
ပက်ဂွါဒီယိုလာကမန်စီးတီးကိုစာချုပ်သက်တမ်းကုန်ဆုံးမယ့်လာမယ့်နွေရာသီနောက်ပိုင်းတွင်လည်းကိုင်တွယ်သွားမည်ဖြစ်ကြောင်းရှင်းရှင်းလင်းလင်းပြောကြားလာပါတယ်။
အစောပိုင်းတုန်းကဂွါဒီယိုလာကကမ္ဘာ့ဖလားကြောင့်ပရီးမီးယားလိဂ်ပြိုင်ပွဲနားထားစဉ်အတွင်းအနာဂတ်နှင့်ပတ်သက်ပြီးစဉ်းစားသွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။
ဒါ့အပြင်သူက သူ့ရဲ့စနစ်များအပေါ်တွင် မန်စီးတီးကစားသမားများကမည်သို့တုံ့ပြန်လာမည်ကိုလည်းကြည့်ကာအနာဂတ်ကိုဆုံးဖြတ်သွားမည်ဖြစ်ကြောင်းလည်းဆိုထားပါတယ်။
ဒါပေမဲ့ယခုအခါမှာတော့ဂွါဒီယိုလာကမန်စီးတီးနှင့်စာချုပ်သစ်ချုပ်ဆိုလာတော့မှာဖြစ်ကြောင်းအရိပ်အမြွက်ပြောကြားလာပါတယ်။ဂွါဒီယိုလာရဲ့လက်ရှိမန်စီးတီးနှင့်ချုပ်ဆိုထားတဲ့စာချုပ်ကရာသီအကုန်တွင်ကုန်ဆုံးပါမယ်။
ဂွါဒီယိုလာက “သူတို့ကိုကျွန်တော်ကအနိုင်ရလိုစိတ်ပေးတယ်။သူတို့ကလည်းကျွန်တော့်ကိုဒါပြန်ပေးတယ်။သူတို့ကစားပုံ။၆၅မိနစ်မှာကျွန်တော်မြင်လိုက်တဲ့အရာပေါ့။လူတွေရဲ့မျက်နှာမြင်ရတယ်။သူတို့ကျွန်တော့်ကိုအနာဂတ်အတွက်စွမ်းအင်ပေးတယ်။ချဲလ်ဆီးနဲ့ဘရန့်ဖို့ဒ်ပွဲတွေအတွက်ပါ။ခင်ဗျားတို့မမြင်နိုင်တဲ့အရာတွေရှိတယ်။အဝတ်အစားလဲခန်းမှာသူတို့ပျော်နေတာတွေ။လေ့ကျင့်ရေးကွင်းမှာလည်းအပြီးပြည့်စုံဆုံးလုပ်တာ။ဒါကြောင့်လည်းဒီနေရာကိုကျွန်တော်တို့ရောက်နေတာ။ဒါကြောင့်လည်းအရမ်းပျော်ရတယ်။ကျွန်တော်တို့အားလုံးလက်တွဲပြီးအားလုံးလုပ်နိုင်တယ်။ဒါတကယ်ကောင်းတယ်”လို့ပြောကြားသွားပါတယ်။
မန်စီးတီးဟာကမ္ဘာ့ဖလားပြိုင်ပွဲအတွင်းတွင်ဒူဘိုင်းသို့ သွားရောက်ကာပူနွေးရာသီလေ့ကျင့်ခန်းဆင်းမှုပြုလုပ်သွားမှာလည်းဖြစ်ပါတယ်။ဒူဘိုင်းတွင်မန်စီးတီးပိုင်ရှင်ရှိတ်မန်ဆာနှင့်ဥက္ကဌခါတွန်းအယ်မူဘာရက်တို့အခြေချနေထိုင်နေရာဂွါဒီယိုလာနှင့်စာချုပ်သစ်ချုပ်ဆိုရေးဆွေးနွေးဖို့ အကောင်းဆုံးအနေအထားဖြစ်နေပါတယ်။
ZawGyi
မန္စီးတီးႏွင့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုသြားေတာ့မည္ျဖစ္ေၾကာင္း ဂြါဒီယိုလာအရိပ္အႁမြက္ေျပာၾကားလာ
