မန်စီးတီးနှင့်ပွဲတွင် ဟယ်ရီကိန်း ပါဝင်လာမည်ဟု စပါးစ်နည်းပြနူနိုဖွင့်ဟ

စပါးစ်နည်းပြနူနိုအက်စ်ပီရီတိုဆန်တိုကဟယ်ရီကိန်းမှာမန်စီးတီးနှင့်ရင်ဆိုင်ကစားရမယ့်ပရီးမီးယားလိဂ်အဖွင့်ပွဲတွင်ပါဝင်လာမည်ဖြစ်ကြောင်းပြောကြားလာပါတယ်။

ဟယ်ရီကိန်းဟာစပါးစ်မှထွက်ခွာရန်ကြိုးပမ်းနေသူဖြစ်ပြီးမန်စီးတီးသို့ပြောင်းလိုနေပါတယ်။မန်စီးတီးနည်းပြပက်ဂွါဒီယိုလာကိုယ်တိုင်ကလည်းဟယ်ရီကိန်းကိုခေါ်ယူရန်စိတ်ဝင်စားကြောင်းအတည်ပြုပြောကြားထားပြီးဖြစ်ပါတယ်။

ဟယ်ရီကိန်းဟာယူရို၂၀၂၀ပြိုင်ပွဲပြီးနောက်ဘဟားမား၊ဖလိုရီဒါတို့တွင်အားလပ်ရက်အပန်းဖြေမှုပြုလုပ်ပြီးနောက်တစ်ပတ်ဝန်းကျင်ခန့်နောက်ကျပြီးမှစပါးစ်အသင်းရဲ့လေ့ကျင့်ခန်းအစီအစဉ်ပူးပေါင်းခဲ့တာလည်းဖြစ်ပါတယ်။

နူနိုက “နေ့စဉ်လေ့ကျင့်ခန်းလုပ်နေတဲ့ကစားသမားအားလုံးကိုကျွန်တော်တို့ရွေးချယ်နိုင်ပါတယ်။ဘယ်သူ့ကိုသုံးမလဲဆိုတာကျွန်တော်တို့ဘက်ကဆုံးဖြတ်ပေးရုံပါပဲ”လို့ပြောကြားခဲ့ပါတယ်။

ဟယ်ရီကိန်းဟာစနေနေ့တုန်းကဖလိုရီဒါမှလန်ဒန်သို့ပြန်လည်ရောက်ရှိကာ Spur Lodge တွင်ငါးရက်ကွာရန်တင်းဝင်နေပါတယ်။ကိန်းဟာကွာရန်တင်းဝင်နေစဉ်ကာလအတွင်းတွင်အသင်းရဲ့ညွှန်ကြားချက်ဖြင့်တစ်ကိုယ်တော်လေ့ကျင့်ခန်းများပြုလုပ်နေပါတယ်။

ZawGyi

မန္စီးတီးႏွင့္ပြဲတြင္ ဟယ္ရီကိန္း ပါဝင္လာမည္ဟု စပါးစ္နည္းျပႏူႏိုဖြင့္ဟ

စပါးစ္နည္းျပႏူႏိုအက္စ္ပီရီတိုဆန္တိုကဟယ္ရီကိန္းမွာမန္စီးတီးႏွင့္ရင္ဆိုင္ကစားရမယ့္ပရီးမီးယားလိဂ္အဖြင့္ပြဲတြင္ပါဝင္လာမည္ျဖစ္ေၾကာင္းေျပာၾကားလာပါတယ္။

ဟယ္ရီကိန္းဟာစပါးစ္မွထြက္ခြာရန္ႀကိဳးပမ္းေနသူျဖစ္ၿပီးမန္စီးတီးသို႔ေျပာင္းလိုေနပါတယ္။မန္စီးတီးနည္းျပပက္ဂြါဒီယိုလာကိုယ္တိုင္ကလည္းဟယ္ရီကိန္းကိုေခၚယူရန္စိတ္ဝင္စားေၾကာင္းအတည္ျပဳေျပာၾကားထားၿပီးျဖစ္ပါတယ္။

ဟယ္ရီကိန္းဟာယူ႐ို၂၀၂၀ၿပိဳင္ပြဲၿပီးေနာက္ဘဟားမား၊ဖလိုရီဒါတို႔တြင္အားလပ္ရက္အပန္းေျဖမႈျပဳလုပ္ၿပီးေနာက္တစ္ပတ္ဝန္းက်င္ခန႔္ေနာက္က်ၿပီးမွစပါးစ္အသင္းရဲ႕ေလ့က်င့္ခန္းအစီအစဥ္ပူးေပါင္းခဲ့တာလည္းျဖစ္ပါတယ္။

ႏူႏိုက “ေန႔စဥ္ေလ့က်င့္ခန္းလုပ္ေနတဲ့ကစားသမားအားလုံးကိုကြၽန္ေတာ္တို႔ေ႐ြးခ်ယ္ႏိုင္ပါတယ္။ဘယ္သူ႔ကိုသုံးမလဲဆိုတာကြၽန္ေတာ္တို႔ဘက္ကဆုံးျဖတ္ေပး႐ုံပါပဲ”လို႔ေျပာၾကားခဲ့ပါတယ္။

ဟယ္ရီကိန္းဟာစေနေန႔တုန္းကဖလိုရီဒါမွလန္ဒန္သို႔ျပန္လည္ေရာက္ရွိကာ Spur Lodge တြင္ငါးရက္ကြာရန္တင္းဝင္ေနပါတယ္။ကိန္းဟာကြာရန္တင္းဝင္ေနစဥ္ကာလအတြင္းတြင္အသင္းရဲ႕ၫႊန္ၾကားခ်က္ျဖင့္တစ္ကိုယ္ေတာ္ေလ့က်င့္ခန္းမ်ားျပဳလုပ္ေနပါတယ္။