မန်စီးတီးတွင် ဝတ်ဆင်မယ့်ကျောနံပါတ်ကို အာလင်းဟာလန်းအတည်ပြုလာ

အာလင်းဟာလန်းဟာလာမယ့်ဘောလုံးရာသီတွင်မန်စီးတီးမှာဝတ်ဆင်လာမယ့်ကျောနံပါတ်ကိုအတည်ပြုလာပြီဖြစ်ပါတယ်။

အာလင်းဟာလန်းဟာမန်စီးတီးတွင်ကျောနံပါတ်၉ကိုဝတ်ဆင်ကစားသွားပါမယ်။အာလင်းဟာလန်းဟာပရီးမီးယားလိဂ်ထိပ်တန်းဂိုးသွင်းဘုရင်များဖြစ်ကြတဲ့ဟယ်ရီကိန်း၊ဝိန်းရွန်းနီတို့ကကျောနံပါတ်၁၀ကိုဝတ်ဆင်ခဲ့ကြပေမဲ့သူကတော့အစဉ်အလာအတိုင်းကျောနံပါတ်၉ကိုသာဝတ်ဆင်သွားပါမယ်။

အာလင်းဟာလန်းဟာပြီးခဲ့တဲ့လတုန်းကဒေါ့မွန်မှမန်စီးတီးသို့ပေါင်၅၁သန်းဖြင့်ရောက်လာခဲ့သူဖြစ်ပါတယ်။

မန်စီးတီးဟာယခုနွေရာသီတွင်အာလင်းဟာလန်းအပြင်ကယ်ဗင်ဖီးလစ်၊ဂျူလီယန်အယ်လ်ဗာရက်ဇ်၊စတီဖန်မိုရီနိုတို့ကိုလည်းဝယ်ယူထားပါတယ်။

ပရီးမီးယားလိဂ်ပထမဆယ်စုနှစ်တစ်ခုတုန်းကတိုက်စစ်မှူးများဖြစ်ကြတဲ့အလန်ရှီးယား၊အင်ဒီကိုးလ်တို့ကကျောနံပါတ်၉ကိုဝတ်ဆင်ခဲ့ကြပါတယ်။ဒါပေမဲ့နောက်ပိုင်းမှာတိုက်စစ်မှူးများဟာကျောနံပါတ်၉ဝတ်ဆင်တဲ့အလေ့အထနည်းပါးလာခဲ့ပါတယ်။

ဒါပေမဲ့အာလင်းဟာလန်းကတော့ကျောနံပါတ်၉ကိုဝတ်ဆင်ပြီးအစဉ်အလာကောင်းကိုဆက်ထိန်းသွားပါမယ်။

အာလင်းဟာလန်းဟာပရီးမီးယားလိဂ်ခေတ်တွင်မန်စီးတီးရဲ့ကျောနံပါတ်၉ကိုဝတ်ဆင်တဲ့၁၁ဦးမြောက်ကစားသမားဖြစ်လာပါမယ်။မန်စီးတီးရဲ့ကျောနံပါတ်၉သမိုင်းတွင်ပရီးမီးယားလိဂ်ဂိုးအများဆုံးသွင်းယူသူအဖြစ် အာဆင်နယ်သို့ပြောင်းသွားတဲ့ဂါဘရီရယ်ဂျေဆူးက၉၅ဂိုးဖြင့်ရပ်တည်နေပါတယ်။

ZawGyi

မန္စီးတီးတြင္ ဝတ္ဆင္မယ့္ေက်ာနံပါတ္ကို အာလင္းဟာလန္းအတည္ျပဳလာ

အာလင္းဟာလန္းဟာလာမယ့္ေဘာလုံးရာသီတြင္မန္စီးတီးမွာဝတ္ဆင္လာမယ့္ေက်ာနံပါတ္ကိုအတည္ျပဳလာၿပီျဖစ္ပါတယ္။

အာလင္းဟာလန္းဟာမန္စီးတီးတြင္ေက်ာနံပါတ္၉ကိုဝတ္ဆင္ကစားသြားပါမယ္။အာလင္းဟာလန္းဟာပရီးမီးယားလိဂ္ထိပ္တန္းဂိုးသြင္းဘုရင္မ်ားျဖစ္ၾကတဲ့ဟယ္ရီကိန္း၊ဝိန္း႐ြန္းနီတို႔ကေက်ာနံပါတ္၁၀ကိုဝတ္ဆင္ခဲ့ၾကေပမဲ့သူကေတာ့အစဥ္အလာအတိုင္းေက်ာနံပါတ္၉ကိုသာဝတ္ဆင္သြားပါမယ္။

အာလင္းဟာလန္းဟာၿပီးခဲ့တဲ့လတုန္းကေဒါ့မြန္မွမန္စီးတီးသို႔ေပါင္၅၁သန္းျဖင့္ေရာက္လာခဲ့သူျဖစ္ပါတယ္။

မန္စီးတီးဟာယခုေႏြရာသီတြင္အာလင္းဟာလန္းအျပင္ကယ္ဗင္ဖီးလစ္၊ဂ်ဴလီယန္အယ္လ္ဗာရက္ဇ္၊စတီဖန္မိုရီႏိုတို႔ကိုလည္းဝယ္ယူထားပါတယ္။

ပရီးမီးယားလိဂ္ပထမဆယ္စုႏွစ္တစ္ခုတုန္းကတိုက္စစ္မႉးမ်ားျဖစ္ၾကတဲ့အလန္ရွီးယား၊အင္ဒီကိုးလ္တို႔ကေက်ာနံပါတ္၉ကိုဝတ္ဆင္ခဲ့ၾကပါတယ္။ဒါေပမဲ့ေနာက္ပိုင္းမွာတိုက္စစ္မႉးမ်ားဟာေက်ာနံပါတ္၉ဝတ္ဆင္တဲ့အေလ့အထနည္းပါးလာခဲ့ပါတယ္။

ဒါေပမဲ့အာလင္းဟာလန္းကေတာ့ေက်ာနံပါတ္၉ကိုဝတ္ဆင္ၿပီးအစဥ္အလာေကာင္းကိုဆက္ထိန္းသြားပါမယ္။

အာလင္းဟာလန္းဟာပရီးမီးယားလိဂ္ေခတ္တြင္မန္စီးတီးရဲ႕ေက်ာနံပါတ္၉ကိုဝတ္ဆင္တဲ့၁၁ဦးေျမာက္ကစားသမားျဖစ္လာပါမယ္။မန္စီးတီးရဲ႕ေက်ာနံပါတ္၉သမိုင္းတြင္ပရီးမီးယားလိဂ္ဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္ အာဆင္နယ္သို႔ေျပာင္းသြားတဲ့ဂါဘရီရယ္ေဂ်ဆူးက၉၅ဂိုးျဖင့္ရပ္တည္ေနပါတယ္။