမြင့်တက်လာမှုနဲ့အတူယနေ့ညတွင်ချဲလ်ဆီးအား စတမ်းဖို့ဒ်ဘရစ်ချ်သို့သွားရောက်ရင်ဆိုင်ကစားရမယ့်ပွဲစဉ်ကိုရွှေ့ဆိုင်းရဖွယ်ရှိနေကြောင်းသိရပါတယ်။

မနေ့ညတုန်းကဖူလ်ဟမ်ရဲ့ဘန်လေပွဲစဉ်မှာရွှေ့ဆိုင်းခဲ့ရပြီးလည်းဖြစ်ပါတယ်။ဒါပေမယ့်မန်စီးတီးကတော့ယနေ့ည တွင်ကစားရမယ့်ချဲလ်ဆီးနှင့်ပွဲစဉ်ကိုအစီအစဉ်အတိုင်းဆက်ကစားဖြစ်လိမ့်မယ်လို့ယုံကြည်နေပါတယ်။

မန်စီးတီးနည်းပြဂွါဒီယိုလာနှင့်အသင်းသားတို့ဟာမနေ့တုန်းကကိုဗစ်စစ်ဆေးမှုပြုလုပ်ခဲ့ပြီးယနေ့မှာအဖြေသိရပါမယ်။ပရီးမီးယားလိဂ်တာဝန်ရှိသူများဟာယင်းအဖြေရလဒ်အပေါ်မူတည်ပြီးချဲလ်ဆီး-မန်စီးတီးပွဲကစား/မကစားကို ဆုံးဖြတ်ချက်ချသွားပါမယ်။

မန်စီးတီးအသင်းဟာသောကြာနေ့ကိုဗစ်စစ်ဆေးမှုပြုလုပ်ခဲ့ရာမှာကူးစက်သစ်မြင့်မားလာခဲ့တာဖြစ်ပြီးကူးစက်သူ အသစ်တွင်ကစားသမားတစ်ဦးပါဝင်ပါတယ်။ကူးစက်ခံရတဲ့အဆိုပါကစားသမားမှာပြီးခဲ့တဲ့ဆယ်ရက်အတွင်းတွင် ပထမအသင်းကစားသမားများနှင့်တစ်စုံတစ်ရာထိတွေ့မှုမရှိသူဖြစ်ကြောင်းလည်းသိရပါတယ်။

မန်စီးတီးဟာယခုအပတ်အစောပိုင်းတုန်းကအဲဗာတန်နှင့်ပွဲစဉ်ကိုလည်းရွှေ့ဆိုင်းခဲ့ရပြီးဖြစ်ပါတယ်။အကယ်၍ယနေ့ညတွင်ကစားမယ့်ချဲလ်ဆီးနှင့်ပွဲစဉ်ကိုပါထပ်မံ ရွှေ့ဆိုင်းရပါကမန်စီးတီးဟာချန်ပီယံလိဂ်ပြိုင်ပွဲကာလအတွင်း တွင်ပွဲကျန်များကိုပါကစားရမှာဖြစ်ပြီးပွဲပန်းမှုဒဏ်ကိုပိုမိုခံလာရဖို့ရှိနေပါတယ်။

မန်စီးတီးဟာလာမယ့်ဗုဒ္ဓဟူးနေ့မှာအိုးထရက်ဖို့ဒ်သို့သွားရောက်ကာမန်ယူနှင့်ကာရာဘောင်းဖလားဆီမီးဖိုင်နယ်ပွဲစဉ်ကစားရဦးမှာဖြစ်ပါတယ်။

