မန်စီးတီးပရိသတ်များနှင့် ပြဿနာရှိပါက ရာထူးမှနုတ်ထွက်သွားမည်ဟု ဂွါဒီယိုလာပြောကြား

ပက်ဂွါဒီယိုလာက၎င်းတွင်မန်စီးတီးပရိသတ်များနှင့်ပြဿနာတစ်စုံတစ်ရာရှိမည်ဆိုပါကမန်စီးတီးနည်းပြရာထူးမှထွက်ခွာသွားမည်ဖြစ်ကြောင်းပြောကြားလာပါတယ်။

ပက်ဂွါဒီယိုလာဟာပြီးခဲ့တဲ့လိုက်ဇစ်အား၆-၃ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲတွင်အီတီဟတ်ကွင်းသို့ပရိသတ်များလာရောက်ကြည့်ရှုမှုနည်းပါးခြင်းကြောင့်ယနေ့ညဆောက်သမ်တန်နှင့်ပွဲစဉ်အားပရိသတ်များစွာလာရောက်ကြည့်ရှုရန်တောင်းဆိုခဲ့သူလည်းဖြစ်ပါတယ်။

ပြီးခဲ့တဲ့လိုက်ဇစ်နှင့်ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်ကိုမန်စီးတီးပရိသတ်၁၇၀၀၀တည်းသာလာရောက်ကြည့်ကြဖူးပါတယ်။

ဂွါဒီယိုလာက “တကယ်လို့ပရိသတ်တွေနဲ့သာပြဿနာရှိခဲ့တယ်ဆိုရင်နုတ်ထွက်သွားပါမယ်။ဒါကကျွန်တော့်အတွက်ပြဿနာမဟုတ်ပါဘူး။ကျွန်တော်လည်းသူတို့လိုပဲမန်စီးတီးပရိသတ်တစ်ဦးပါ။ဒီကိုရောက်ကတည်းကမန်စီးတီးပရိသတ်ဖြစ်လာခဲ့တာပါ။ကျွန်တော့်အကောင်းဆုံးကြိုးစားနေပါတယ်။ပရိသတ်တွေနဲ့အတူအီတီဟတ်မှာကစားချင်ပါတယ်။လိုက်ဇစ်နဲ့ပွဲမှာခက်ခဲခဲ့တယ်။တစ်ချို့အဖြစ်အပျက်ကတော့တကယ့်ကိုကြီးမားပါတယ်။ကျွန်တော်တို့စိတ်ပင်ပန်းလူပင်ပန်းနေခဲ့ကြတယ်။အဝတ်အစားလဲခန်းမှာမြင်တွေ့ခဲ့ရပါတယ်။အဲဒီတုန်းကဆောက်သမ်တန်နဲ့ပွဲအကြောင်းတွေးမိခဲ့တယ်။ဒါကြောင့် ပရိသတ်တွေကိုကွင်းကိုလာကြည့်ပြီး ရာဖ်(ဆောက်သမ်တန်နည်းပြ)ရဲ့အသင်းကိုနိုင်အောင်ကြိုးစားစို့ဆိုပြီးပြောခဲ့တာပါ။ဒီလိုပြောတာကိုနားလည်မှုလွဲလာတော့ပြဿနာတစ်ခုဖြစ်လာပါတယ်။ကျွန်တော်သာမှားခဲ့ရင်တောင်းပန်ဖို့ဝန်မလေးပါဘူး။ကျွန်တော်ပြောချင်တဲ့ရည်ရွယ်ချက်ကိုသိတော့တောင်းပန်မှာမဟုတ်ပါဘူး”လို့ပြောကြားသွားပါတယ်။

ZawGyi

မန္စီးတီးပရိသတ္မ်ားႏွင့္ ျပႆနာရွိပါက ရာထူးမွႏုတ္ထြက္သြားမည္ဟု ဂြါဒီယိုလာေျပာၾကား

ပက္ဂြါဒီယိုလာက၎တြင္မန္စီးတီးပရိသတ္မ်ားႏွင့္ျပႆနာတစ္စုံတစ္ရာရွိမည္ဆိုပါကမန္စီးတီးနည္းျပရာထူးမွထြက္ခြာသြားမည္ျဖစ္ေၾကာင္းေျပာၾကားလာပါတယ္။

ပက္ဂြါဒီယိုလာဟာၿပီးခဲ့တဲ့လိုက္ဇစ္အား၆-၃ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲတြင္အီတီဟတ္ကြင္းသို႔ပရိသတ္မ်ားလာေရာက္ၾကည့္ရႈမႈနည္းပါးျခင္းေၾကာင့္ယေန႔ညေဆာက္သမ္တန္ႏွင့္ပြဲစဥ္အားပရိသတ္မ်ားစြာလာေရာက္ၾကည့္ရႈရန္ေတာင္းဆိုခဲ့သူလည္းျဖစ္ပါတယ္။

ၿပီးခဲ့တဲ့လိုက္ဇစ္ႏွင့္ခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲစဥ္ကိုမန္စီးတီးပရိသတ္၁၇၀၀၀တည္းသာလာေရာက္ၾကည့္ၾကဖူးပါတယ္။

ဂြါဒီယိုလာက “တကယ္လို႔ပရိသတ္ေတြနဲ႔သာျပႆနာရွိခဲ့တယ္ဆိုရင္ႏုတ္ထြက္သြားပါမယ္။ဒါကကြၽန္ေတာ့္အတြက္ျပႆနာမဟုတ္ပါဘူး။ကြၽန္ေတာ္လည္းသူတို႔လိုပဲမန္စီးတီးပရိသတ္တစ္ဦးပါ။ဒီကိုေရာက္ကတည္းကမန္စီးတီးပရိသတ္ျဖစ္လာခဲ့တာပါ။ကြၽန္ေတာ့္အေကာင္းဆုံးႀကိဳးစားေနပါတယ္။ပရိသတ္ေတြနဲ႔အတူအီတီဟတ္မွာကစားခ်င္ပါတယ္။လိုက္ဇစ္နဲ႔ပြဲမွာခက္ခဲခဲ့တယ္။တစ္ခ်ိဳ႕အျဖစ္အပ်က္ကေတာ့တကယ့္ကိုႀကီးမားပါတယ္။ကြၽန္ေတာ္တို႔စိတ္ပင္ပန္းလူပင္ပန္းေနခဲ့ၾကတယ္။အဝတ္အစားလဲခန္းမွာျမင္ေတြ႕ခဲ့ရပါတယ္။အဲဒီတုန္းကေဆာက္သမ္တန္နဲ႔ပြဲအေၾကာင္းေတြးမိခဲ့တယ္။ဒါေၾကာင့္ ပရိသတ္ေတြကိုကြင္းကိုလာၾကည့္ၿပီး ရာဖ္(ေဆာက္သမ္တန္နည္းျပ)ရဲ႕အသင္းကိုႏိုင္ေအာင္ႀကိဳးစားစို႔ဆိုၿပီးေျပာခဲ့တာပါ။ဒီလိုေျပာတာကိုနားလည္မႈလြဲလာေတာ့ျပႆနာတစ္ခုျဖစ္လာပါတယ္။ကြၽန္ေတာ္သာမွားခဲ့ရင္ေတာင္းပန္ဖို႔ဝန္မေလးပါဘူး။ကြၽန္ေတာ္ေျပာခ်င္တဲ့ရည္႐ြယ္ခ်က္ကိုသိေတာ့ေတာင္းပန္မွာမဟုတ္ပါဘူး”လို႔ေျပာၾကားသြားပါတယ္။