မန်စီးတီးနှင့် အရေးပါတဲ့ပွဲတွင် ချဲလ်ဆီးဂိုးသမား မင်ဒီ ပါဝင်နိုင်ဖွယ်မရှိ

ချဲလ်ဆီးဂိုးသမားအဒူယတ်မင်ဒီဟာယခုအပတ်အကုန်တွင်မန်စီးတီးနှင့်ကစားရမယ့် အရေးပါတဲ့ပရီးမီးယားလိဂ်ပွဲစဉ်တွင်ပါဝင်နိုင်ရန်မရေမရာဖြစ်နေပါတယ်။

မင်ဒီဟာပြီးခဲ့တဲ့အပတ်တုန်းကစပါးစ်အား၃-၀ဂိုးဖြင့်အနိုင်ရရှိတဲ့လန်ဒန်ဒါဘီပွဲစဉ်တွင်တင်ပုဆုံဒဏ်ရာရရှိခဲ့ပါတယ်။

သူဟာယနေ့ညတွင်အက်စတွန်ဗီလာနှင့်ရင်ဆိုင်ကစားရမယ့်ခါရာဘောင်ဖလားပွဲစဉ်ကိုလွဲချော်ပါမယ်။

ချဲလ်ဆီးအတွက်ဗီလာနှင့်ပွဲတွင်စိုးရိမ်စရာမရှိသော်လည်းစနေနေ့တွင်ကစားရမယ့်မန်စီးတီးပွဲစဉ်တွင်မင်ဒီအားအသုံးမပြုနိုင်မည်ကိုစိုးရိမ်နေရပါတယ်။

ချဲလ်ဆီးနည်းပြတူချယ်က “ဗီလာနဲဲ့ပွဲမှာမင်ဒီကစားနိုင်မှာမဟုတ်ပါဘူး။သူဟာလေ့ကျင့်ခန်းလည်းမဆင်းနိုင်ပါဘူး။စနေနေ့ပွဲအတွက်သူအသင့်ဖြစ်နေဖို့ကျွန်တော်တို့အားလုံးလုပ်သွားပါမယ်။မနက်ဖြန်သီးသန့်လေ့ကျင့်ခန်းဆင်းပြီးကြာသပတေးနေ့မှာအသင်းနဲ့လေ့ကျင့်ခန်းဆင်းနိုင်ဖို့စီစဉ်ထားပါတယ်။မန်စီးတီးနဲ့ပွဲမှာသူကစားနိုင်ဖို့တော့ရှိပါတယ်။ဒါပေမယ့်နာကျင်မှု၊အချိန်တို့နဲ့ယှဉ်ပြိုင်နေရတာပါ။ဘာဖြစ်လာမလဲကြည့်ရပါဦးမယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

မန္စီးတီးႏွင့္ အေရးပါတဲ့ပြဲတြင္ ခ်ဲလ္ဆီးဂိုးသမား မင္ဒီ ပါဝင္ႏိုင္ဖြယ္မရွိ

ခ်ဲလ္ဆီးဂိုးသမားအဒူယတ္မင္ဒီဟာယခုအပတ္အကုန္တြင္မန္စီးတီးႏွင့္ကစားရမယ့္ အေရးပါတဲ့ပရီးမီးယားလိဂ္ပြဲစဥ္တြင္ပါဝင္ႏိုင္ရန္မေရမရာျဖစ္ေနပါတယ္။

မင္ဒီဟာၿပီးခဲ့တဲ့အပတ္တုန္းကစပါးစ္အား၃-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့လန္ဒန္ဒါဘီပြဲစဥ္တြင္တင္ပုဆုံဒဏ္ရာရရွိခဲ့ပါတယ္။

သူဟာယေန႔ညတြင္အက္စတြန္ဗီလာႏွင့္ရင္ဆိုင္ကစားရမယ့္ခါရာေဘာင္ဖလားပြဲစဥ္ကိုလြဲေခ်ာ္ပါမယ္။

ခ်ဲလ္ဆီးအတြက္ဗီလာႏွင့္ပြဲတြင္စိုးရိမ္စရာမရွိေသာ္လည္းစေနေန႔တြင္ကစားရမယ့္မန္စီးတီးပြဲစဥ္တြင္မင္ဒီအားအသုံးမျပဳႏိုင္မည္ကိုစိုးရိမ္ေနရပါတယ္။

ခ်ဲလ္ဆီးနည္းျပတူခ်ယ္က “ဗီလာနဲဲ့ပြဲမွာမင္ဒီကစားႏိုင္မွာမဟုတ္ပါဘူး။သူဟာေလ့က်င့္ခန္းလည္းမဆင္းႏိုင္ပါဘူး။စေနေန႔ပြဲအတြက္သူအသင့္ျဖစ္ေနဖို႔ကြၽန္ေတာ္တို႔အားလုံးလုပ္သြားပါမယ္။မနက္ျဖန္သီးသန႔္ေလ့က်င့္ခန္းဆင္းၿပီးၾကာသပေတးေန႔မွာအသင္းနဲ႔ေလ့က်င့္ခန္းဆင္းႏိုင္ဖို႔စီစဥ္ထားပါတယ္။မန္စီးတီးနဲ႔ပြဲမွာသူကစားႏိုင္ဖို႔ေတာ့ရွိပါတယ္။ဒါေပမယ့္နာက်င္မႈ၊အခ်ိန္တို႔နဲ႔ယွဥ္ၿပိဳင္ေနရတာပါ။ဘာျဖစ္လာမလဲၾကည့္ရပါဦးမယ္”လို႔ေျပာၾကားသြားပါတယ္။