မန်စီးတီးမှထွက်ခွာမည်ဟု ကြေညာပြီးနောက် အဂူရိုကို ကမ်းလှမ်းထားတဲ့ကလပ်ငါးခုတွင် သရဲနီပါဝင်

မန်ယူဟာမြို့ခံပြိုင်ဘက်ကလပ်မန်စီးတီးမှထွက်ခွာလာမယ့်ဝါရင့်တိုက်စစ်မှူးဆာဂျီယိုအဂူရိုအားအံ့ဩသင့်ဖွယ်ကမ်းလှမ်းမှုပြုလုပ်ထားကြောင်းသိရပါတယ်။

တနင်္လာနေ့တုန်းကမန်စီးတီးကကလပ်သမိုင်းတွင်ဂိုးအများဆုံးသွင်းယူသူအဖြစ်ရပ်တည်နေတဲ့ဆာဂျီယိုအဂူရိုမှာစာချုပ်သက်တမ်းကုန်ဆုံးမယ့်လာမယ့်ဇွန်လတွင်၁၀နှစ်ကြာကစားလာခဲ့တဲ့မန်စီးတီးမှထွက်ခွာမှာဖြစ်ကြောင်းကြေညာခဲ့ပါတယ်။

ပြင်သစ်သတင်းစာ Foot Mercato ကအာဂျင်တီးနားတိုက်စစ်မှူးအားဥရောပထိပ်သီးကလပ်ငါးခုတို့ကတရားဝင်ကမ်းလှမ်းမှုပြုလုပ်ထားပြီးယင်းအထဲတွင်မန်ယူအသင်းလည်းပါဝင်ကြောင်းဖော်ပြသွားပါတယ်။

ဆာဂျီယိုအဂူရိုအားကမ်းလှမ်းမှုပြုလုပ်ထားတဲ့ထိပ်သီးကလပ်ငါးခုတို့ကပီအက်စ်ဂျီ၊မန်ယူ၊အင်တာမီလန်၊အေစီမီလန်နှင့်ချဲလ်ဆီးတို့ဖြစ်ပါတယ်။

ဒါပေမယ့်ယင်းကလပ်ငါးခုတို့မှာမန်ချက်စတာအခြေစိုက်မန်ယူကအဂူရိုကိုခေါ်ယူဖို့ရေပန်းအစားဆုံးဖြစ်နေပါတယ်။အခြားတစ်ဖက်တွင်မန်ယူရဲ့အဂူရိုကိုခေါ်ယူရေးအစီအစဉ်မှာအက်ဒီဆင်ကာဗာနီအားဆက်ထိန်းထားနိုင်/မနိုင်အပေါ်တွင်လည်းမူတည်နေပါတယ်။

အက်ဒီဆင်ကာဗာနီဟာယခုရာသီအကုန်တွင်မန်ယူနှင့်စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီးတစ်နှစ်သက်တမ်းတိုးနိုင်မယ့်အချက်ကိုလက်ခံ/မခံမသိရသေးပါဘူး။ကာဗာနီဟာမန်ယူတွင်ပျော်ရွှင်နေသော်လည်းရာသီဥတုနှင့်မိသားစုတို့ကြောင့်တောင်အမေရိကသို့ပြန်လည်ပြောင်းရွှေ့လိုနေပါတယ်။

ZawGyi

မန္စီးတီးမွထြက္ခြာမည္ဟု ေၾကညာၿပီးေနာက္ အဂူ႐ိုကို ကမ္းလွမ္းထားတဲ့ကလပ္ငါးခုတြင္ သရဲနီပါဝင္

မန္ယူဟာၿမိဳ႕ခံၿပိဳင္ဘက္ကလပ္မန္စီးတီးမွထြက္ခြာလာမယ့္ဝါရင့္တိုက္စစ္မႉးဆာဂ်ီယိုအဂူ႐ိုအားအံ့ဩသင့္ဖြယ္ကမ္းလွမ္းမႈျပဳလုပ္ထားေၾကာင္းသိရပါတယ္။

တနလၤာေန႔တုန္းကမန္စီးတီးကကလပ္သမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္ရပ္တည္ေနတဲ့ဆာဂ်ီယိုအဂူ႐ိုမွာစာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္လာမယ့္ဇြန္လတြင္၁၀ႏွစ္ၾကာကစားလာခဲ့တဲ့မန္စီးတီးမွထြက္ခြာမွာျဖစ္ေၾကာင္းေၾကညာခဲ့ပါတယ္။

ျပင္သစ္သတင္းစာ Foot Mercato ကအာဂ်င္တီးနားတိုက္စစ္မႉးအားဥေရာပထိပ္သီးကလပ္ငါးခုတို႔ကတရားဝင္ကမ္းလွမ္းမႈျပဳလုပ္ထားၿပီးယင္းအထဲတြင္မန္ယူအသင္းလည္းပါဝင္ေၾကာင္းေဖာ္ျပသြားပါတယ္။

ဆာဂ်ီယိုအဂူ႐ိုအားကမ္းလွမ္းမႈျပဳလုပ္ထားတဲ့ထိပ္သီးကလပ္ငါးခုတို႔ကပီအက္စ္ဂ်ီ၊မန္ယူ၊အင္တာမီလန္၊ေအစီမီလန္ႏွင့္ခ်ဲလ္ဆီးတို႔ျဖစ္ပါတယ္။

ဒါေပမယ့္ယင္းကလပ္ငါးခုတို႔မွာမန္ခ်က္စတာအေျခစိုက္မန္ယူကအဂူ႐ိုကိုေခၚယူဖို႔ေရပန္းအစားဆုံးျဖစ္ေနပါတယ္။အျခားတစ္ဖက္တြင္မန္ယူရဲ႕အဂူ႐ိုကိုေခၚယူေရးအစီအစဥ္မွာအက္ဒီဆင္ကာဗာနီအားဆက္ထိန္းထားႏိုင္/မႏိုင္အေပၚတြင္လည္းမူတည္ေနပါတယ္။

အက္ဒီဆင္ကာဗာနီဟာယခုရာသီအကုန္တြင္မန္ယူႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမည္ျဖစ္ၿပီးတစ္ႏွစ္သက္တမ္းတိုးႏိုင္မယ့္အခ်က္ကိုလက္ခံ/မခံမသိရေသးပါဘူး။ကာဗာနီဟာမန္ယူတြင္ေပ်ာ္႐ႊင္ေနေသာ္လည္းရာသီဥတုႏွင့္မိသားစုတို႔ေၾကာင့္ေတာင္အေမရိကသို႔ျပန္လည္ေျပာင္းေ႐ႊ႕လိုေနပါတယ္။