ပက္ဂြါဒီယိုလာကမန္စီးတီးကိုစာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္လာမယ့္ေႏြရာသီေနာက္ပိုင္းတြင္လည္းကိုင္တြယ္သြားမည္ျဖစ္ေၾကာင္းရွင္းရွင္းလင္းလင္းေျပာၾကားလာပါတယ္။
အေစာပိုင္းတုန္းကဂြါဒီယိုလာကကမာၻ႔ဖလားေၾကာင့္ပရီးမီးယားလိဂ္ၿပိဳင္ပြဲနားထားစဥ္အတြင္းအနာဂတ္ႏွင့္ပတ္သက္ၿပီးစဥ္းစားသြားမည္ျဖစ္ေၾကာင္းေျပာၾကားခဲ့ပါတယ္။
ဒါ့အျပင္သူက သူ႔ရဲ႕စနစ္မ်ားအေပၚတြင္ မန္စီးတီးကစားသမားမ်ားကမည္သို႔တုံ႔ျပန္လာမည္ကိုလည္းၾကည့္ကာအနာဂတ္ကိုဆုံးျဖတ္သြားမည္ျဖစ္ေၾကာင္းလည္းဆိုထားပါတယ္။
ဒါေပမဲ့ယခုအခါမွာေတာ့ဂြါဒီယိုလာကမန္စီးတီးႏွင့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုလာေတာ့မွာျဖစ္ေၾကာင္းအရိပ္အႁမြက္ေျပာၾကားလာပါတယ္။ဂြါဒီယိုလာရဲ႕လက္ရွိမန္စီးတီးႏွင့္ခ်ဳပ္ဆိုထားတဲ့စာခ်ဳပ္ကရာသီအကုန္တြင္ကုန္ဆုံးပါမယ္။
ဂြါဒီယိုလာက “သူတို႔ကိုကြၽန္ေတာ္ကအႏိုင္ရလိုစိတ္ေပးတယ္။သူတို႔ကလည္းကြၽန္ေတာ့္ကိုဒါျပန္ေပးတယ္။သူတို႔ကစားပုံ။၆၅မိနစ္မွာကြၽန္ေတာ္ျမင္လိုက္တဲ့အရာေပါ့။လူေတြရဲ႕မ်က္ႏွာျမင္ရတယ္။သူတို႔ကြၽန္ေတာ့္ကိုအနာဂတ္အတြက္စြမ္းအင္ေပးတယ္။ခ်ဲလ္ဆီးနဲ႔ဘရန႔္ဖို႔ဒ္ပြဲေတြအတြက္ပါ။ခင္ဗ်ားတို႔မျမင္ႏိုင္တဲ့အရာေတြရွိတယ္။အဝတ္အစားလဲခန္းမွာသူတို႔ေပ်ာ္ေနတာေတြ။ေလ့က်င့္ေရးကြင္းမွာလည္းအၿပီးျပည့္စုံဆုံးလုပ္တာ။ဒါေၾကာင့္လည္းဒီေနရာကိုကြၽန္ေတာ္တို႔ေရာက္ေနတာ။ဒါေၾကာင့္လည္းအရမ္းေပ်ာ္ရတယ္။ကြၽန္ေတာ္တို႔အားလုံးလက္တြဲၿပီးအားလုံးလုပ္ႏိုင္တယ္။ဒါတကယ္ေကာင္းတယ္”လို႔ေျပာၾကားသြားပါတယ္။
မန္စီးတီးဟာကမာၻ႔ဖလားၿပိဳင္ပြဲအတြင္းတြင္ဒူဘိုင္းသို႔ သြားေရာက္ကာပူေႏြးရာသီေလ့က်င့္ခန္းဆင္းမႈျပဳလုပ္သြားမွာလည္းျဖစ္ပါတယ္။ဒူဘိုင္းတြင္မန္စီးတီးပိုင္ရွင္ရွိတ္မန္ဆာႏွင့္ဥကၠဌခါတြန္းအယ္မူဘာရက္တို႔အေျခခ်ေနထိုင္ေနရာဂြါဒီယိုလာႏွင့္စာခ်ဳပ္သစ္ခ်ဳပ္ဆိုေရးေဆြးေႏြးဖို႔ အေကာင္းဆုံးအေနအထားျဖစ္ေနပါတယ္။