မန်စီးတီးနှင့်ပွဲတွင် ကစားခွင့်မရလျှင် အထုပ်ဆွဲ အသင်းပြောင်းရန် ဗန်ဒီဘိခ်တိုက်တွန်းခံရ

ဒွန်နီဗန်ဒီဘိခ်ဟာမနက်ဖြန်ကစားရမယ့်မန်စီးတီးနှင့်ကာရာဘောင်းဖလားဆီမီးဖိုင်နယ်ပွဲစဉ်တွင်မန်ယူအတွက် ကစားခွင့်မရရှိပါကအထုပ်ဆွဲ၍အိုးထရက်ဖို့ဒ်မှထွက်ခွာရန်အကြံပေးခြင်းခံထားရပါတယ်။

မန်ယူဟာပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ဈေးကွက်တုန်းကအသက်၂၃နှစ်ရှိဒတ်ချ်အလယ်တန်းကစားသမားကို အေဂျက်စ်မှပေါင်သန်း၄၀ဖြင့်ခေါ်ယူခဲ့တာဖြစ်ပါတယ်။

သို့ရာတွင် ဗန်ဒီဘိခ်ရဲ့အိုးထရက်ဖို့ဒ်ကစားသမားဘဝအစကခက်ခဲကြမ်းတမ်းလျက်ရှိပြီးပထမအသင်းမှာအကန့်အ သတ်ဖြင့်သာကစားခွင့်ရရှိနေပါတယ်။

အေဂျက်စ်ကစားသမားဟောင်းဟာမန်ယူအတွက်ပြိုင်ပွဲအရပ်ရပ်မှာ၁၉ပွဲတည်းသာကစားထားရပြီး၁ဂိုးသွင်းကာ၁ကြိမ်ဖန်တီးမှုပြုလုပ်ထားပါတယ်။

ဗန်ဒီဘိခ်ဟာမန်ယူရဲ့နောက်ဆုံးပရီးမီးယားလိဂ်ပွဲ၃ပွဲဆက်အရန်ခုံမှာထိုင်နေခဲ့ရပြီးအဲဗာတန်ကို၂-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ကာရာဘောင်းဖလားပွဲနောက်ပိုင်းတွင်ပွဲကစားခွင့်မရလာခဲ့ပါဘူး။

ယင်းကဲ့သို့မန်ယူတွင်အခက်အခဲများနှင့်ကြုံနေရတဲ့ဗန်ဒီဘိခ်အပေါ်တွင်နယ်သာလန်ကလူများကအားမလိုအားမရ ဖြစ်လျက်နေပါတယ်။

ဒတ်ချ်သတင်းစာ De Telegraaf က ဗန်ဒီဘိခ်အနေဖြင့်လာမယ့်မန်စီးတီးနှင့်ပွဲစဉ်မှာကစားခွင့်မရရှိပါကမန်ယူမှ ထွက်ခွာသင့်ကြောင်းရေးသားလာပါတယ်။

ဗန်ဒီဘိခ်အနေဖြင့်မန်ယူတွင်ပွဲကစားခွင့်အနည်းငယ်သာရရှိပါကလာမယ့်နွေရာသီတွင်ကျင်းပမယ့်ယူရို၂၀၂၀ပြိုင်ပွဲ တွင်နယ်သာလန်အသင်းတွင်ရွေးချယ်ခံရမယ့်အခွင့်အရေးအလွန်နည်းပါးလာပါမယ်။

မန်ယူနည်းပြဆိုးလ်ရှားကတော့ဗန်ဒီဘိခ်မှာပရီးမီးယားလိဂ်တွင်အထိုင်မကျသေးကြောင်း၊၎င်းကိုအချိန်ပေးရဦးမှာ ဖြစ်ကြောင်းနှင့်လာမယ့်ပွဲများတွင်အခွင့်အရေးရရှိလာမှာဖြစ်ကြောင်းဆိုထားပါတယ်။

