မန်စီးတီးနှင့်ပွဲတွင် တစ်နှစ်တာအကောင်းဆုံးဂိုးဆုအတွက် ဆန်ကာတင်ဂိုးကို သွင်းယူလိုက်တဲ့ ဆာလက်

လီဗာပူးစတားမိုဟာမက်ဆာလက်ဟာမနေ့ညတုန်းကမန်စီးတီးနှင့်ပွဲစဉ်မှာတစ်နှစ်တာအကောင်းဆုံးဂိုးဆုအတွက်ဆန်ကာတင်စာရင်းမှာပါဝင်လာမယ့်လှပတဲ့ဂိုးတစ်ဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ်။

မိုဟာမက်ဆာလက်ဟာတစ်ကိုယ်တော်အစွမ်းဖြင့်မန်စီးတီးခံစစ်ကြောင်းကိုထိုးဖောက်သွင်းယူခဲ့တာဖြစ်ပြီးကျဉ်းမြောင်းတဲ့ထောင့်ကျဉ်းထံသို့သွင်းယူခဲ့တာဖြစ်ကာလီယွန်နယ်မက်ဆီသွင်းယူတဲ့ဂိုးနဲ့တူညီတယ်ဆိုပြီးချီးကျူးခြင်းခံနေရပါတယ်။

မိုဟာမက်ဆာလက်ဟာပွဲချိန်၇၆မိနစ်မှာမာနေးနှင့်ဖိုဒန်တို့ရဲ့ဂိုးကြောင့်တစ်ဂိုးစီသရေကျနေချိန်မှာလီဗာပူးအတွက်ဒုတိယဦးဆောင်ဂိုးကိုသွင်းယူခဲ့တာဖြစ်ပါတယ်။

မိုဟာမက်ဆာလက်ဟာလီဗာပူးတိုက်စစ်ညာခြမ်းမှာဘောလုံးရရှိပြီးနောက်မန်စီးတီးကစားသမားများပိတ်ဆို့နေတဲ့ကြားကနေဧရိယာအတွင်းသို့လိမ်ခေါက်တိုးဝင်ကာလှပတဲ့ဂိုးတစ်ဂိုးကိုသွင်းယူခဲ့တာလည်းဖြစ်ပါတယ်။

မိုဟာမက်ဆာလက်ရဲ့လှပတဲ့ဂိုးဟာလီဗာပူးအတွက်ရမှတ်သုံးမှတ်အပြည့်ရဖို့မလုံလောက်ခဲ့ပါဘူး။နောက်ငါးမိနစ်အကြာမှာဘဲကီဗင်ဒီဘရိုင်းကမန်စီးတီးအတွက်ချေပဂိုးသွင်းယူခဲ့လို့နှစ်ဂိုးစီသရေဖြင့်ကျေနပ်ခဲ့ရပါတယ်။

မိုဟာမက်ဆာလက်ဟာယခုပွဲမှာကိုယ်တိုင်လှပတဲ့ဂိုးတစ်ဂိုးကိုသွင်းယူနိုင်ခဲ့ရုံသာမက ကစားဖော်ဆာဒေယိုမာနေးဂိုးသွင်းနိုင်အောင်လည်းတစ်ကိုယ်တော်အစွမ်းဖြင့်ထိုးဖောက်ပြီးဖန်တီးမှုပြုလုပ်ပေးနိုင်ခဲ့ပါတယ်။

ZawGyi

မန္စီးတီးႏွင့္ပြဲတြင္ တစ္ႏွစ္တာအေကာင္းဆုံးဂိုးဆုအတြက္ ဆန္ကာတင္ဂိုးကို သြင္းယူလိုက္တဲ့ ဆာလက္

လီဗာပူးစတားမိုဟာမက္ဆာလက္ဟာမေန႔ညတုန္းကမန္စီးတီးႏွင့္ပြဲစဥ္မွာတစ္ႏွစ္တာအေကာင္းဆုံးဂိုးဆုအတြက္ဆန္ကာတင္စာရင္းမွာပါဝင္လာမယ့္လွပတဲ့ဂိုးတစ္ဂိုးကိုသြင္းယူႏိုင္ခဲ့ပါတယ္။

မိုဟာမက္ဆာလက္ဟာတစ္ကိုယ္ေတာ္အစြမ္းျဖင့္မန္စီးတီးခံစစ္ေၾကာင္းကိုထိုးေဖာက္သြင္းယူခဲ့တာျဖစ္ၿပီးက်ဥ္းေျမာင္းတဲ့ေထာင့္က်ဥ္းထံသို႔သြင္းယူခဲ့တာျဖစ္ကာလီယြန္နယ္မက္ဆီသြင္းယူတဲ့ဂိုးနဲ႔တူညီတယ္ဆိုၿပီးခ်ီးက်ဴးျခင္းခံေနရပါတယ္။

မိုဟာမက္ဆာလက္ဟာပြဲခ်ိန္၇၆မိနစ္မွာမာေနးႏွင့္ဖိုဒန္တို႔ရဲ႕ဂိုးေၾကာင့္တစ္ဂိုးစီသေရက်ေနခ်ိန္မွာလီဗာပူးအတြက္ဒုတိယဦးေဆာင္ဂိုးကိုသြင္းယူခဲ့တာျဖစ္ပါတယ္။

မိုဟာမက္ဆာလက္ဟာလီဗာပူးတိုက္စစ္ညာျခမ္းမွာေဘာလုံးရရွိၿပီးေနာက္မန္စီးတီးကစားသမားမ်ားပိတ္ဆို႔ေနတဲ့ၾကားကေနဧရိယာအတြင္းသို႔လိမ္ေခါက္တိုးဝင္ကာလွပတဲ့ဂိုးတစ္ဂိုးကိုသြင္းယူခဲ့တာလည္းျဖစ္ပါတယ္။

မိုဟာမက္ဆာလက္ရဲ႕လွပတဲ့ဂိုးဟာလီဗာပူးအတြက္ရမွတ္သုံးမွတ္အျပည့္ရဖို႔မလုံေလာက္ခဲ့ပါဘူး။ေနာက္ငါးမိနစ္အၾကာမွာဘဲကီဗင္ဒီဘ႐ိုင္းကမန္စီးတီးအတြက္ေခ်ပဂိုးသြင္းယူခဲ့လို႔ႏွစ္ဂိုးစီသေရျဖင့္ေက်နပ္ခဲ့ရပါတယ္။

မိုဟာမက္ဆာလက္ဟာယခုပြဲမွာကိုယ္တိုင္လွပတဲ့ဂိုးတစ္ဂိုးကိုသြင္းယူႏိုင္ခဲ့႐ုံသာမက ကစားေဖာ္ဆာေဒယိုမာေနးဂိုးသြင္းႏိုင္ေအာင္လည္းတစ္ကိုယ္ေတာ္အစြမ္းျဖင့္ထိုးေဖာက္ၿပီးဖန္တီးမႈျပဳလုပ္ေပးႏိုင္ခဲ့ပါတယ္။