မန်စီးတီးနှင့်အာဆင်နယ်တို့ကို ငြင်းပယ်ကာ ပီအက်စ်ဂျီသို့ ရာမို့စ်ပြောင်းရွှေ့ခဲ့ခြင်းဖြစ်

ဆာဂျီယိုရာမို့စ်ဟာအာဆင်နယ်နှင့်မန်စီးတီးတို့ရဲ့ကမ်းလှမ်းမှုကိုပယ်ချကာပီအက်စ်ဂျီသို့ပြောင်းရွှေ့ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။

ရီးရဲလ်မက်ဒရစ်ဂန္ထဝင်နောက်ခံလူဟာယခုနွေရာသီတွင်ရီးရဲလ်မက်ဒရစ်မှထွက်ခွာလာခဲ့ပြီးနောက်ပီအက်စ်ဂျီသို့၂နှစ်စာချုပ်ဖြင့်ပြောင်းခဲ့သူလည်းဖြစ်ပါတယ်။

စပိန်နောက်ခံလူဟာပြီးခဲ့တဲ့လများအတွင်းတွင်အနာဂတ်နှင့်ပတ်သက်ပြီးသတင်းများစွာ ထွက်ပေါ်ခဲ့သူဖြစ်ပြီးပီအက်စ်ဂျီကကမ်းလှမ်းလာချိန်မှာတော့လက်ခံခဲ့ပါတယ်။

မြောက်လန်ဒန်ကလပ်အာဆင်နယ်ဟာရာမို့စ်ကိုတစ်ရာသီလျှင်ပေါင်၁၅သန်းနှုန်းဖြင့်၂နှစ်စာချုပ်ဖြင့်ကမ်းလှမ်းခဲ့ပါတယ်။ဒါပေမယ့်ရာမို့စ်ဟာအာဆင်နယ်မှာချန်ပီယံလိဂ်ဝင်ခွင့်မရမှုနဲ့အတူကမ်းလှမ်းမှုကိုပယ်ချခဲ့ပါတယ်။

တစ်ဖက်တွင်မန်စီးတီးကလည်းရာမို့စ်ကိုငါးနှစ်စာချုပ်ဖြင့်ကမ်းလှမ်းခဲ့ပါတယ်။ရာမို့စ်အနေဖြင့်မန်စီးတီးတွင်၂ရာသီကြာကစားခဲ့ပြီးမေဂျာလိဂ်ကလပ်နယူးယောက်စီးတီးတွင်၃ရာသီကစားရမယ့်စာချုပ်ဖြင့်ကမ်းလှမ်းခဲ့တာပါ။

ဒါပေမယ့်ရာမို့စ်ဟာပီအက်စ်ဂျီကကမ်းလှမ်းလာတဲ့ကမ်းလှမ်းမှုကိုလက်ခံရန်ဆုံးဖြတ်ခဲ့ပါတယ်။သူဟာပီအက်စ်ဂျီမှာကျောနံပါတ်၄ကိုဝတ်ဆင်ကစားသွားပါမယ်။

ZawGyi

မန္စီးတီးႏွင့္အာဆင္နယ္တို႔ကို ျငင္းပယ္ကာ ပီအက္စ္ဂ်ီသို႔ ရာမို႔စ္ေျပာင္းေ႐ႊ႕ခဲ့ျခင္းျဖစ္

ဆာဂ်ီယိုရာမို႔စ္ဟာအာဆင္နယ္ႏွင့္မန္စီးတီးတို႔ရဲ႕ကမ္းလွမ္းမႈကိုပယ္ခ်ကာပီအက္စ္ဂ်ီသို႔ေျပာင္းေ႐ႊ႕ခဲ့ျခင္းျဖစ္ေၾကာင္းသိရပါတယ္။

ရီးရဲလ္မက္ဒရစ္ဂႏၴဝင္ေနာက္ခံလူဟာယခုေႏြရာသီတြင္ရီးရဲလ္မက္ဒရစ္မွထြက္ခြာလာခဲ့ၿပီးေနာက္ပီအက္စ္ဂ်ီသို႔၂ႏွစ္စာခ်ဳပ္ျဖင့္ေျပာင္းခဲ့သူလည္းျဖစ္ပါတယ္။

စပိန္ေနာက္ခံလူဟာၿပီးခဲ့တဲ့လမ်ားအတြင္းတြင္အနာဂတ္ႏွင့္ပတ္သက္ၿပီးသတင္းမ်ားစြာ ထြက္ေပၚခဲ့သူျဖစ္ၿပီးပီအက္စ္ဂ်ီကကမ္းလွမ္းလာခ်ိန္မွာေတာ့လက္ခံခဲ့ပါတယ္။

ေျမာက္လန္ဒန္ကလပ္အာဆင္နယ္ဟာရာမို႔စ္ကိုတစ္ရာသီလွ်င္ေပါင္၁၅သန္းႏႈန္းျဖင့္၂ႏွစ္စာခ်ဳပ္ျဖင့္ကမ္းလွမ္းခဲ့ပါတယ္။ဒါေပမယ့္ရာမို႔စ္ဟာအာဆင္နယ္မွာခ်န္ပီယံလိဂ္ဝင္ခြင့္မရမႈနဲ႔အတူကမ္းလွမ္းမႈကိုပယ္ခ်ခဲ့ပါတယ္။

တစ္ဖက္တြင္မန္စီးတီးကလည္းရာမို႔စ္ကိုငါးႏွစ္စာခ်ဳပ္ျဖင့္ကမ္းလွမ္းခဲ့ပါတယ္။ရာမို႔စ္အေနျဖင့္မန္စီးတီးတြင္၂ရာသီၾကာကစားခဲ့ၿပီးေမဂ်ာလိဂ္ကလပ္နယူးေယာက္စီးတီးတြင္၃ရာသီကစားရမယ့္စာခ်ဳပ္ျဖင့္ကမ္းလွမ္းခဲ့တာပါ။

ဒါေပမယ့္ရာမို႔စ္ဟာပီအက္စ္ဂ်ီကကမ္းလွမ္းလာတဲ့ကမ္းလွမ္းမႈကိုလက္ခံရန္ဆုံးျဖတ္ခဲ့ပါတယ္။သူဟာပီအက္စ္ဂ်ီမွာေက်ာနံပါတ္၄ကိုဝတ္ဆင္ကစားသြားပါမယ္။