ZawGyi

မန္စီးတီးတြင္ ကိုဗစ္ကူးစက္ခံရသူ ၈ ဦးအထိ ရွိလာ၍ ခ်ဲလ္ဆီးပြဲကို ေ႐ႊ႕ဆိုင္းရႏိုင္

မန္စီးတီးအသင္းတြင္ကိုဗစ္ကူးစက္ခံရသူပမာဏ၈ဦးအထိျမင့္တက္လာမႈနဲ႔အတူယေန႔ညတြင္ခ်ဲလ္ဆီးအား စတမ္းဖို႔ဒ္ဘရစ္ခ်္သို႔သြားေရာက္ရင္ဆိုင္ကစားရမယ့္ပြဲစဥ္ကိုေ႐ႊ႕ဆိုင္းရဖြယ္ရွိေနေၾကာင္းသိရပါတယ္။

မေန႔ညတုန္းကဖူလ္ဟမ္ရဲ႕ဘန္ေလပြဲစဥ္မွာေ႐ႊ႕ဆိုင္းခဲ့ရၿပီးလည္းျဖစ္ပါတယ္။ဒါေပမယ့္မန္စီးတီးကေတာ့ယေန႔ည တြင္ကစားရမယ့္ခ်ဲလ္ဆီးႏွင့္ပြဲစဥ္ကိုအစီအစဥ္အတိုင္းဆက္ကစားျဖစ္လိမ့္မယ္လို႔ယုံၾကည္ေနပါတယ္။

မန္စီးတီးနည္းျပဂြါဒီယိုလာႏွင့္အသင္းသားတို႔ဟာမေန႔တုန္းကကိုဗစ္စစ္ေဆးမႈျပဳလုပ္ခဲ့ၿပီးယေန႔မွာအေျဖသိရပါမယ္။ပရီးမီးယားလိဂ္တာဝန္ရွိသူမ်ားဟာယင္းအေျဖရလဒ္အေပၚမူတည္ၿပီးခ်ဲလ္ဆီး-မန္စီးတီးပြဲကစား/မကစားကို ဆုံးျဖတ္ခ်က္ခ်သြားပါမယ္။

မန္စီးတီးအသင္းဟာေသာၾကာေန႔ကိုဗစ္စစ္ေဆးမႈျပဳလုပ္ခဲ့ရာမွာကူးစက္သစ္ျမင့္မားလာခဲ့တာျဖစ္ၿပီးကူးစက္သူ အသစ္တြင္ကစားသမားတစ္ဦးပါဝင္ပါတယ္။ကူးစက္ခံရတဲ့အဆိုပါကစားသမားမွာၿပီးခဲ့တဲ့ဆယ္ရက္အတြင္းတြင္ ပထမအသင္းကစားသမားမ်ားႏွင့္တစ္စုံတစ္ရာထိေတြ႕မႈမရွိသူျဖစ္ေၾကာင္းလည္းသိရပါတယ္။

မန္စီးတီးဟာယခုအပတ္အေစာပိုင္းတုန္းကအဲဗာတန္ႏွင့္ပြဲစဥ္ကိုလည္းေ႐ႊ႕ဆိုင္းခဲ့ရၿပီးျဖစ္ပါတယ္။အကယ္၍ယေန႔ညတြင္ကစားမယ့္ခ်ဲလ္ဆီးႏွင့္ပြဲစဥ္ကိုပါထပ္မံ ေ႐ႊ႕ဆိုင္းရပါကမန္စီးတီးဟာခ်န္ပီယံလိဂ္ၿပိဳင္ပြဲကာလအတြင္း တြင္ပြဲက်န္မ်ားကိုပါကစားရမွာျဖစ္ၿပီးပြဲပန္းမႈဒဏ္ကိုပိုမိုခံလာရဖို႔ရွိေနပါတယ္။

မန္စီးတီးဟာလာမယ့္ဗုဒၶဟူးေန႔မွာအိုးထရက္ဖို႔ဒ္သို႔သြားေရာက္ကာမန္ယူႏွင့္ကာရာေဘာင္းဖလားဆီမီးဖိုင္နယ္ပြဲစဥ္ကစားရဦးမွာျဖစ္ပါတယ္။