မန်စီးတီးတွင် ခရစ္စတီယာနိုရော်နယ်ဒို ဝတ်ဆင်မယ့် ကျောနံပါတ် ပေါက်ကြားလာ

မန်စီးတီးဟာဘယ်သူမှထင်မှတ်မထားတဲ့အပြောင်းအရွှေ့တစ်ခုကိုအပြီးသတ်လုနီးပါးအနေအထားသို့ရောက်အောင်လုပ်ဆောင်ထားနိုင်ပြီဖြစ်ပါတယ်။ဂွါဒီယိုလာဦးဆောင်တဲ့ မန်စီးတီးဟာအပြောင်းအရွှေ့ဈေးကွက်မပိတ်မီမန်ယူစတားဟောင်းခရစ္စတီယာနိုရော်နယ်ဒိုကိုဂျူဗင်တပ်မှခေါ်ယူဖို့လုပ်ဆောင်နေပါတယ်။

မန်စီးတီးရဲ့ခရစ္စတီယာနိုရော်နယ်ဒိုကိုခေါ်ယူရေးလှုပ်ရှားမှုကယခုရက်ပိုင်းအတွင်းမှာအလှုပ်ခတ်ဆုံးသတင်းဖြစ်နေပါတယ်။ဘာစီလိုနာမှမက်ဆီထွက်ခွာပြီးရက်သတ္တပတ်အနည်းငယ်အကြာမှာခရစ္စတီယာနိုရော်နယ်ဒိုရဲ့မန်စီးတီးအပြောင်းအရွှေ့သတင်းက ဘောလုံးကမ္ဘာကိုလှုပ်ခတ်နေပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုရဲ့အေးဂျင့်ဟာမန်စီးတီးသို့ပြောင်းရွှေ့ရေးအတွက်မန်စီးတီးနှင့်တိုက်ရိုက်ဆွေးနွေးမှုပြုလုပ်နေပါတယ်။မန်စီးတီးဟာရော်နယ်ဒိုကိုတစ်နှစ်လုပ်ခပေါင်၁၂.၅သန်းတန်၂နှစ်စာချုပ်ကမ်းလှမ်းထားကြောင်းသိရပါတယ်။

ဒါပေမယ့်မန်စီးတီးကခရစ္စတီယာနိုရော်နယ်ဒိုကိုအလွတ်ပြောင်းရွှေ့ကြေးနှင့်သာခေါ်ယူလိုနေပြီးဂျူဗင်တပ်ကလည်းယူရိုသန်း၃၀ရရှိလိုနေပါတယ်။

လတ်တလော၎င်းတို့အကြားဆွေးနွေးနေမှုအခြေအနေတွေအရခရစ္စတီယာနိုရော်နယ်ဒိုဟာအီတီဟတ်သို့ရောက်ဖို့ရာခိုင်နှုန်းတော်တော်များနေပါတယ်။

ယင်းသို့မန်စီးတီးသို့ရောက်လာနိုင်တဲ့အခြေအနေနှင့်အတူမန်စီးတီးအသင်းမှာခရစ္စတီယာနိုရော်နယ်ဒိုဝတ်ဆင်မယ့်အင်္ကျီကျောနံပါတ်လည်းပေါက်ကြားလာပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာမန်ယူ၊ရီးရဲလ်မက်ဒရစ်၊ဂျူဗင်တပ်၊ပေါ်တူဂီအသင်းတို့မှာကျောနံပါတ်၇ကိုဘဲဝတ်ဆင်လာသူဖြစ်ပါတယ်။

ဒါပေမယ့်လက်ရှိအချိန်မှာမန်စီးတီးမှာကျောနံပါတ်၇ကိုစတာလင်းကဝတ်ဆင်နေပါတယ်။ဒါ့အပြင်ကျောနံပါတ်၉ကိုလည်းဂါဘရီရယ်ဂျီးဆပ်စ်ကဝတ်ဆင်နေပါတယ်။ ယင်းကစားသမားနှစ်ဦးလုံးတို့ဟာယခုနွေမှာမန်စီးတီးမှထွက်ခွာမယ့်အခြေအနေမှာမရှိပါဘူး။

ယနေ့ပေါက်ကြားလာတဲ့သတင်းအရခရစ္စတီယာနိုရော်နယ်ဒိုဟာလီယွန်နယ်မက်ဆီကဲ့သို့ကစားသမားဘဝအစတုန်းကဝတ်ဆင်ခဲ့တဲ့ကျောနံပါတ်ကိုမန်စီးတီးမှာဝတ်ဆင်လာမှာဖြစ်ကြောင်းသိရပါတယ်။

မက်ဆီဟာဘာစီလိုနာကစားသမားဘဝအစတုန်းကကျောနံပါတ်၃၀ကိုဝတ်ဆင်ခဲ့တာဖြစ်ပြီးပီအက်စ်ဂျီသို့ပြောင်းချိန်မှာကျောနံပါတ်၃၀ကိုရယူထားပါတယ်။

