မန်စီးတီးနှင့် ၂၀၂၅ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးလာတဲ့ ဂွါဒီယိုလာ

မန်စီးတီးနည်းပြဂွါဒီယိုလာဟာအီတီဟတ်တွင်၂၀၂၅ခုနှစ်အထိရှိနေမယ့်၂နှစ်စာချုပ်အားသက်တမ်းတိုးချုပ်ဆိုလာပါတယ်။

အသက်၅၁နှစ်ရှိဂွါဒီယိုလာဟာမန်စီးတီးကိုကိုင်တွယ်တဲ့ခြောက်နှစ်တာကာလအတွင်းတွင်ပရီးမီးယားလိဂ်ဖလား၄ကြိမ်အပါအဝင်ဆုဖလား၁၁ကြိမ်ဆွတ်ခူးပေးထားနိုင်သူလည်းဖြစ်ပါတယ်။

ဂွါဒီယိုလာက “ဒီကိုစရောက်တဲ့ပထမနေ့ကတည်းကတစ်ခုခုစပါယ်ရှယ်ခံစားရတာပါ။ဒီလောက်ကောင်းတဲ့နေရာမရှိပါဘူး။မန်စီးတီးမှာနောက်ထပ်နှစ်နှစ်ဆက်နေရမှာဖြစ်လို့အရမ်းပျော်ရတယ်။ကျွန်တော့်အပေါ်ယုံကြည်ကြတဲ့လူတိုင်းအပေါ်ကျေးဇူးတင်မဆုံဖြစ်ရပါတယ်။ဒီမှာအရမ်းပျော်တယ်။သက်တောင့်သက်သာလည်းရှိတယ်။ဒီမှာအလုပ်ကိုအကောင်းဆုံးလုပ်နိုင်ဖို့အရာအားလုံးလည်းရှိနေပါတယ်။ဒီကလပ်ရဲ့နောက်ထပ်စာမျက်နှာကနောက်ထပ်ဆယ်စုနှစ်တစ်ခုအတွက်အရေးပါလာမယ်ဆိုတာသိပါတယ်။ပြီးခဲ့တဲ့ဆယ်နှစ်မှာလည်းဖြစ်ပျက်ထားပြီးသားပါ။ကလပ်ကအရမ်းကိုတည်ငြိမ်နေပြီဖြစ်တာကြောင့်နောက်ထပ်၁၀နှစ်မှာလည်းဖြစ်လာပါဦးမယ်။အတူတကွလက်တွဲပြီးအောင်မြင်မှုတွေအတွက်တိုက်ပွဲဝင်နိုင်မယ်လို့ခံစားနေရတုန်းပါ။ဒါကြောင့်လည်းဒီမှာဆက်နေချင်တာပါ။ဆုဖလားအတွက်ဆက်ပြီးတိုက်ပွဲဝင်ပါမယ်”လို့ပြောကြားသွားပါတယ်။

မန်စီးတီးဟာလက်ရှိအချိန်တွင်ပရီးမီးယားလိဂ်အမှတ်ပေးဇယားဒုတိယနေရာတွင်ရပ်တည်နေပြီးထိပ်ဆုံးမှအာဆင်နယ်နှင့်ရမှတ်၅မှတ်ကွာဟနေပါတယ်။

မန်စီးတီးဟာချန်ပီယံလိဂ်၁၆သင်းရှုံးထွက်အဆင့်သို့လည်းတက်ရောက်ထားပြီးဖေဖော်ဝါရီလတွင်လိုက်ဇစ်နှင့်ရင်ဆိုင်ကစားရပါမယ်။

ZawGyi

မန္စီးတီးႏွင့္ ၂၀၂၅ ခုႏွစ္အထိ စာခ်ဳပ္သက္တမ္းတိုးလာတဲ့ ဂြါဒီယိုလာ

မန္စီးတီးနည္းျပဂြါဒီယိုလာဟာအီတီဟတ္တြင္၂၀၂၅ခုႏွစ္အထိရွိေနမယ့္၂ႏွစ္စာခ်ဳပ္အားသက္တမ္းတိုးခ်ဳပ္ဆိုလာပါတယ္။

အသက္၅၁ႏွစ္ရွိဂြါဒီယိုလာဟာမန္စီးတီးကိုကိုင္တြယ္တဲ့ေျခာက္ႏွစ္တာကာလအတြင္းတြင္ပရီးမီးယားလိဂ္ဖလား၄ႀကိမ္အပါအဝင္ဆုဖလား၁၁ႀကိမ္ဆြတ္ခူးေပးထားႏိုင္သူလည္းျဖစ္ပါတယ္။

ဂြါဒီယိုလာက “ဒီကိုစေရာက္တဲ့ပထမေန႔ကတည္းကတစ္ခုခုစပါယ္ရွယ္ခံစားရတာပါ။ဒီေလာက္ေကာင္းတဲ့ေနရာမရွိပါဘူး။မန္စီးတီးမွာေနာက္ထပ္ႏွစ္ႏွစ္ဆက္ေနရမွာျဖစ္လို႔အရမ္းေပ်ာ္ရတယ္။ကြၽန္ေတာ့္အေပၚယုံၾကည္ၾကတဲ့လူတိုင္းအေပၚေက်းဇူးတင္မဆုံျဖစ္ရပါတယ္။ဒီမွာအရမ္းေပ်ာ္တယ္။သက္ေတာင့္သက္သာလည္းရွိတယ္။ဒီမွာအလုပ္ကိုအေကာင္းဆုံးလုပ္ႏိုင္ဖို႔အရာအားလုံးလည္းရွိေနပါတယ္။ဒီကလပ္ရဲ႕ေနာက္ထပ္စာမ်က္ႏွာကေနာက္ထပ္ဆယ္စုႏွစ္တစ္ခုအတြက္အေရးပါလာမယ္ဆိုတာသိပါတယ္။ၿပီးခဲ့တဲ့ဆယ္ႏွစ္မွာလည္းျဖစ္ပ်က္ထားၿပီးသားပါ။ကလပ္ကအရမ္းကိုတည္ၿငိမ္ေနၿပီျဖစ္တာေၾကာင့္ေနာက္ထပ္၁၀ႏွစ္မွာလည္းျဖစ္လာပါဦးမယ္။အတူတကြလက္တြဲၿပီးေအာင္ျမင္မႈေတြအတြက္တိုက္ပြဲဝင္ႏိုင္မယ္လို႔ခံစားေနရတုန္းပါ။ဒါေၾကာင့္လည္းဒီမွာဆက္ေနခ်င္တာပါ။ဆုဖလားအတြက္ဆက္ၿပီးတိုက္ပြဲဝင္ပါမယ္”လို႔ေျပာၾကားသြားပါတယ္။

မန္စီးတီးဟာလက္ရွိအခ်ိန္တြင္ပရီးမီးယားလိဂ္အမွတ္ေပးဇယားဒုတိယေနရာတြင္ရပ္တည္ေနၿပီးထိပ္ဆုံးမွအာဆင္နယ္ႏွင့္ရမွတ္၅မွတ္ကြာဟေနပါတယ္။

မန္စီးတီးဟာခ်န္ပီယံလိဂ္၁၆သင္းရႈံးထြက္အဆင့္သို႔လည္းတက္ေရာက္ထားၿပီးေဖေဖာ္ဝါရီလတြင္လိုက္ဇစ္ႏွင့္ရင္ဆိုင္ကစားရပါမယ္။