
မန်စီးတီးတိုက်စစ်မှူးအာလင်းဟာလန်းဟာအီတီဟတ်တွင်တစ်ပတ်လုပ်ခပေါင်၉၀၀၀၀၀နီးပါးရရှိနေကြောင်းသိရပါတယ်။
အသက်၂၂နှစ်ရှိအာလင်းဟာလန်းဟာမန်စီးတီးအတွက်ပထမဆုံးကစားတဲ့၁၁ပွဲမှာ၁၉ဂိုးအထိသွင်းယူထားနိုင်သူလည်းဖြစ်ပါတယ်။
နော်ဝေတိုက်စစ်မှူးဟာနွေရာသီတွင်ဒေါ့မွန်မှပြောင်းရွှေ့ကြေးပေါင်၅၁သန်းဖြင့်ပြောင်းရွှေ့လာပြီးနောက်ပရီးမီးယားလိဂ်တွင်မုန်တိုင်းတိုက်နေခဲ့တာလည်းဖြစ်ပါတယ်။
သူဟာအကောင်းဆုံးခြေစွမ်းဖြင့်ကစားနိုင်မှုနဲ့အတူ မန်စီးတီးထံမှလုပ်ခနှင့်ဆုကြေးတနင့်တပိုးရရှိနေပြီးပရီးမီးယားလိဂ်ရဲ့လုပ်ခအများဆုံးရကစားသမားဖြစ်လာကြောင်း အသစ်ထွက်ပေါ်လာတဲ့သတင်းအရသိရပါတယ်။
Daily Mail သတင်းစာက အာလင်းဟာလန်းကို မန်စီးတီးတွင်တစ်ပတ်လုပ်ခပေါင်၉၀၀၀၀၀နီးပါးအထိရရှိနေကြောင်းဖော်ပြလာပါတယ်။
သူဟာအခြေခံလုပ်ခအပြင်များပြားလာတဲ့အပိုဆုကြေးငွေများကြောင့်မန်စီးတီးတွင်တစ်ပတ်လုပ်ခပေါင်၈၅၀၀၀ရရှိနေတာဖြစ်ပါတယ်။
အာလင်းဟာလန်းဟာမန်စီးတီးမှာတစ်နှစ်လျှင်အနည်းဆုံးပေါင်၄၅သန်းအထိရရှိလာမှာဖြစ်ပါတယ်။ဒါကြောင့်သူ့ရဲ့တစ်ပတ်ပျမ်းမျှလုပ်ခကလည်းပေါင်၈၆၅၀၀၀ရရှိလာပါမယ်။
အာလင်းဟာလန်းဟာသူ့ရဲ့နည်းပါးလှတဲ့ပြောင်းရွှေ့ကြောင့်ယခုကဲ့သို့ လုပ်ခနှင့်အပိုဆုကြေးများစွာရရှိနေတာလည်းဖြစ်ပါတယ်။
အာလင်းဟာလန်းဟာမန်စီးတီးနှင့်၂၀၂၇ခုနှစ်အထိစာချုပ်ချုပ်ဆိုထားတယ်ဆိုပေမဲ့မန်စီးတီးအနေဖြင့်သူ့ကိုကာလရှည်ထိန်းထားရေးခက်ခဲလာဖို့ရှိပါတယ်။ဟာလန်းရဲ့မန်စီးတီးနှင့်ချုပ်ဆိုထားတဲ့စာချုပ်အတွင်းတွင်သူ့ကို၂၀၂၄ခုနှစ်နွေရာသီတွင် စာချုပ်ဖျက်သိမ်းကြေးပေါင်သန်း၁၀၀ပေးပြီး ခေါ်ယူနိုင်မယ့်အချက်ပါဝင်နေပါတယ်။
ZawGyi
