
ပရီးမီးယားလိဂ်ဟာလာမယ့်ဘောလုံးရာသီတွင်စတင်အသုံးပြုလာမယ့်အင်္ကျီမှအမည်၊ကျောနံပါတ်နှင့်လက်မောင်းလိုဂိုတို့နှင့်ပတ်သက်ပြီးအပြောင်းအလဲလုပ်လာမှုများကိုကြေညာလာပါတယ်။
ပရီးမီးယားလိဂ်ကလပ်များရဲ့အင်္ကျီလက်မောင်းမှပရီးမီးယားလိဂ်လိုဂိုကိုဒီဇိုင်းအပြောင်းအလဲပြုလုပ်လာပြီးခြင်္သေ့သာပါဝင်လာပါတော့မယ်။
လက်ရှိပရီးမီးယားလိဂ်အသင်းများရဲ့အင်္ကျီမှလက်မောင်းမှပရီးမီးယားလိဂ်လိုဂိုတွင် ခြင်္သေ့မှာအဖြူရောင်လိုဂိုအလယ်တွင်ရှိနေပါတယ်။
ဒါပေမဲ့ပရီးမီးယားလိဂ်ဟာလာမယ့်ရာသီတွင်ခြင်္သေ့သာပါဝင်တဲ့လိုဂိုကိုသုံးလာပါမယ်။ပရီးမီးယားလိဂ်ချန်ပီယံသစ်မှာလည်းရွှေရောင်ခြင်္သေ့လိုဂိုကိုအသုံးပြုလာနိုင်ပါမယ်။
ဒါကြောင့်လည်းလက်ရှိအချိန်တွင်လက်ရှိချန်ပီယံမန်စီးတီးကို၅မှတ်ဖြတ်ထားတဲ့အာဆင်နယ်ဟာချန်ပီယံဖြစ်လာပါကရွှေရောင်ခြင်္သေ့လိုဂိုကိုလက်မောင်းတွင်ထည့်သွင်းဝတ်ဆင်လာနိုင်ပါမယ်။
ဒါ့အပြင်ပရီးမီးယားလိဂ်ဟာပရီးမီးယားလိဂ်စတားများရဲ့အမည်နှင့်ကျောနံပါတ်မှာကွင်းတွင်း/ကွင်းပြင်ပိုမိုအရေးပါလာမှုနှင့်အတူ ကျောနံပါတ်နှင့်အမည်ကိုပိုမိုမြင်သာလာအောင် ဖောင့်ဒီဇိုင်းအပြောင်းအလဲပြုလုပ်အသုံးပြုလာပါမယ်။နံပါတ်မှာအရွယ်အစားအနည်းငယ်ပိုကြီးလာပါမယ်။
ZawGyi
မန်စီးတီးထံမှ ပရီးမီးယားလိဂ်ချန်ပီယံဘွဲ့ကို လွဲပြောင်းရယူနိုင်လျှင် လာမယ့်ရာသီတွင် ရွှေရောင်ချန်ပီယံလိုဂိုပါ အင်္ကျီဝတ်ဆင်လာနိုင်မဲ့ အာဆင်နယ်