မန်စီးတီးနိုင်ပွဲမှ အနီကတ်အတွက် အက်ဖ်အေရဲ့စွဲချက်တင်ခြင်းခံလာရတဲ့ ကလော့ပ်

လီဗာပူးနည်းပြဂျာဂင်ကလော့ပ်ဟာတနင်္ဂနွေနေ့တုန်းကမန်စီးတီးကို၁-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်တွင်အနီကတ်ပြထုတ်ပယ်ခြင်းခံရပြီးနောက် အက်ဖ်အေရဲ့စွဲချက်တင်ခြင်းခံလာရပါတယ်။

ကလော့ပ်ဟာပွဲပြီးခါနီးတွင်မိုဟာမက်ဆာလက်အားပြစ်ဒဏ်ဘောကျုးလွန်းမှုအတွက် ပြစ်ဒဏ်ဘောမပေးမှုအပေါ်ဒေါသထွက်ကာ စည်းကြပ်ဒိုင်အနားသို့ကပ်ပြီးစောဒကတက်ခဲ့ပြီးနောက် အနီကတ်ပြထုတ်ပယ်ခံခဲ့ရပါတယ်။

ကလော့ပ်ဟာပွဲအပြီးတွင်သူ့ရဲ့စည်းကြပ်ဒိုင်အပေါ်ပြုမှုခဲ့မှုနှင့်ပတ်သက်ပြီး လူသိရှင်ကြားတောင်းပန်မှုပြုလုပ်ခဲ့ပါတယ်။

ဒါပေမဲ့ယခုအခါမှာတော့အက်ဖ်အေဟာအထက်ပါအဖြစ်အပျက်ကိုစုံစမ်းစစ်ဆေးမှုပြုလုပ်ပြီးနောက် ကလော့ပ်မှာ အက်ဖ်အေရဲစည်းမျဉ်း E3 ကိုချိုးဖောက်နေကြောင်းတွေ့ရကာစွဲချက်တင်လာပြီဖြစ်ပါတယ်။

အသက်၅၅နှစ်ရှိဂျာမန်လူမျိုးနည်းပြအနေဖြင့်သောကြာနေ့နောက်ဆုံးထားကာအက်ဖ်အေရဲ့စွဲချက်ကိုပြန်လည်ချေပရမှာဖြစ်ပါတယ်။

ဒါကြောင့်လည်းကလော့ပ်အနေဖြင့်ယနေ့ညတွင်ဝက်စ်ဟမ်းနှင့်ရင်ဆိုင်ရမယ့် အန်ဖီးလ်ပွဲစဉ်ကိုကြီးကြပ်နိုင်ပါဦးမယ်။

ZawGyi

မန္စီးတီးႏိုင္ပြဲမွ အနီကတ္အတြက္ အက္ဖ္ေအရဲ႕စြဲခ်က္တင္ျခင္းခံလာရတဲ့ ကေလာ့ပ္

လီဗာပူးနည္းျပဂ်ာဂင္ကေလာ့ပ္ဟာတနဂၤေႏြေန႔တုန္းကမန္စီးတီးကို၁-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲစဥ္တြင္အနီကတ္ျပထုတ္ပယ္ျခင္းခံရၿပီးေနာက္ အက္ဖ္ေအရဲ႕စြဲခ်က္တင္ျခင္းခံလာရပါတယ္။

ကေလာ့ပ္ဟာပြဲၿပီးခါနီးတြင္မိုဟာမက္ဆာလက္အားျပစ္ဒဏ္ေဘာက်ဳးလြန္းမႈအတြက္ ျပစ္ဒဏ္ေဘာမေပးမႈအေပၚေဒါသထြက္ကာ စည္းၾကပ္ဒိုင္အနားသို႔ကပ္ၿပီးေစာဒကတက္ခဲ့ၿပီးေနာက္ အနီကတ္ျပထုတ္ပယ္ခံခဲ့ရပါတယ္။

ကေလာ့ပ္ဟာပြဲအၿပီးတြင္သူ႔ရဲ႕စည္းၾကပ္ဒိုင္အေပၚျပဳမႈခဲ့မႈႏွင့္ပတ္သက္ၿပီး လူသိရွင္ၾကားေတာင္းပန္မႈျပဳလုပ္ခဲ့ပါတယ္။

ဒါေပမဲ့ယခုအခါမွာေတာ့အက္ဖ္ေအဟာအထက္ပါအျဖစ္အပ်က္ကိုစုံစမ္းစစ္ေဆးမႈျပဳလုပ္ၿပီးေနာက္ ကေလာ့ပ္မွာ အက္ဖ္ေအရဲစည္းမ်ဥ္း E3 ကိုခ်ိဳးေဖာက္ေနေၾကာင္းေတြ႕ရကာစြဲခ်က္တင္လာၿပီျဖစ္ပါတယ္။

အသက္၅၅ႏွစ္ရွိဂ်ာမန္လူမ်ိဳးနည္းျပအေနျဖင့္ေသာၾကာေန႔ေနာက္ဆုံးထားကာအက္ဖ္ေအရဲ႕စြဲခ်က္ကိုျပန္လည္ေခ်ပရမွာျဖစ္ပါတယ္။

ဒါေၾကာင့္လည္းကေလာ့ပ္အေနျဖင့္ယေန႔ညတြင္ဝက္စ္ဟမ္းႏွင့္ရင္ဆိုင္ရမယ့္ အန္ဖီးလ္ပြဲစဥ္ကိုႀကီးၾကပ္ႏိုင္ပါဦးမယ္။