မန္စီးတီးတြင္ တစ္ပတ္လုပ္ခေပါင္ ၉၀၀၀၀၀ နီးပါး ရရွိေနတဲ့ အာလင္းဟာလန္း
မန္စီးတီးတိုက္စစ္မႉးအာလင္းဟာလန္းဟာအီတီဟတ္တြင္တစ္ပတ္လုပ္ခေပါင္၉၀၀၀၀၀နီးပါးရရွိေနေၾကာင္းသိရပါတယ္။
အသက္၂၂ႏွစ္ရွိအာလင္းဟာလန္းဟာမန္စီးတီးအတြက္ပထမဆုံးကစားတဲ့၁၁ပြဲမွာ၁၉ဂိုးအထိသြင္းယူထားႏိုင္သူလည္းျဖစ္ပါတယ္။
ေနာ္ေဝတိုက္စစ္မႉးဟာေႏြရာသီတြင္ေဒါ့မြန္မွေျပာင္းေ႐ႊ႕ေၾကးေပါင္၅၁သန္းျဖင့္ေျပာင္းေ႐ႊ႕လာၿပီးေနာက္ပရီးမီးယားလိဂ္တြင္မုန္တိုင္းတိုက္ေနခဲ့တာလည္းျဖစ္ပါတယ္။
သူဟာအေကာင္းဆုံးေျခစြမ္းျဖင့္ကစားႏိုင္မႈနဲ႔အတူ မန္စီးတီးထံမွလုပ္ခႏွင့္ဆုေၾကးတနင့္တပိုးရရွိေနၿပီးပရီးမီးယားလိဂ္ရဲ႕လုပ္ခအမ်ားဆုံးရကစားသမားျဖစ္လာေၾကာင္း အသစ္ထြက္ေပၚလာတဲ့သတင္းအရသိရပါတယ္။
Daily Mail သတင္းစာက အာလင္းဟာလန္းကို မန္စီးတီးတြင္တစ္ပတ္လုပ္ခေပါင္၉၀၀၀၀၀နီးပါးအထိရရွိေနေၾကာင္းေဖာ္ျပလာပါတယ္။
သူဟာအေျခခံလုပ္ခအျပင္မ်ားျပားလာတဲ့အပိုဆုေၾကးေငြမ်ားေၾကာင့္မန္စီးတီးတြင္တစ္ပတ္လုပ္ခေပါင္၈၅၀၀၀ရရွိေနတာျဖစ္ပါတယ္။
အာလင္းဟာလန္းဟာမန္စီးတီးမွာတစ္ႏွစ္လွ်င္အနည္းဆုံးေပါင္၄၅သန္းအထိရရွိလာမွာျဖစ္ပါတယ္။ဒါေၾကာင့္သူ႔ရဲ႕တစ္ပတ္ပ်မ္းမွ်လုပ္ခကလည္းေပါင္၈၆၅၀၀၀ရရွိလာပါမယ္။
အာလင္းဟာလန္းဟာသူ႔ရဲ႕နည္းပါးလွတဲ့ေျပာင္းေ႐ႊ႕ေၾကာင့္ယခုကဲ့သို႔ လုပ္ခႏွင့္အပိုဆုေၾကးမ်ားစြာရရွိေနတာလည္းျဖစ္ပါတယ္။
အာလင္းဟာလန္းဟာမန္စီးတီးႏွင့္၂၀၂၇ခုႏွစ္အထိစာခ်ဳပ္ခ်ဳပ္ဆိုထားတယ္ဆိုေပမဲ့မန္စီးတီးအေနျဖင့္သူ႔ကိုကာလရွည္ထိန္းထားေရးခက္ခဲလာဖို႔ရွိပါတယ္။ဟာလန္းရဲ႕မန္စီးတီးႏွင့္ခ်ဳပ္ဆိုထားတဲ့စာခ်ဳပ္အတြင္းတြင္သူ႔ကို၂၀၂၄ခုႏွစ္ေႏြရာသီတြင္ စာခ်ဳပ္ဖ်က္သိမ္းေၾကးေပါင္သန္း၁၀၀ေပးၿပီး ေခၚယူႏိုင္မယ့္အခ်က္ပါဝင္ေနပါတယ္။