မန်စီးတီးနောက်ဆုတ်သွားပြီးနောက် ရော်နယ်ဒိုအား ခေါ်ယူရန် မန်ယူအနီးစပ်ဆုံးဖြစ်နေပြီ

ခရစ္စတီယာနိုရော်နယ်ဒိုဟာယခုနွေရာသီမှာမန်စီးတီးသို့ပြောင်းတော့မှာမဟုတ်ဘဲအသင်းဟောင်းမန်ချက်စတာယူနိုက်တက်ဆီသို့ဦးတည်လာနေပြီဖြစ်ပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံမန်စီးတီးဟာခရစ္စတီယာနိုရော်နယ်ဒိုအားခေါ်ယူရေးဆွေးနွေးမှု တိုးတက်မှုများရှိခဲ့ပေမယ့်လည်းယခုအခါမန်ယူကအိုးထရက်ဖို့ဒ်သို့ပြန်လည်ခေါ်ဆောင်ရေးဆွေးနွေးလာပြီဖြစ်ပါတယ်။

ဒါ့အပြင်မန်ယူနည်းပြအိုလီဂန်းနားဆိုးလ်ရှားကိုယ်တိုင်ကသောကြာနေ့သတင်းစာရှင်းလင်းပွဲတွင်ရော်နယ်ဒိုအတွက်အိုးထရက်ဖို့ဒ်တံခါးဖွင့်ပေးထားကြောင်းပြောကြားလာပါတယ်။

ဆိုးလ်ရှားက “ဂျူဗင်တပ်ကနေခရစ္စတီယာနို ထွက်ခွာမယ်လို့လုံးဝမထင်ထားခဲ့ပါဘူး။ဒါပေမယ့်တကယ်လို့သူသာဂျူဗင်တပ်ကနေထွက်ခွာမယ်ဆိုရင်တော့ကျွန်တော်တို့ရှိနေတာကိုသူသိပါတယ်။ကျွန်တော်တို့အကြားမှာကောင်းမွန်တဲ့ဆက်သွယ်မှုအမြဲရှိနေပါတယ်။ဘရူနို(ဖာနန်ဒက်စ်)လည်းသူနဲ့စကားပြောဖြစ်ပါတယ်။သူ့အပေါ်ကျွန်တော်တို့ဘယ်လိုခံစားချက်ရှိတာသူသိပါတယ်။သူကဒီကလပ်ရဲ့ဂန္ထဝင်တစ်ဦးပါ။သမိုင်းတစ်လျှောက်အကြီးကျယ်ဆုံးကစားသမားတွေထဲကတစ်ဦးပါ။သူနဲ့ပတ်သက်ပြီးဘာဖြစ်လာမလဲကြည့်ရပါမယ်”လို့ပြောကြားသွားပါတယ်။

The Athletic ရဲ့ဖော်ပြချက်အရမန်ယူဟာခရစ္စတီယာနိုရော်နယ်ဒိုအား၂နှစ်စာချုပ်ဖြင့်ခေါ်ယူရန်ဆွေးနွေးနေကြောင်းသိရပါတယ်။

မန်ယူရဲ့ခရစ္စတီယာနိုရော်နယ်ဒိုအားတစ်ကျော့ပြန်ခေါ်ယူရေးအတွက်ဂန္ထဝင်နည်းပြဆာအဲလက်စ်ဖာဂူဆန်ကိုယ်တိုင်အဆက်အသွယ်ပြုလုပ်ကာဆောင်ရွက်ပေးနေပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာယနေ့နံနက်ပိုင်းတုန်းကဂျူဗင်တပ်လေ့ကျင့်ရေးကွင်းသို့သွားရောက်ကာကစားဖော်များကိုနှုတ်ဆက်ခဲ့ပြီးအဝတ်အစားလဲခန်းရှိ Locker ထဲမှပစ္စည်းများကိုပြန်လည်သိမ်းဆည်းမှုပြုလုပ်ခဲ့ပါတယ်။ဂျူဗင်တပ်နည်းပြအယ်လီဂရီကိုယ်တိုင်ကလည်းရော်နယ်ဒို အသင်းပြောင်းခွင့်တောင်းဆိုထားကြောင်းအတည်ပြုထားပါတယ်။

