မန်စီးတီးဒုတိယအသင်းခေါင်းဆောင်ရာထူးမှ ကီဗင်ဒီဘရိုင်းဖယ်ရှားခြင်းခံရ

ကီဗင်ဒီဘရိုင်းဟာ၂၀၂၁-၂၂ဘောလုံးရာသီအတွက်မန်စီးတီးဒုတိယအသင်းခေါင်းဆောင်ရာထူးမှဖယ်ရှားခြင်းခံခဲ့ရကြောင်းသိရပါတယ်။

ဖာနန်ဒင်ဟိုကပရီးမီးယားလိဂ်ချန်ပီယံရဲ့အသင်းခေါင်းဆောင်အဖြစ်၂၀၂၁-၂၂ရာသီကိုဆက်လက်ဦးဆောင်သွားမှာဖြစ်ပါတယ်။ဘရာဇီးကွင်းလယ်ကစားသမားဟာဒေးဗစ်ဆေးလ်ဗားထွက်ခွာသွားပြီးနောက်လွန်ခဲ့တဲ့၁၂လကတည်းကမန်စီးတီးအသင်းခေါင်းဆောင်အဖြစ်တာဝန်ထမ်းဆောင်လာခဲ့တာပါ။

ဒါပေမယ့်၂၀၂၀-၂၁ဘောလုံးရာသီတုန်းကမန်စီးတီးဒုတိယအသင်းခေါင်းဆောင်အဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ကီဗင်ဒီဘရိုင်းဟာ၂၀၂၁-၂၂ဘောလုံးရာသီမှာတော့စတုတ္ထအသင်းခေါင်းဆောင်အဖြစ်သာတာဝန်ယူရတော့မှာဖြစ်ကြောင်း The Telegraph ကဖော်ပြလာပါတယ်။

အိုင်ကေးဂန်ဒိုဂန်ကကီဗင်ဒီဘရိုင်းရဲ့ဒုတိယအသင်းခေါင်းဆောင်နေရာကိုတိုးမြှင့်ခံခဲ့ရပြီးတတိယအသင်းခေါင်းဆောင်အဖြစ်ရူဘင်ဒိုင်ယက်စ်ကတာဝန်ယူရပါမယ်။

ပြီးခဲ့တဲ့ရာသီတုန်းကတတိယအသင်းခေါင်းဆောင်အဖြစ်တာဝန်ယူခဲ့တဲ့ရာဟမ်းစတာလင်းဟာယခုရာသီမှာအသင်းခေါင်းဆောင်လေးဦးထဲမှာမပါဝင်ပါဘူး။

မန်စီးတီးနည်းပြပက်ဂွါဒီယိုလာဟာလွန်ခဲ့တဲ့နှစ်နှစ်တုန်းကဗင်းဆင့်ကွန်ပနီထွက်ခွာသွားပြီးနောက်အသင်းခေါင်းဆောင်နေရာများနှင့်ပတ်သက်ပြီးကစားသမားများအားလွတ်လပ်စွာမဲပေးရွေးချယ်ခွင့်ပေးလာခဲ့ပါတယ်။

ဖာနန်ဒင်ဟိုဟာဇွန်လတုန်းကမန်စီးတီးနှင့်တစ်နှစ်စာချုပ်သစ်ချုပ်ဆိုခဲ့မှုနဲ့အတူမန်စီးတီးအသင်းခေါင်းဆောင်အဖြစ်ရာသီအကုန်အထိတာဝန်ယူသွားပါမယ်။

ZawGyi

မန္စီးတီးဒုတိယအသင္းေခါင္းေဆာင္ရာထူးမွ ကီဗင္ဒီဘ႐ိုင္းဖယ္ရွားျခင္းခံရ

ကီဗင္ဒီဘ႐ိုင္းဟာ၂၀၂၁-၂၂ေဘာလုံးရာသီအတြက္မန္စီးတီးဒုတိယအသင္းေခါင္းေဆာင္ရာထူးမွဖယ္ရွားျခင္းခံခဲ့ရေၾကာင္းသိရပါတယ္။

ဖာနန္ဒင္ဟိုကပရီးမီးယားလိဂ္ခ်န္ပီယံရဲ႕အသင္းေခါင္းေဆာင္အျဖစ္၂၀၂၁-၂၂ရာသီကိုဆက္လက္ဦးေဆာင္သြားမွာျဖစ္ပါတယ္။ဘရာဇီးကြင္းလယ္ကစားသမားဟာေဒးဗစ္ေဆးလ္ဗားထြက္ခြာသြားၿပီးေနာက္လြန္ခဲ့တဲ့၁၂လကတည္းကမန္စီးတီးအသင္းေခါင္းေဆာင္အျဖစ္တာဝန္ထမ္းေဆာင္လာခဲ့တာပါ။

ဒါေပမယ့္၂၀၂၀-၂၁ေဘာလုံးရာသီတုန္းကမန္စီးတီးဒုတိယအသင္းေခါင္းေဆာင္အျဖစ္တာဝန္ထမ္းေဆာင္ခဲ့တဲ့ကီဗင္ဒီဘ႐ိုင္းဟာ၂၀၂၁-၂၂ေဘာလုံးရာသီမွာေတာ့စတုတၳအသင္းေခါင္းေဆာင္အျဖစ္သာတာဝန္ယူရေတာ့မွာျဖစ္ေၾကာင္း The Telegraph ကေဖာ္ျပလာပါတယ္။

အိုင္ေကးဂန္ဒိုဂန္ကကီဗင္ဒီဘ႐ိုင္းရဲ႕ဒုတိယအသင္းေခါင္းေဆာင္ေနရာကိုတိုးျမႇင့္ခံခဲ့ရၿပီးတတိယအသင္းေခါင္းေဆာင္အျဖစ္႐ူဘင္ဒိုင္ယက္စ္ကတာဝန္ယူရပါမယ္။

ၿပီးခဲ့တဲ့ရာသီတုန္းကတတိယအသင္းေခါင္းေဆာင္အျဖစ္တာဝန္ယူခဲ့တဲ့ရာဟမ္းစတာလင္းဟာယခုရာသီမွာအသင္းေခါင္းေဆာင္ေလးဦးထဲမွာမပါဝင္ပါဘူး။

မန္စီးတီးနည္းျပပက္ဂြါဒီယိုလာဟာလြန္ခဲ့တဲ့ႏွစ္ႏွစ္တုန္းကဗင္းဆင့္ကြန္ပနီထြက္ခြာသြားၿပီးေနာက္အသင္းေခါင္းေဆာင္ေနရာမ်ားႏွင့္ပတ္သက္ၿပီးကစားသမားမ်ားအားလြတ္လပ္စြာမဲေပးေ႐ြးခ်ယ္ခြင့္ေပးလာခဲ့ပါတယ္။

ဖာနန္ဒင္ဟိုဟာဇြန္လတုန္းကမန္စီးတီးႏွင့္တစ္ႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ့မႈနဲ႔အတူမန္စီးတီးအသင္းေခါင္းေဆာင္အျဖစ္ရာသီအကုန္အထိတာဝန္ယူသြားပါမယ္။