
ရီယက်မရာ့ဇ်ဟာမန်စီးတီးနှင့်နှစ်ရှည်စာချုပ်ချုပ်ဆိုပြီးမန်စီးတီးတွင်ပင်ကစားသမားဘဝမှအဆုံးသတ်ရန်အသင့်ရှိနေပါတယ်။
မရာ့ဇ်ဟာမန်စီးတီးတွင်တစ်ပတ်လုပ်ခပေါင်၁၆၀၀၀၀ရရှိနေသူဖြစ်ပြီးလက်ရှိစာချုပ်မှာတစ်နှစ်သက်တမ်းသာကျန်ပါတော့တယ်။
ဒါပေမဲ့မရာ့ဇ်နှင့်မန်စီးတီးတာဝန်ရှိသူများဟာလာမယ့်လတွင်စာချုပ်သစ်ချုပ်ဆိုရေးဆွေးနွေးမှုပြုလုပ်ရန်စီစဉ်ထားပါတယ်။
အသက်၃၁နှစ်ရှိမရာ့ဇ်ဟာစာချုပ်သစ်ချုပ်ဆိုပြီးမန်စီးတီးတွင်ပင်ကစားသမားဘဝမှအနားယူရန်စဉ်းစားထားပါတယ်။
အယ်လ်ဂျီးရီးယားစတားဟာချစ်သူတေလာဝတ်နှင့်မန်ချက်စတာတွင်အထိုင်ကျနေသူဖြစ်ပြီးယခုနှစ်အတွင်းတွင်ပထမဆုံးကလေးရရှိလာဖို့ရှိနေပါတယ်။
မရာ့ဇ်ဟာဂါဘရီရယ်ဂျေဆူးနှင့်ရာဟမ်းစတာလင်းတို့ရဲ့အနာဂတ်မရေရာမှုနဲ့အတူမန်စီးတီးတွင်ပိုမိုအရေးပါလာဖို့ရှိနေပါတယ်။
သူဟာ၂၀၁၈ခုနှစ်တွင်လက်တစာမှပေါင်သန်း၆၀ဖြင့်ပြောင်းလာပြီးနောက်မန်စီးတီးအတွက်၁၈၉ပွဲကစားကာ၆၃ဂိုးသွင်းယူပေးထားပါတယ်။
ZawGyi
မန်စီးတီးနှင့် တစ်ပတ်လုပ်ခပေါင် ၁၆၀၀၀၀ တန် နှစ်စာချုပ်သစ်ချုပ်ဆိုရန် အသင့်ဖြစ်နေတဲ့ မရာ့ဇ်