မန်စီးတီးတွင် ၂၀၂၅ ခုနှစ်အထိ ရှိနေမယ့် ၂ နှစ်စာချုပ်သက်တမ်းတိုးချုပ်ဆိုလိုက်တဲ့ ရီယက်မရာ့ဇ်

မန်စီးတီးဟာရာဟမ်းစတာလင်းကိုချဲလ်ဆီးသို့ရောင်းချလိုက်ပြီးတဲ့နောက်ရီယက်မရာ့ဇ်ကိုအသင်းတွင်၂၀၂၅ခုနှစ်အထိထိန်းထားနိုင်မယ့်၂နှစ်စာချုပ်သစ်ချုပ်ဆိုလိုက်ပါတယ်။

အသက်၃၁နှစ်ရှိအယ်ဂျီးရီးယားစတားဟာမန်စီးတီးနှင့်၂နှစ်စာချုပ်သက်တမ်းတိုးချုပ်ဆိုခဲ့တာဖြစ်ပြီးစာချုပ်သစ်ကြောင့်၂၀၂၅ခုနှစ်အထိအီတီဟတ်တွင်ဆက်ရှိနေတော့မှာဖြစ်ပါတယ်။

မရာ့ဇ်ရဲ့ယခင်စာချုပ်ကလာမယ့်ဘောလုံးရာသီအကုန်တွင်ကုန်ဆုံးမှာဖြစ်ပါတယ်။ဒါကြောင့်လည်းမန်စီးတီးဟာလာမယ့်နွေရာသီတွင်အလွတ်ပြောင်းရွှေ့ကြေးဖြင့်လက်လွှတ်မခံဘဲစာချုပ်သက်တမ်းတိုးချုပ်ဆိုလိုက်တာဖြစ်ပါတယ်။

မရာ့ဇ်ဟာလည်း ရာဟမ်းစတာလင်းနှင့်ဂျေဆူးတို့ချဲလ်ဆီးနှင့်အာဆင်နယ်သို့အသီးသီးပြောင်းရွှေ့သွားမှုနဲ့အတူမန်စီးတီးတွင်ပိုမိုအရေးပါလာပါမယ်။

သူဟာမန်စီးတီးကိုပရီးမီးယားလိဂ်ဖလား၃ကြိမ်ရရှိအောင်၁၈၉ပွဲကစားကာ၆၃ဂိုးသွင်းယူပြီး၄၆ကြိမ်ဖန်တီးကူညီထားပါတယ်။

ZawGyi

မန္စီးတီးတြင္ ၂၀၂၅ ခုႏွစ္အထိ ရွိေနမယ့္ ၂ ႏွစ္စာခ်ဳပ္သက္တမ္းတိုးခ်ဳပ္ဆိုလိုက္တဲ့ ရီယက္မရာ့ဇ္

မန္စီးတီးဟာရာဟမ္းစတာလင္းကိုခ်ဲလ္ဆီးသို႔ေရာင္းခ်လိုက္ၿပီးတဲ့ေနာက္ရီယက္မရာ့ဇ္ကိုအသင္းတြင္၂၀၂၅ခုႏွစ္အထိထိန္းထားႏိုင္မယ့္၂ႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုလိုက္ပါတယ္။

အသက္၃၁ႏွစ္ရွိအယ္ဂ်ီးရီးယားစတားဟာမန္စီးတီးႏွင့္၂ႏွစ္စာခ်ဳပ္သက္တမ္းတိုးခ်ဳပ္ဆိုခဲ့တာျဖစ္ၿပီးစာခ်ဳပ္သစ္ေၾကာင့္၂၀၂၅ခုႏွစ္အထိအီတီဟတ္တြင္ဆက္ရွိေနေတာ့မွာျဖစ္ပါတယ္။

မရာ့ဇ္ရဲ႕ယခင္စာခ်ဳပ္ကလာမယ့္ေဘာလုံးရာသီအကုန္တြင္ကုန္ဆုံးမွာျဖစ္ပါတယ္။ဒါေၾကာင့္လည္းမန္စီးတီးဟာလာမယ့္ေႏြရာသီတြင္အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္လက္လႊတ္မခံဘဲစာခ်ဳပ္သက္တမ္းတိုးခ်ဳပ္ဆိုလိုက္တာျဖစ္ပါတယ္။

မရာ့ဇ္ဟာလည္း ရာဟမ္းစတာလင္းႏွင့္ေဂ်ဆူးတို႔ခ်ဲလ္ဆီးႏွင့္အာဆင္နယ္သို႔အသီးသီးေျပာင္းေ႐ႊ႕သြားမႈနဲ႔အတူမန္စီးတီးတြင္ပိုမိုအေရးပါလာပါမယ္။

သူဟာမန္စီးတီးကိုပရီးမီးယားလိဂ္ဖလား၃ႀကိမ္ရရွိေအာင္၁၈၉ပြဲကစားကာ၆၃ဂိုးသြင္းယူၿပီး၄၆ႀကိမ္ဖန္တီးကူညီထားပါတယ္။