
အာဆင်နယ်ပရိသတ်များဟာမနေ့ညတုန်းကမန်စီးတီးနှင့်ပွဲစဉ်တွင်လက်ဆောင်ဂိုးပေးခဲ့တဲ့နောက်ခံလူတာကီဟီရိုတိုမီယာဆုကိုအသင်းခေါင်းဆောင်ပီသစွာတုံ့ပြန်ခဲ့တဲ့မာတင်အိုဒီဂတ်ကိုချီးကျူးလျက်ရှိကြပါတယ်။
ဂျပန်လက်ရွေးစင်နောက်ခံလူဟာမနေ့ညကပွဲတွင်ဂိုးသမားအေရွန်ရမ်ဒေလ်ကိုနောက်ပြန်ပေးပို့မှုပြုလုပ်ခဲ့ပြီးကီဗင်ဒီဘရိုင်းကကြားဖြတ်လုယူကာမန်စီးတီးအတွက်ဦးဆောင်ဂိုးသွင်းခဲ့ပါတယ်။
တိုမီယာဆုဟာဘင်ဝှိုက်ကိုကျော်ဖြတ်ပြီးပွဲထွက်ကစားရချိန်တွင်အမှားပြုလုပ်လိုက်မှုနဲ့အတူအကြီးအကျယ်စိတ်ပျက်နေခဲ့ပါတယ်။
မန်စီးတီးအသင်းအောင်ပွဲခံနေချိန်တွင်အာဆင်နယ်အသင်းခေါင်းဆောင်မာတင်အိုဒီဂတ်ဟာစိတ်ပျက်နေတဲ့ကစားဖော်တိုမီယာဆုဆီသို့သွားရောက်ကာခေါင်းမော့ရင်ကော့ကစားရန်မေးရိုးကိုကိုင်တွယ်ပြီးပြောကြားခဲ့ပါတယ်။
အာဆင်နယ်ပရိသတ်များဟာအိုဒီဂတ်ရဲ့အသင်းခေါင်းဆောင်အရည်အသွေးနှင့်ပတ်သက်ပြီးကျေနပ်လျက်ရှိကြပါတယ်။
မနေ့ညကပွဲတွင်အာဆင်နယ်ဟာဆာကာရဲ့ပင်နယ်တီကြောင့်ချေပဂိုးရခဲ့ပေမဲ့ဂျက်ဂရဲလ်လစ်ရှ်နဲ့အာလင်းဟာလန်းတို့ကဂိုးထပ်မံသွင်းယူခဲ့ကြလို့မန်စီးတီးကို၃-၁ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။
ZawGyi
မန္စီးတီးဘက္သို႔ လက္ေဆာင္ဂိုးေပးခဲ့တဲ့ တိုမီယာဆုကို အသင္းေခါင္းေဆာင္ပီသစြာတုံ႔ျပန္ခဲ့တဲ့ အိုဒီဂတ္
အာဆင္နယ္ပရိသတ္မ်ားဟာမေန႔ညတုန္းကမန္စီးတီးႏွင့္ပြဲစဥ္တြင္လက္ေဆာင္ဂိုးေပးခဲ့တဲ့ေနာက္ခံလူတာကီဟီ႐ိုတိုမီယာဆုကိုအသင္းေခါင္းေဆာင္ပီသစြာတုံ႔ျပန္ခဲ့တဲ့မာတင္အိုဒီဂတ္ကိုခ်ီးက်ဴးလ်က္ရွိၾကပါတယ္။
ဂ်ပန္လက္ေ႐ြးစင္ေနာက္ခံလူဟာမေန႔ညကပြဲတြင္ဂိုးသမားေအ႐ြန္ရမ္ေဒလ္ကိုေနာက္ျပန္ေပးပို႔မႈျပဳလုပ္ခဲ့ၿပီးကီဗင္ဒီဘ႐ိုင္းကၾကားျဖတ္လုယူကာမန္စီးတီးအတြက္ဦးေဆာင္ဂိုးသြင္းခဲ့ပါတယ္။
တိုမီယာဆုဟာဘင္ဝႈိက္ကိုေက်ာ္ျဖတ္ၿပီးပြဲထြက္ကစားရခ်ိန္တြင္အမွားျပဳလုပ္လိုက္မႈနဲ႔အတူအႀကီးအက်ယ္စိတ္ပ်က္ေနခဲ့ပါတယ္။
မန္စီးတီးအသင္းေအာင္ပြဲခံေနခ်ိန္တြင္အာဆင္နယ္အသင္းေခါင္းေဆာင္မာတင္အိုဒီဂတ္ဟာစိတ္ပ်က္ေနတဲ့ကစားေဖာ္တိုမီယာဆုဆီသို႔သြားေရာက္ကာေခါင္းေမာ့ရင္ေကာ့ကစားရန္ေမး႐ိုးကိုကိုင္တြယ္ၿပီးေျပာၾကားခဲ့ပါတယ္။
အာဆင္နယ္ပရိသတ္မ်ားဟာအိုဒီဂတ္ရဲ႕အသင္းေခါင္းေဆာင္အရည္အေသြးႏွင့္ပတ္သက္ၿပီးေက်နပ္လ်က္ရွိၾကပါတယ္။
မေန႔ညကပြဲတြင္အာဆင္နယ္ဟာဆာကာရဲ႕ပင္နယ္တီေၾကာင့္ေခ်ပဂိုးရခဲ့ေပမဲ့ဂ်က္ဂရဲလ္လစ္ရွ္နဲ႔အာလင္းဟာလန္းတို႔ကဂိုးထပ္မံသြင္းယူခဲ့ၾကလို႔မန္စီးတီးကို၃-၁ဂိုးျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။