
အဲဗာတန်တောင်ပံကစားသမားဒီမာရေးဂရေးဟာမနေ့ညတုန်းကအီတီဟတ်ကွင်းတွင်ချန်ပီယံမန်စီးတီးနှင့်သရေကျတဲ့ပွဲစဉ်မှာလှပလွန်းလှတဲ့ချေပဂိုးသွင်းယူခဲ့ပါတယ်။
မန်စီးတီးဟာနှစ်သစ်ကူးနေ့တွင်ဖိအားများနှင့်ကြုံတွေ့နေရတဲ့ဖရန့်လမ်းပတ်ရဲ့အဲဗာတန်အသင်းကိုဧည့်ခံကစားခဲ့ရတာဖြစ်ပါတယ်။
မန်စီးတီးဟာပွဲအစ၂၄မိနစ်တွင်ပင်အာလင်းဟာလန်းရဲ့ယခုရာသီ၂၁ဂိုးမြောက်ဂိုးဖြင့်ပွဲကိုဦးဆောင်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ဒုတိယပိုင်းမှာတော့အဲဗာတန်ဟာအဖိုးတန်သရေတစ်မှတ်ရရှိစေမဲ့ချေပဂိုးသွင်းယူနိုင်ခဲ့ပါတယ်။
ဂရေးဟာကွင်းလယ်တစ်ဝက်ခန့်တွင်ဘောလုံးရရှိပြီးနောက် ဆွဲပြေးကာမန်စီးတီးဧရိယာအစပ်သို့ထိုးဖောက်ပြီးညာထောင့်သို့လှပစွာကန်သွင်းကာချေပဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။
မန်စီးတီးဂိုးသမားအီဒါဆင်ဟာဂရေးကန်လိုက်တဲ့ဘောလုံးကိုငေးကြည့်ရုံသာတတ်နိုင်ခဲ့ပါတယ်။
မန်စီးတီးဟာမနေ့ညတုန်းကအဲဗာတန်နှင့်သရေကျမှုကြောင့်ထိပ်ဆုံးမှအာဆင်နယ်နှင့်ရမှတ်၇မှတ်အထိကွာဟသွားခဲ့ပါတယ်။အာဆင်နယ်ဟာဘရိုက်တန်ကို၄-၂ဖြင့်အနိုင်ရရှိကာအမှတ်ပေးဇယားထိပ်ဆုံးမှဆက်လက်ဦးဆောင်သွားနိုင်ခဲ့ကာ၂၀၀၄ခုနှစ်နောက်ပိုင်းပထမဆုံးပရီးမီးယားလိဂ်ဖလားဆွတ်ခူးရန်အခြေအနေကောင်းနေပြီဖြစ်ပါတယ်။
ZawGyi
မန္စီးတီးႏွင့္ပြဲတြင္ လွပလြန္းလွတဲ့ ေခ်ပဂိုးသြင္းယူခဲ့တဲ့ အဲဗာတန္စတားဂေရး
အဲဗာတန္ေတာင္ပံကစားသမားဒီမာေရးဂေရးဟာမေန႔ညတုန္းကအီတီဟတ္ကြင္းတြင္ခ်န္ပီယံမန္စီးတီးႏွင့္သေရက်တဲ့ပြဲစဥ္မွာလွပလြန္းလွတဲ့ေခ်ပဂိုးသြင္းယူခဲ့ပါတယ္။
မန္စီးတီးဟာႏွစ္သစ္ကူးေန႔တြင္ဖိအားမ်ားႏွင့္ႀကဳံေတြ႕ေနရတဲ့ဖရန႔္လမ္းပတ္ရဲ႕အဲဗာတန္အသင္းကိုဧည့္ခံကစားခဲ့ရတာျဖစ္ပါတယ္။
မန္စီးတီးဟာပြဲအစ၂၄မိနစ္တြင္ပင္အာလင္းဟာလန္းရဲ႕ယခုရာသီ၂၁ဂိုးေျမာက္ဂိုးျဖင့္ပြဲကိုဦးေဆာင္ႏိုင္ခဲ့ပါတယ္။
ဒါေပမဲ့ဒုတိယပိုင္းမွာေတာ့အဲဗာတန္ဟာအဖိုးတန္သေရတစ္မွတ္ရရွိေစမဲ့ေခ်ပဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။
ဂေရးဟာကြင္းလယ္တစ္ဝက္ခန႔္တြင္ေဘာလုံးရရွိၿပီးေနာက္ ဆြဲေျပးကာမန္စီးတီးဧရိယာအစပ္သို႔ထိုးေဖာက္ၿပီးညာေထာင့္သို႔လွပစြာကန္သြင္းကာေခ်ပဂိုးသြင္းယူခဲ့တာျဖစ္ပါတယ္။
မန္စီးတီးဂိုးသမားအီဒါဆင္ဟာဂေရးကန္လိုက္တဲ့ေဘာလုံးကိုေငးၾကည့္႐ုံသာတတ္ႏိုင္ခဲ့ပါတယ္။
မန္စီးတီးဟာမေန႔ညတုန္းကအဲဗာတန္ႏွင့္သေရက်မႈေၾကာင့္ထိပ္ဆုံးမွအာဆင္နယ္ႏွင့္ရမွတ္၇မွတ္အထိကြာဟသြားခဲ့ပါတယ္။အာဆင္နယ္ဟာဘ႐ိုက္တန္ကို၄-၂ျဖင့္အႏိုင္ရရွိကာအမွတ္ေပးဇယားထိပ္ဆုံးမွဆက္လက္ဦးေဆာင္သြားႏိုင္ခဲ့ကာ၂၀၀၄ခုႏွစ္ေနာက္ပိုင္းပထမဆုံးပရီးမီးယားလိဂ္ဖလားဆြတ္ခူးရန္အေျခအေနေကာင္းေနၿပီျဖစ္ပါတယ္။