မန်စီးတီးပွဲတွင် အရန်ခုံမှာ ထိုင်ရမယ်ဆိုတာ သိရပြီးနောက် ဒဏ်ရာအကြောင်းပြပြီး ပေါ်တူဂီသို့ ထွက်ခွာသွားခဲ့တဲ့ ရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာမန်ချက်စတာဒါဘီပွဲတွင်ပွဲထွက်ခွာရမှာမဟုတ်ဘဲ အရန်ခုံတွင်ထိုင်နေရမယ်ဆိုတာသိရပြီးနောက်တင်ပုဆုံဒဏ်ရာကိုအကြောင်းပြကာပေါ်တူဂီသို့ထွက်ခွာသွားခဲ့ကြောင်းသိရပါတယ်။

ပေါ်တူဂီစူပါစတားဟာမန်စီးတီးနှင့်ပွဲတွင်အရန်ခုံတွင်ထိုင်နေရမယ်လို့ ယူနိုက်တက်နည်းပြယာယီနည်းပြရန်းနစ်ခ်ရဲ့အကြောင်းကြားခြင်းခံရပြီးနောက် အကြီးအကျယ်အံ့ဩခဲ့ရပါတယ်။

ရန်းနစ်ခ်ဟာမန်စီးတီးပွဲမတိုင်မီငါးပွဲဆက်ပွဲထွက်ကစားထားတဲ့ခရစ္စတီယာနိုရော်နယ်ဒိုကိုအနားပေးလိုနေပြီးအရန်အဖြစ်ဝင်ရောက်ကစားပါက ထူးထူးခြားခြားပြုလုပ်လာနိုင်မယ်လို့ယုံကြည်နေပါတယ်။

ဒါပေမဲ့လည်းရော်နယ်ဒိုဟာနည်းပြရဲ့စကားကိုလက်မခံဘဲပွဲထွက်ကစားခွင့်သာရရှိလိုနေခဲ့ပါတယ်။ဒါကြောင့်လည်းသူဟာတင်ပုဆုံဒဏ်ရာကိုအကြောင်းပြကာမန်စီးတီးနှင့်ပွဲတွင်အရန်အဖြစ်ပင်ပါဝင်မကစားရန်ဆုံးဖြတ်ခဲ့ပါတယ်။

ယင်းနောက်သူဟာပေါ်တူဂီသို့ထွက်ခွာသွားခဲ့ပါတယ်။သူဟာပေါ်တူဂီရဲ့နွေးတဲ့ရာသီဥတုကဒဏ်ရာပြန်ကောင်းရေးအထောက်အပံ့ဖြစ်စေမယ်လို့ယုံကြည်နေခဲ့တာလည်းဖြစ်ပါတယ်။

တကယ်တော့ခရစ္စတီယာနိုရော်နယ်ဒိုဟာပြီးခဲ့တဲ့တစ်ပတ်လုံး လန်းလန်းဆန်းဆန်းဖြင့်လေ့ကျင့်ခန်းဆင်းနေခဲ့တာဖြစ်ပြီးမန်စီးတီးနှင့်ပွဲတွင်ပါဝင်ကစားရန်စိတ်အားထက်သန်နေခဲ့ပါတယ်။ဒါပေမဲ့ယူနိုက်တက်ဆေးအဖွဲ့ကခရစ္စတီယာနိုရော်နယ်ဒိုတွင်တင်ပုဆုံဒဏ်ရာရရှိနေကြောင်း နည်းပြရန်းနစ်ခ်ကိုအသိပေးခဲ့ပါတယ်။ယင်းသို့အကြောင်းကြားမှုကြောင့်ရန်းနစ်ခ်ဟာရော်နယ်ဒိုကိုချန်လှပ်ထားခဲ့ရပါတယ်။

တဖက်တွင်ခရစ္စတီယာနိုရော်နယ်ဒိုဟာမနေ့က တနင်္လာနေ့အထိ ယူနိုက်တက်သို့ပြန်ရောက်လာခြင်းမရှိသေးပါဘူး။သူဟာယနေ့အင်္ဂါနေ့လေ့ကျင့်ခန်းအစီအစဉ်တွင်ပါဝင်မလား၊မပါဝင်ဘူးဆိုတာကိုလည်း ကလပ်ကမသိသေးပါဘူး။

