မန်စီးတီးနှင့် တစ်ပတ်လုပ်ခပေါင်၂၅၀၀၀၀တန် ငါးနှစ်စာချုပ်သစ်အား ဂျွန်စတုန်းချုပ်ဆို

ဂျွန်စတုန်းဟာမန်စီးတီးနှင့်ငါးနှစ်စာချုပ်သစ်ချုပ်ဆိုရန်သဘောတူညီမှုရရှိသွားခဲ့ပြီဖြစ်ပါတယ်။အင်္ဂလန်လက်ရွေးစင်ဗဟိုနောက်ခံလူဟာစာချုပ်သစ်ကြောင့်တစ်ပတ်လုပ်ခပေါင်၂၅၀၀၀၀အထိရရှိလာမှာဖြစ်ပြီးမန်စီးတီးတွင်၂၀၂၆ခုနှစ်အထိရှိနေပါတော့မယ်။

အသက်၂၇နှစ်ရှိဂျွန်စတုန်းဟာ၂၀၁၉-၂၀ဘောလုံးရာသီတွင်နေရာရရှိရန်ရုန်းကန်ခဲ့ရပြီးနောက်၂၀၂၀-၂၁ဘောလုံးရာသီတွင်အခြေအနေအလှည့်အပြောင်းဖြစ်လာအောင်မဆုပ်မနစ်ကြိုးစားမှုနဲ့အတူမန်စီးတီးနှင့်အင်္ဂလန်တို့ရဲ့အဓိကနေရာခံလူဖြစ်လာခဲ့ပါတယ်။

သူဟာမန်စီးတီးရဲ့ရောင်းချခံရလုနီးပါးအခြေအနေသို့ရောက်ရှိပြီးနောက်ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးနောက်ခံလူများထဲမှတစ်ဦးဖြစ်လာခဲ့တာလည်းဖြစ်ပါတယ်။

စတုန်းဟာယခုဘောလုံးရာသီအကုန်တွင်စာချုပ်သက်တမ်းကုန်ဆုံးမယ့်သူဖြစ်ပါတယ်။မန်စီးတီးဟာဂျွန်စတုန်းရဲ့စာချုပ်ကို၄၈နာရီအတွင်းတွင်တရားဝင်ကြေညာလာဖို့ရှိပါတယ်။

ZawGyi

မန္စီးတီးႏွင့္ တစ္ပတ္လုပ္ခေပါင္၂၅၀၀၀၀တန္ ငါးႏွစ္စာခ်ဳပ္သစ္အား ဂြၽန္စတုန္းခ်ဳပ္ဆို

ဂြၽန္စတုန္းဟာမန္စီးတီးႏွင့္ငါးႏွစ္စာခ်ဳပ္သစ္ခ်ဳပ္ဆိုရန္သေဘာတူညီမႈရရွိသြားခဲ့ၿပီျဖစ္ပါတယ္။အဂၤလန္လက္ေ႐ြးစင္ဗဟိုေနာက္ခံလူဟာစာခ်ဳပ္သစ္ေၾကာင့္တစ္ပတ္လုပ္ခေပါင္၂၅၀၀၀၀အထိရရွိလာမွာျဖစ္ၿပီးမန္စီးတီးတြင္၂၀၂၆ခုႏွစ္အထိရွိေနပါေတာ့မယ္။

အသက္၂၇ႏွစ္ရွိဂြၽန္စတုန္းဟာ၂၀၁၉-၂၀ေဘာလုံးရာသီတြင္ေနရာရရွိရန္႐ုန္းကန္ခဲ့ရၿပီးေနာက္၂၀၂၀-၂၁ေဘာလုံးရာသီတြင္အေျခအေနအလွည့္အေျပာင္းျဖစ္လာေအာင္မဆုပ္မနစ္ႀကိဳးစားမႈနဲ႔အတူမန္စီးတီးႏွင့္အဂၤလန္တို႔ရဲ႕အဓိကေနရာခံလူျဖစ္လာခဲ့ပါတယ္။

သူဟာမန္စီးတီးရဲ႕ေရာင္းခ်ခံရလုနီးပါးအေျခအေနသို႔ေရာက္ရွိၿပီးေနာက္ပရီးမီးယားလိဂ္ရဲ႕အေကာင္းဆုံးေနာက္ခံလူမ်ားထဲမွတစ္ဦးျဖစ္လာခဲ့တာလည္းျဖစ္ပါတယ္။

စတုန္းဟာယခုေဘာလုံးရာသီအကုန္တြင္စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္သူျဖစ္ပါတယ္။မန္စီးတီးဟာဂြၽန္စတုန္းရဲ႕စာခ်ဳပ္ကို၄၈နာရီအတြင္းတြင္တရားဝင္ေၾကညာလာဖို႔ရွိပါတယ္။