ZawGyi

မန္စီးတီးႏွင့္ပြဲတြင္ ကစားခြင့္မရလွ်င္ အထုပ္ဆြဲ အသင္းေျပာင္းရန္ ဗန္ဒီဘိခ္တိုက္တြန္းခံရ

ဒြန္နီဗန္ဒီဘိခ္ဟာမနက္ျဖန္ကစားရမယ့္မန္စီးတီးႏွင့္ကာရာေဘာင္းဖလားဆီမီးဖိုင္နယ္ပြဲစဥ္တြင္မန္ယူအတြက္ ကစားခြင့္မရရွိပါကအထုပ္ဆြဲ၍အိုးထရက္ဖို႔ဒ္မွထြက္ခြာရန္အႀကံေပးျခင္းခံထားရပါတယ္။

မန္ယူဟာၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တုန္းကအသက္၂၃ႏွစ္ရွိဒတ္ခ်္အလယ္တန္းကစားသမားကို ေအဂ်က္စ္မွေပါင္သန္း၄၀ျဖင့္ေခၚယူခဲ့တာျဖစ္ပါတယ္။

သို႔ရာတြင္ ဗန္ဒီဘိခ္ရဲ႕အိုးထရက္ဖို႔ဒ္ကစားသမားဘဝအစကခက္ခဲၾကမ္းတမ္းလ်က္ရွိၿပီးပထမအသင္းမွာအကန႔္အ သတ္ျဖင့္သာကစားခြင့္ရရွိေနပါတယ္။

ေအဂ်က္စ္ကစားသမားေဟာင္းဟာမန္ယူအတြက္ၿပိဳင္ပြဲအရပ္ရပ္မွာ၁၉ပြဲတည္းသာကစားထားရၿပီး၁ဂိုးသြင္းကာ၁ႀကိမ္ဖန္တီးမႈျပဳလုပ္ထားပါတယ္။

ဗန္ဒီဘိခ္ဟာမန္ယူရဲ႕ေနာက္ဆုံးပရီးမီးယားလိဂ္ပြဲ၃ပြဲဆက္အရန္ခုံမွာထိုင္ေနခဲ့ရၿပီးအဲဗာတန္ကို၂-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ကာရာေဘာင္းဖလားပြဲေနာက္ပိုင္းတြင္ပြဲကစားခြင့္မရလာခဲ့ပါဘူး။

ယင္းကဲ့သို႔မန္ယူတြင္အခက္အခဲမ်ားႏွင့္ႀကဳံေနရတဲ့ဗန္ဒီဘိခ္အေပၚတြင္နယ္သာလန္ကလူမ်ားကအားမလိုအားမရ ျဖစ္လ်က္ေနပါတယ္။

ဒတ္ခ်္သတင္းစာ De Telegraaf က ဗန္ဒီဘိခ္အေနျဖင့္လာမယ့္မန္စီးတီးႏွင့္ပြဲစဥ္မွာကစားခြင့္မရရွိပါကမန္ယူမွ ထြက္ခြာသင့္ေၾကာင္းေရးသားလာပါတယ္။

ဗန္ဒီဘိခ္အေနျဖင့္မန္ယူတြင္ပြဲကစားခြင့္အနည္းငယ္သာရရွိပါကလာမယ့္ေႏြရာသီတြင္က်င္းပမယ့္ယူ႐ို၂၀၂၀ၿပိဳင္ပြဲ တြင္နယ္သာလန္အသင္းတြင္ေ႐ြးခ်ယ္ခံရမယ့္အခြင့္အေရးအလြန္နည္းပါးလာပါမယ္။

မန္ယူနည္းျပဆိုးလ္ရွားကေတာ့ဗန္ဒီဘိခ္မွာပရီးမီးယားလိဂ္တြင္အထိုင္မက်ေသးေၾကာင္း၊၎ကိုအခ်ိန္ေပးရဦးမွာ ျဖစ္ေၾကာင္းႏွင့္လာမယ့္ပြဲမ်ားတြင္အခြင့္အေရးရရွိလာမွာျဖစ္ေၾကာင္းဆိုထားပါတယ္။