ZawGyi

မန္စီးတီးပြဲတြင္ အရန္ခုံမွာ ထိုင္ရမယ္ဆိုတာ သိရၿပီးေနာက္ ဒဏ္ရာအေၾကာင္းျပၿပီး ေပၚတူဂီသို႔ ထြက္ခြာသြားခဲ့တဲ့ ေရာ္နယ္ဒို

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမန္ခ်က္စတာဒါဘီပြဲတြင္ပြဲထြက္ခြာရမွာမဟုတ္ဘဲ အရန္ခုံတြင္ထိုင္ေနရမယ္ဆိုတာသိရၿပီးေနာက္တင္ပုဆုံဒဏ္ရာကိုအေၾကာင္းျပကာေပၚတူဂီသို႔ထြက္ခြာသြားခဲ့ေၾကာင္းသိရပါတယ္။

ေပၚတူဂီစူပါစတားဟာမန္စီးတီးႏွင့္ပြဲတြင္အရန္ခုံတြင္ထိုင္ေနရမယ္လို႔ ယူႏိုက္တက္နည္းျပယာယီနည္းျပရန္းနစ္ခ္ရဲ႕အေၾကာင္းၾကားျခင္းခံရၿပီးေနာက္ အႀကီးအက်ယ္အံ့ဩခဲ့ရပါတယ္။

ရန္းနစ္ခ္ဟာမန္စီးတီးပြဲမတိုင္မီငါးပြဲဆက္ပြဲထြက္ကစားထားတဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုကိုအနားေပးလိုေနၿပီးအရန္အျဖစ္ဝင္ေရာက္ကစားပါက ထူးထူးျခားျခားျပဳလုပ္လာႏိုင္မယ္လို႔ယုံၾကည္ေနပါတယ္။

ဒါေပမဲ့လည္းေရာ္နယ္ဒိုဟာနည္းျပရဲ႕စကားကိုလက္မခံဘဲပြဲထြက္ကစားခြင့္သာရရွိလိုေနခဲ့ပါတယ္။ဒါေၾကာင့္လည္းသူဟာတင္ပုဆုံဒဏ္ရာကိုအေၾကာင္းျပကာမန္စီးတီးႏွင့္ပြဲတြင္အရန္အျဖစ္ပင္ပါဝင္မကစားရန္ဆုံးျဖတ္ခဲ့ပါတယ္။

ယင္းေနာက္သူဟာေပၚတူဂီသို႔ထြက္ခြာသြားခဲ့ပါတယ္။သူဟာေပၚတူဂီရဲ႕ေႏြးတဲ့ရာသီဥတုကဒဏ္ရာျပန္ေကာင္းေရးအေထာက္အပံ့ျဖစ္ေစမယ္လို႔ယုံၾကည္ေနခဲ့တာလည္းျဖစ္ပါတယ္။

တကယ္ေတာ့ခရစၥတီယာႏိုေရာ္နယ္ဒိုဟာၿပီးခဲ့တဲ့တစ္ပတ္လုံး လန္းလန္းဆန္းဆန္းျဖင့္ေလ့က်င့္ခန္းဆင္းေနခဲ့တာျဖစ္ၿပီးမန္စီးတီးႏွင့္ပြဲတြင္ပါဝင္ကစားရန္စိတ္အားထက္သန္ေနခဲ့ပါတယ္။ဒါေပမဲ့ယူႏိုက္တက္ေဆးအဖြဲ႕ကခရစၥတီယာႏိုေရာ္နယ္ဒိုတြင္တင္ပုဆုံဒဏ္ရာရရွိေနေၾကာင္း နည္းျပရန္းနစ္ခ္ကိုအသိေပးခဲ့ပါတယ္။ယင္းသို႔အေၾကာင္းၾကားမႈေၾကာင့္ရန္းနစ္ခ္ဟာေရာ္နယ္ဒိုကိုခ်န္လွပ္ထားခဲ့ရပါတယ္။

တဖက္တြင္ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမေန႔က တနလၤာေန႔အထိ ယူႏိုက္တက္သို႔ျပန္ေရာက္လာျခင္းမရွိေသးပါဘူး။သူဟာယေန႔အဂၤါေန႔ေလ့က်င့္ခန္းအစီအစဥ္တြင္ပါဝင္မလား၊မပါဝင္ဘူးဆိုတာကိုလည္း ကလပ္ကမသိေသးပါဘူး။