ယခုခရစ္စတီယာနိုရော်နယ်ဒိုဟာလည်းစပို့တင်းလစ္စဘွန်းမှာစတင်ဝတ်ဆင်ခဲ့တဲ့ကျောနံပါတ်၂၈ကိုမန်စီးတီးမှာဝတ်ဆင်မယ်လို့သိရပါတယ်။မန်စီးတီးအသင်းမှာကျောနံပါတ်၂၈ကလည်းလစ်လပ်ကျောနံပါတ်ဖြစ်ပါတယ်။

zawgyi

မန္စီးတီးတြင္ ခရစၥတီယာႏိုေရာ္နယ္ဒို ဝတ္ဆင္မယ့္ ေက်ာနံပါတ္ ေပါက္ၾကားလာ

မန္စီးတီးဟာဘယ္သူမွထင္မွတ္မထားတဲ့အေျပာင္းအေ႐ႊ႕တစ္ခုကိုအၿပီးသတ္လုနီးပါးအေနအထားသို႔ေရာက္ေအာင္လုပ္ေဆာင္ထားႏိုင္ၿပီျဖစ္ပါတယ္။ဂြါဒီယိုလာဦးေဆာင္တဲ့ မန္စီးတီးဟာအေျပာင္းအေ႐ႊ႕ေဈးကြက္မပိတ္မီမန္ယူစတားေဟာင္းခရစၥတီယာႏိုေရာ္နယ္ဒိုကိုဂ်ဴဗင္တပ္မွေခၚယူဖို႔လုပ္ေဆာင္ေနပါတယ္။

မန္စီးတီးရဲ႕ခရစၥတီယာႏိုေရာ္နယ္ဒိုကိုေခၚယူေရးလႈပ္ရွားမႈကယခုရက္ပိုင္းအတြင္းမွာအလႈပ္ခတ္ဆုံးသတင္းျဖစ္ေနပါတယ္။ဘာစီလိုနာမွမက္ဆီထြက္ခြာၿပီးရက္သတၱပတ္အနည္းငယ္အၾကာမွာခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕မန္စီးတီးအေျပာင္းအေ႐ႊ႕သတင္းက ေဘာလုံးကမာၻကိုလႈပ္ခတ္ေနပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုရဲ႕ေအးဂ်င့္ဟာမန္စီးတီးသို႔ေျပာင္းေ႐ႊ႕ေရးအတြက္မန္စီးတီးႏွင့္တိုက္႐ိုက္ေဆြးေႏြးမႈျပဳလုပ္ေနပါတယ္။မန္စီးတီးဟာေရာ္နယ္ဒိုကိုတစ္ႏွစ္လုပ္ခေပါင္၁၂.၅သန္းတန္၂ႏွစ္စာခ်ဳပ္ကမ္းလွမ္းထားေၾကာင္းသိရပါတယ္။

ဒါေပမယ့္မန္စီးတီးကခရစၥတီယာႏိုေရာ္နယ္ဒိုကိုအလြတ္ေျပာင္းေ႐ႊ႕ေၾကးႏွင့္သာေခၚယူလိုေနၿပီးဂ်ဴဗင္တပ္ကလည္းယူ႐ိုသန္း၃၀ရရွိလိုေနပါတယ္။

လတ္တေလာ၎တို႔အၾကားေဆြးေႏြးေနမႈအေျခအေနေတြအရခရစၥတီယာႏိုေရာ္နယ္ဒိုဟာအီတီဟတ္သို႔ေရာက္ဖို႔ရာခိုင္ႏႈန္းေတာ္ေတာ္မ်ားေနပါတယ္။

ယင္းသို႔မန္စီးတီးသို႔ေရာက္လာႏိုင္တဲ့အေျခအေနႏွင့္အတူမန္စီးတီးအသင္းမွာခရစၥတီယာႏိုေရာ္နယ္ဒိုဝတ္ဆင္မယ့္အက်ႌေက်ာနံပါတ္လည္းေပါက္ၾကားလာပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမန္ယူ၊ရီးရဲလ္မက္ဒရစ္၊ဂ်ဴဗင္တပ္၊ေပၚတူဂီအသင္းတို႔မွာေက်ာနံပါတ္၇ကိုဘဲဝတ္ဆင္လာသူျဖစ္ပါတယ္။

ဒါေပမယ့္လက္ရွိအခ်ိန္မွာမန္စီးတီးမွာေက်ာနံပါတ္၇ကိုစတာလင္းကဝတ္ဆင္ေနပါတယ္။ဒါ့အျပင္ေက်ာနံပါတ္၉ကိုလည္းဂါဘရီရယ္ဂ်ီးဆပ္စ္ကဝတ္ဆင္ေနပါတယ္။ ယင္းကစားသမားႏွစ္ဦးလုံးတို႔ဟာယခုေႏြမွာမန္စီးတီးမွထြက္ခြာမယ့္အေျခအေနမွာမရွိပါဘူး။

ယေန႔ေပါက္ၾကားလာတဲ့သတင္းအရခရစၥတီယာႏိုေရာ္နယ္ဒိုဟာလီယြန္နယ္မက္ဆီကဲ့သို႔ကစားသမားဘဝအစတုန္းကဝတ္ဆင္ခဲ့တဲ့ေက်ာနံပါတ္ကိုမန္စီးတီးမွာဝတ္ဆင္လာမွာျဖစ္ေၾကာင္းသိရပါတယ္။

မက္ဆီဟာဘာစီလိုနာကစားသမားဘဝအစတုန္းကေက်ာနံပါတ္၃၀ကိုဝတ္ဆင္ခဲ့တာျဖစ္ၿပီးပီအက္စ္ဂ်ီသို႔ေျပာင္းခ်ိန္မွာေက်ာနံပါတ္၃၀ကိုရယူထားပါတယ္။

ယခုခရစၥတီယာႏိုေရာ္နယ္ဒိုဟာလည္းစပို႔တင္းလစၥဘြန္းမွာစတင္ဝတ္ဆင္ခဲ့တဲ့ေက်ာနံပါတ္၂၈ကိုမန္စီးတီးမွာဝတ္ဆင္မယ္လို႔သိရပါတယ္။မန္စီးတီးအသင္းမွာေက်ာနံပါတ္၂၈ကလည္းလစ္လပ္ေက်ာနံပါတ္ျဖစ္ပါတယ္။