မန်စီးတီးမှထွက်ခွာမယ့်ကာလကို ဂွါဒီယိုလာအတည်ပြုကြေညာလာ

ပက်ဂွါဒီယိုလာကလာမယ့်ဘောလုံးရာသီအကုန်တွင်မန်စီးတီးမှထွက်ခွာမည်ဖြစ်ကြောင်းအတည်ပြုကြေညာလာပါတယ်။

စပိန်လူမျိုးနည်းပြဟာမန်စီးတီးနှင့်စာချုပ်သက်တမ်းကုန်ဆုံးမယ့်၂၀၂၃ခုနှစ်အကုန်တွင်ထွက်ခွာမှာလည်းဖြစ်ပါတယ်။

အသက်၅၀နှစ်ရှိနည်းပြဟာမန်စီးတီးနှင့်စာချုပ်သက်တမ်းကုန်ဆုံးပြီးပါကကလပ်နည်းပြလောကကိုစွန့်ခွာကာလက်ရွေးစင်အသင်းနည်းပြလောကသို့ဝင်ရောက်သွားရန်စီစဉ်ထားပါတယ်။

ဂွါဒီယိုလာက “မန်စီးတီးမှာခုနှစ်နှစ်ကြာတာဝန်ထမ်းဆောင်ပြီးရင်တစ်ထောက်နားဖို့အချိန်ကျလာပြီလို့ထင်ပါတယ်။တစ်ချက်နားပြီးအခြားနည်းပြတွေဆီကသင်ယူရပါမယ်။လက်ရွေးစင်နည်းပြဖြစ်ချင်ပါတယ်။ဥရောပချန်ပီယံရှစ်၊ကိုပါအမေရိကချန်ပီယံရှစ်၊ကမ္ဘာ့ဖလားအတွေ့အကြုံလိုချင်ပါတယ်။လက်ရွေးစင်အသင်းတစ်သင်းကကျွန်တော့်ရဲ့နောက်ခြေလှမ်းဖြစ်လာပါမယ်။နောက်ထပ်ခြေလှမ်းဖြစ်လာမှာပါ”လို့ပြောကြားသွားပါတယ်။

လက်ရှိအချိန်တွင်မန်စီးတီးနည်းပြပက်ဂွါဒီယိုလာဟာတစ်နှစ်လုပ်ခပေါင်သန်း၂၀ဖြင့်ပရီးမီးယားလိဂ်တွင်လုပ်ခအများဆုံးနည်းပြအဖြစ်ရပ်တည်နေသူဖြစ်ပါတယ်။

ZawGyi

မန္စီးတီးမွထြက္ခြာမယ့္ကာလကို ဂြါဒီယိုလာအတည္ျပဳေၾကညာလာ

ပက္ဂြါဒီယိုလာကလာမယ့္ေဘာလုံးရာသီအကုန္တြင္မန္စီးတီးမွထြက္ခြာမည္ျဖစ္ေၾကာင္းအတည္ျပဳေၾကညာလာပါတယ္။

စပိန္လူမ်ိဳးနည္းျပဟာမန္စီးတီးႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္၂၀၂၃ခုႏွစ္အကုန္တြင္ထြက္ခြာမွာလည္းျဖစ္ပါတယ္။

အသက္၅၀ႏွစ္ရွိနည္းျပဟာမန္စီးတီးႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးၿပီးပါကကလပ္နည္းျပေလာကကိုစြန႔္ခြာကာလက္ေ႐ြးစင္အသင္းနည္းျပေလာကသို႔ဝင္ေရာက္သြားရန္စီစဥ္ထားပါတယ္။

ဂြါဒီယိုလာက “မန္စီးတီးမွာခုႏွစ္ႏွစ္ၾကာတာဝန္ထမ္းေဆာင္ၿပီးရင္တစ္ေထာက္နားဖို႔အခ်ိန္က်လာၿပီလို႔ထင္ပါတယ္။တစ္ခ်က္နားၿပီးအျခားနည္းျပေတြဆီကသင္ယူရပါမယ္။လက္ေ႐ြးစင္နည္းျပျဖစ္ခ်င္ပါတယ္။ဥေရာပခ်န္ပီယံရွစ္၊ကိုပါအေမရိကခ်န္ပီယံရွစ္၊ကမာၻ႔ဖလားအေတြ႕အႀကဳံလိုခ်င္ပါတယ္။လက္ေ႐ြးစင္အသင္းတစ္သင္းကကြၽန္ေတာ့္ရဲ႕ေနာက္ေျခလွမ္းျဖစ္လာပါမယ္။ေနာက္ထပ္ေျခလွမ္းျဖစ္လာမွာပါ”လို႔ေျပာၾကားသြားပါတယ္။

လက္ရွိအခ်ိန္တြင္မန္စီးတီးနည္းျပပက္ဂြါဒီယိုလာဟာတစ္ႏွစ္လုပ္ခေပါင္သန္း၂၀ျဖင့္ပရီးမီးယားလိဂ္တြင္လုပ္ခအမ်ားဆုံးနည္းျပအျဖစ္ရပ္တည္ေနသူျဖစ္ပါတယ္။