ZawGyi

မန္စီးတီးေနာက္ဆုတ္သြားၿပီးေနာက္ ေရာ္နယ္ဒိုအား ေခၚယူရန္ မန္ယူအနီးစပ္ဆုံးျဖစ္ေနၿပီ

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာယခုေႏြရာသီမွာမန္စီးတီးသို႔ေျပာင္းေတာ့မွာမဟုတ္ဘဲအသင္းေဟာင္းမန္ခ်က္စတာယူႏိုက္တက္ဆီသို႔ဦးတည္လာေနၿပီျဖစ္ပါတယ္။

ပရီးမီးယားလိဂ္ခ်န္ပီယံမန္စီးတီးဟာခရစၥတီယာႏိုေရာ္နယ္ဒိုအားေခၚယူေရးေဆြးေႏြးမႈ တိုးတက္မႈမ်ားရွိခဲ့ေပမယ့္လည္းယခုအခါမန္ယူကအိုးထရက္ဖို႔ဒ္သို႔ျပန္လည္ေခၚေဆာင္ေရးေဆြးေႏြးလာၿပီျဖစ္ပါတယ္။

ဒါ့အျပင္မန္ယူနည္းျပအိုလီဂန္းနားဆိုးလ္ရွားကိုယ္တိုင္ကေသာၾကာေန႔သတင္းစာရွင္းလင္းပြဲတြင္ေရာ္နယ္ဒိုအတြက္အိုးထရက္ဖို႔ဒ္တံခါးဖြင့္ေပးထားေၾကာင္းေျပာၾကားလာပါတယ္။

ဆိုးလ္ရွားက “ဂ်ဴဗင္တပ္ကေနခရစၥတီယာႏို ထြက္ခြာမယ္လို႔လုံးဝမထင္ထားခဲ့ပါဘူး။ဒါေပမယ့္တကယ္လို႔သူသာဂ်ဴဗင္တပ္ကေနထြက္ခြာမယ္ဆိုရင္ေတာ့ကြၽန္ေတာ္တို႔ရွိေနတာကိုသူသိပါတယ္။ကြၽန္ေတာ္တို႔အၾကားမွာေကာင္းမြန္တဲ့ဆက္သြယ္မႈအၿမဲရွိေနပါတယ္။ဘ႐ူႏို(ဖာနန္ဒက္စ္)လည္းသူနဲ႔စကားေျပာျဖစ္ပါတယ္။သူ႔အေပၚကြၽန္ေတာ္တို႔ဘယ္လိုခံစားခ်က္ရွိတာသူသိပါတယ္။သူကဒီကလပ္ရဲ႕ဂႏၴဝင္တစ္ဦးပါ။သမိုင္းတစ္ေလွ်ာက္အႀကီးက်ယ္ဆုံးကစားသမားေတြထဲကတစ္ဦးပါ။သူနဲ႔ပတ္သက္ၿပီးဘာျဖစ္လာမလဲၾကည့္ရပါမယ္”လို႔ေျပာၾကားသြားပါတယ္။

The Athletic ရဲ႕ေဖာ္ျပခ်က္အရမန္ယူဟာခရစၥတီယာႏိုေရာ္နယ္ဒိုအား၂ႏွစ္စာခ်ဳပ္ျဖင့္ေခၚယူရန္ေဆြးေႏြးေနေၾကာင္းသိရပါတယ္။

မန္ယူရဲ႕ခရစၥတီယာႏိုေရာ္နယ္ဒိုအားတစ္ေက်ာ့ျပန္ေခၚယူေရးအတြက္ဂႏၴဝင္နည္းျပဆာအဲလက္စ္ဖာဂူဆန္ကိုယ္တိုင္အဆက္အသြယ္ျပဳလုပ္ကာေဆာင္႐ြက္ေပးေနပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာယေန႔နံနက္ပိုင္းတုန္းကဂ်ဴဗင္တပ္ေလ့က်င့္ေရးကြင္းသို႔သြားေရာက္ကာကစားေဖာ္မ်ားကိုႏႈတ္ဆက္ခဲ့ၿပီးအဝတ္အစားလဲခန္းရွိ Locker ထဲမွပစၥည္းမ်ားကိုျပန္လည္သိမ္းဆည္းမႈျပဳလုပ္ခဲ့ပါတယ္။ဂ်ဴဗင္တပ္နည္းျပအယ္လီဂရီကိုယ္တိုင္ကလည္းေရာ္နယ္ဒို အသင္းေျပာင္းခြင့္ေတာင္းဆိုထားေၾကာင္းအတည္ျပဳထားပါတယ္။