မန်စီးတီးမှထွက်ခွာရန် တံခါးဖွင့်ထားကြောင်း စတာလင်းဖွင့်ဟ

ရာဟမ်းစတာလင်းကမန်စီးတီးမှထွက်ခွာရန်တံခါးဖွင့်ထားကြောင်းဖွင့်ဟပြောကြားလိုက်ပြီးနိုင်ငံခြားသို့သွားကစားလိုကြောင်းလည်းပြောကြားလိုက်ပါတယ်။

စတာလင်းဟာ၂၀၁၅ခုနှစ်နွေရာသီတွင်လီဗာပူးမှပေါင်သန်း၅၀ဖြင့်ရောက်လာပြီးနောက်မန်စီးတီးတွင်ခြောက်ရာသီတိုင်အဓိကကစားသမားအဖြစ်ကစားခွင့်ရရှိလာသူဖြစ်ပါတယ်။

သူဟာမန်စီးတီးနှင့်အတူပရီးမီးယားလိဂ်ဖလားသုံးကြိမ်အပါအဝင်ပြည်တွင်းဖလားအမြောက်အမြားဆွတ်ခူးနိုင်ခဲ့ပါတယ်။ဒါပေမယ့်သူဟာယခုရာသီမှာတော့မန်စီးတီးတွင်နေရာရရှိရုန်းကန်လာရပါတယ်။ဒါကြောင့်လည်းသူဟာလာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာအသင်းပြောင်းကစားရန်တံခါးဖွင့်ထားပါတယ်။

စတာလင်းက “ပွဲကစားခွင့်ရဖို့အတွက်တစ်နေရာသို့သွားကစားရမယ်ဆိုရင်သွားကစားပါမယ်။ဘောလုံးကကျွန်တော့်အတွက်အရေးအပါဆုံးအရာပါ။တစ်နေ့မှာနိုင်ငံခြားသို့သွားကစားချင်ပါတယ်။စိန်ခေါ်မှုကိုဘယ်လိုရင်ဆိုင်ရမလဲကြည့်ရပါမယ်။ဘောလုံးနဲ့အတူပါလာတဲ့အရာတွေထဲကငွေကအရေးကြီးတဲ့အရာဆိုပေမယ့်နောက်ဆုံးမှာတော့ပွဲကစားခွင့်ရရှိရေးကအရေးအကြီးဆုံးပါ။ပွဲကစားရရင်မပျော်ပါဘူး။ပျော်ချင်တယ်ဆိုရင်ပွဲကစားခွင့်ရဖို့လိုပါတယ်။မိသားစုကလည်းပျော်ရွှင်ဖို့အရေးပါတယ်ဆိုပေမယ့်ဘောလုံးကကျွန်တော့်နှလုံးသားထဲမှာအထူးနေရာတစ်နေရာရယူထားပါတယ်”လို့ပြောကြားသွားပါတယ်။

သူဟာယခုရာသီမှာမန်စီးတီးအတွက်၁၀ပွဲကစားခွင့်ရရှိထားတယ်ဆိုပေမယ့်တစ်ပွဲတည်းသာပွဲထွက်ခွင့်ရထားပြီး၁ဂိုးသွင်းကာ၁ကြိမ်ဖန်တီးထားပါတယ်။လက်ရှိအချိန်တွင်စတာလင်းကိုခေါ်ယူရန်ဘာစီလိုနာ၊ရီးရဲလ်မက်ဒရစ်နှင့်နယူးကာဆယ်တို့ကစိတ်ဝင်စားနေပါတယ်။

ZawGyi

မန္စီးတီးမွထြက္ခြာရန္ တံခါးဖြင့္ထားေၾကာင္း စတာလင္းဖြင့္ဟ

ရာဟမ္းစတာလင္းကမန္စီးတီးမွထြက္ခြာရန္တံခါးဖြင့္ထားေၾကာင္းဖြင့္ဟေျပာၾကားလိုက္ၿပီးႏိုင္ငံျခားသို႔သြားကစားလိုေၾကာင္းလည္းေျပာၾကားလိုက္ပါတယ္။

စတာလင္းဟာ၂၀၁၅ခုႏွစ္ေႏြရာသီတြင္လီဗာပူးမွေပါင္သန္း၅၀ျဖင့္ေရာက္လာၿပီးေနာက္မန္စီးတီးတြင္ေျခာက္ရာသီတိုင္အဓိကကစားသမားအျဖစ္ကစားခြင့္ရရွိလာသူျဖစ္ပါတယ္။

သူဟာမန္စီးတီးႏွင့္အတူပရီးမီးယားလိဂ္ဖလားသုံးႀကိမ္အပါအဝင္ျပည္တြင္းဖလားအေျမာက္အျမားဆြတ္ခူးႏိုင္ခဲ့ပါတယ္။ဒါေပမယ့္သူဟာယခုရာသီမွာေတာ့မန္စီးတီးတြင္ေနရာရရွိ႐ုန္းကန္လာရပါတယ္။ဒါေၾကာင့္လည္းသူဟာလာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္မွာအသင္းေျပာင္းကစားရန္တံခါးဖြင့္ထားပါတယ္။

စတာလင္းက “ပြဲကစားခြင့္ရဖို႔အတြက္တစ္ေနရာသို႔သြားကစားရမယ္ဆိုရင္သြားကစားပါမယ္။ေဘာလုံးကကြၽန္ေတာ့္အတြက္အေရးအပါဆုံးအရာပါ။တစ္ေန႔မွာႏိုင္ငံျခားသို႔သြားကစားခ်င္ပါတယ္။စိန္ေခၚမႈကိုဘယ္လိုရင္ဆိုင္ရမလဲၾကည့္ရပါမယ္။ေဘာလုံးနဲ႔အတူပါလာတဲ့အရာေတြထဲကေငြကအေရးႀကီးတဲ့အရာဆိုေပမယ့္ေနာက္ဆုံးမွာေတာ့ပြဲကစားခြင့္ရရွိေရးကအေရးအႀကီးဆုံးပါ။ပြဲကစားရရင္မေပ်ာ္ပါဘူး။ေပ်ာ္ခ်င္တယ္ဆိုရင္ပြဲကစားခြင့္ရဖို႔လိုပါတယ္။မိသားစုကလည္းေပ်ာ္႐ႊင္ဖို႔အေရးပါတယ္ဆိုေပမယ့္ေဘာလုံးကကြၽန္ေတာ့္ႏွလုံးသားထဲမွာအထူးေနရာတစ္ေနရာရယူထားပါတယ္”လို႔ေျပာၾကားသြားပါတယ္။

သူဟာယခုရာသီမွာမန္စီးတီးအတြက္၁၀ပြဲကစားခြင့္ရရွိထားတယ္ဆိုေပမယ့္တစ္ပြဲတည္းသာပြဲထြက္ခြင့္ရထားၿပီး၁ဂိုးသြင္းကာ၁ႀကိမ္ဖန္တီးထားပါတယ္။လက္ရွိအခ်ိန္တြင္စတာလင္းကိုေခၚယူရန္ဘာစီလိုနာ၊ရီးရဲလ္မက္ဒရစ္ႏွင့္နယူးကာဆယ္တို႔ကစိတ္ဝင္စားေနပါတယ္။