မန်စီးတီးနှင့်ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင် ကန်တီနှင့်မင်ဒီတို့ ပါဝင်လာမည်

အန်ဂိုလိုကန်တီနှင့်အက်ဒူယက်မင်ဒီတို့ဟာကြံ့ခိုင်မှုပြည့်ဝလာမှုကြောင့်ယနေ့ညတွင်မန်စီးတီးနှင့်ရင်ဆိုင်ကစားရမယ့်ချန်ပီယံလိဂ်ဗိုလ်လုပွဲတွင်ပါဝင်လာပါမယ်။

အသက်၃၀နှစ်ရှိပြင်သစ်နောက်ခံလူကန်တီဟာခြေကျင်းဝတ်ဒဏ်ရာပြဿနာနှင့်ရုန်းကန်လာခဲ့ရသူဖြစ်ပြီးပြီးခဲ့တဲ့အပတ်ကဗီလာအား၂-၁ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲစဉ်ကိုလွဲချော်ခဲ့ပါတယ်။

ကန်တီဟာယခုရာသီတွင်ချဲလ်ဆီးအတွက်ပြိုင်ပွဲအရပ်ရပ်တွင်၄၇ပွဲကစားထားကာအကောင်းဆုံးပုံစံရရှိနေသူလည်းဖြစ်ပါတယ်။

မင်ဒီမှာလည်းဗီလာအားရှုံးနိမ့်တဲ့ပွဲစဉ်တွင်ဘာထရန်းထရာအိုရီရဲ့ဂိုးကိုကာကွယ်ရန်ကြိုးပမ်းစဉ်နံရုံးဒဏ်ရာရရှိပြီးလူစားလဲခဲ့ရပါတယ်။

၎င်းတို့နှစ်ဦးဟာလွန်ခဲ့တဲ့ရက်အနည်းငယ်ခန့်ကတည်းကချဲလ်ဆီးနှင့်အတူလေ့ကျင့်ခန်းဆင်းနိုင်ခဲ့ကြကာမန်စီးတီးနှင့်ပွဲတွင်ပါဝင်ကစားရန်အသင့်ဖြစ်နေပြီဖြစ်ပါတယ်။

ZawGyi

မန္စီးတီးႏွင့္ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတြင္ ကန္တီႏွင့္မင္ဒီတို႔ ပါဝင္လာမည္

အန္ဂိုလိုကန္တီႏွင့္အက္ဒူယက္မင္ဒီတို႔ဟာႀကံ့ခိုင္မႈျပည့္ဝလာမႈေၾကာင့္ယေန႔ညတြင္မန္စီးတီးႏွင့္ရင္ဆိုင္ကစားရမယ့္ခ်န္ပီယံလိဂ္ဗိုလ္လုပြဲတြင္ပါဝင္လာပါမယ္။

အသက္၃၀ႏွစ္ရွိျပင္သစ္ေနာက္ခံလူကန္တီဟာေျခက်င္းဝတ္ဒဏ္ရာျပႆနာႏွင့္႐ုန္းကန္လာခဲ့ရသူျဖစ္ၿပီးၿပီးခဲ့တဲ့အပတ္ကဗီလာအား၂-၁ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲစဥ္ကိုလြဲေခ်ာ္ခဲ့ပါတယ္။

ကန္တီဟာယခုရာသီတြင္ခ်ဲလ္ဆီးအတြက္ၿပိဳင္ပြဲအရပ္ရပ္တြင္၄၇ပြဲကစားထားကာအေကာင္းဆုံးပုံစံရရွိေနသူလည္းျဖစ္ပါတယ္။

မင္ဒီမွာလည္းဗီလာအားရႈံးနိမ့္တဲ့ပြဲစဥ္တြင္ဘာထရန္းထရာအိုရီရဲ႕ဂိုးကိုကာကြယ္ရန္ႀကိဳးပမ္းစဥ္နံ႐ုံးဒဏ္ရာရရွိၿပီးလူစားလဲခဲ့ရပါတယ္။

၎တို႔ႏွစ္ဦးဟာလြန္ခဲ့တဲ့ရက္အနည္းငယ္ခန႔္ကတည္းကခ်ဲလ္ဆီးႏွင့္အတူေလ့က်င့္ခန္းဆင္းႏိုင္ခဲ့ၾကကာမန္စီးတီးႏွင့္ပြဲတြင္ပါဝင္ကစားရန္အသင့္ျဖစ္ေနၿပီျဖစ္ပါတယ္။