မန်စီးတီးနှင့် အရေးပါတဲ့ပရီးမီးယားလိဂ်ပွဲကို လီဗာပူးရဲ့အလက်ဇန္ဒားအာနိုး

ထရန်းအလက်ဇန္ဒားအာနိုးဟာဒဏ်ရာကြောင့်တနင်္ဂနွေနေ့တွင်ပရီးမီးယားလိဂ်ချန်ပီယံမန်စီးတီးနှင့်ရင်ဆိုင်ကစားရမယ့်လီဗာပူးရဲ့ပွဲစဉ်ကိုလွဲချော်တော့မှာဖြစ်ပါတယ်။

ညာနောက်ခံလူဟာကြွက်သားဒဏ်ရာပြဿနာကြောင့်အင်္ဂါနေ့တုန်းကပေါ်တိုကို၅-၁ဂိုးနဲ့အနိုင်ရရှိတဲ့လီဗာပူးရဲ့ချန်ပီယံလိဂ်ပွဲစဉ်ကိုလွဲချော်ခဲ့သူလည်းဖြစ်ပါတယ်။

ယခုအခါဂျာဂင်ကလော့ပ်ကအသက်၂၂နှစ်ရှိညာနောက်ခံလူမှာအန်ဖီးလ်တွင်ဂွါဒီယိုလာရဲ့အသင်းအားရင်ဆိုင်ရမယ့်ပွဲစဉ်အပြင်အင်္ဂလန်ရဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲနှစ်ပွဲကိုလည်းလွဲချော်မှာဖြစ်ကြောင်းအတည်ပြုလာပါတယ်။

ဒါပေမယ့်ထရန်းအလက်ဇန္ဒားအာနိုးဟာခြေကျင်းဝတ်ဒဏ်ရာကြောင့်အနားယူနေရတဲ့ တီယာဂိုအယ်ကန်တာရာနှင့်အတူ နိုင်ငံတကာပွဲစဉ်များအပြီးမှာပြန်လည်ကောင်းမွန်လာဖို့ရှိနေပါတယ်။

ထရန်းအလက်ဇန္ဒားအာနိုးဟာယခုရာသီတွင်လီဗာပူးအတွက်ခြောက်ပွဲကစားထားသူဖြစ်ပါတယ်။

ZawGyi

မန္စီးတီးႏွင့္ အေရးပါတဲ့ပရီးမီးယားလိဂ္ပြဲကို လီဗာပူးရဲ႕အလက္ဇႏၵားအာႏိုး

ထရန္းအလက္ဇႏၵားအာႏိုးဟာဒဏ္ရာေၾကာင့္တနဂၤေႏြေန႔တြင္ပရီးမီးယားလိဂ္ခ်န္ပီယံမန္စီးတီးႏွင့္ရင္ဆိုင္ကစားရမယ့္လီဗာပူးရဲ႕ပြဲစဥ္ကိုလြဲေခ်ာ္ေတာ့မွာျဖစ္ပါတယ္။

ညာေနာက္ခံလူဟာႂကြက္သားဒဏ္ရာျပႆနာေၾကာင့္အဂၤါေန႔တုန္းကေပၚတိုကို၅-၁ဂိုးနဲ႔အႏိုင္ရရွိတဲ့လီဗာပူးရဲ႕ခ်န္ပီယံလိဂ္ပြဲစဥ္ကိုလြဲေခ်ာ္ခဲ့သူလည္းျဖစ္ပါတယ္။

ယခုအခါဂ်ာဂင္ကေလာ့ပ္ကအသက္၂၂ႏွစ္ရွိညာေနာက္ခံလူမွာအန္ဖီးလ္တြင္ဂြါဒီယိုလာရဲ႕အသင္းအားရင္ဆိုင္ရမယ့္ပြဲစဥ္အျပင္အဂၤလန္ရဲ႕ကမာၻ႔ဖလားေျခစစ္ပြဲႏွစ္ပြဲကိုလည္းလြဲေခ်ာ္မွာျဖစ္ေၾကာင္းအတည္ျပဳလာပါတယ္။

ဒါေပမယ့္ထရန္းအလက္ဇႏၵားအာႏိုးဟာေျခက်င္းဝတ္ဒဏ္ရာေၾကာင့္အနားယူေနရတဲ့ တီယာဂိုအယ္ကန္တာရာႏွင့္အတူ ႏိုင္ငံတကာပြဲစဥ္မ်ားအၿပီးမွာျပန္လည္ေကာင္းမြန္လာဖို႔ရွိေနပါတယ္။

ထရန္းအလက္ဇႏၵားအာႏိုးဟာယခုရာသီတြင္လီဗာပူးအတြက္ေျခာက္ပြဲကစားထားသူျဖစ္ပါတယ္။