မန်စီးတီးမှာ အကောင်းဆုံးပုံစံ ပြန်လည်ရရှိလာပြီဟု ဖိုဒန်ပြောကြား

ဖီးလ်ဖိုဒန်ကမန်စီးတီးအသင်းမှာအကောင်းဆုံးပုံစံပြန်လည်ရရှိလာခဲ့ပြီဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။ မန်စီးတီးဟာမနေ့ညတုန်းကဘရိုက်တန်နှင့်ပရီးမီးယားလိဂ်ပွဲစဉ်တွင်၁-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။

ဘရိုက်တန်နှင့်ပွဲစဉ်ပထမပိုင်းတွင်ဖီးလ်ဖိုဒန်ဟာမန်စီးတီးအတွက်တစ်လုံးတည်းသောအနိုင်ဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ်။မန်စီးတီးဟာယင်းနိုင်ပွဲကြောင့်နောက်ဆုံး၁၄ပွဲတွင်၁၁ပွဲအထိဂိုးပေးထားရခြင်းမရှိပါဘူး။ဖိုဒန်ဟာလည်းယင်းဂိုးကြောင့်ယခုရာသီပြိုင်ပွဲအရပ်ရပ်သွင်းဂိုး၈ဂိုးဖြင့်မန်စီးတီးရဲ့ဂိုးအများဆုံးသွင်းယူသူအဖြစ်ရပ်တည်နေပါတယ်။

ဖိုဒန်က “ကျွန်တော်တို့အကောင်းဆုံးပုံစံပြန်လည်ရရှိနေပြီလို့ခံစားရပါတယ်။ပြီးခဲ့တဲ့ပွဲရလဒ် တွေကနေကျွန်တော် တို့ရဲ့ ယုံကြည်မှုတွေလည်းမြင့်မားလာခဲ့ပါတယ်”လို့ပြောကြားသွားပါတယ်။

ယင်းပွဲစဉ်တွင်မန်စီးတီးစတားစတာလင်းဟာပင်နယ်တီမဝင်ခဲ့တာကြောင့်သုံးနှစ်ခွဲကျော်ကာလအတွင်းပရီးမီးယားလိဂ်တွင်ပင်နယ်တီသုံးကြိမ်ဆက်မဝင်တဲ့ကစားသမားဖြစ်လာခဲ့ပါတယ်။

မန်စီးတီးဟာယင်းနိုင်ပွဲကြောင့်ပရီးမီးယားလိဂ်အမှတ်ပေးဇယားအဆင့်၃နေရာတွင်ရပ်တည်လာနိုင်ပြီးမြို့ခံပြိုင် ဘက်မန်ယူ၊လီဗာပူးတို့နှင့်အတူပရီးမီးယားလိဂ်ဖလားအတွက်စိန်ခေါ်နေပါတယ်။

ZawGyi

မန္စီးတီးမွာ အေကာင္းဆုံးပုံစံ ျပန္လည္ရရွိလာၿပီဟု ဖိုဒန္ေျပာၾကား

ဖီးလ္ဖိုဒန္ကမန္စီးတီးအသင္းမွာအေကာင္းဆုံးပုံစံျပန္လည္ရရွိလာခဲ့ၿပီျဖစ္ေၾကာင္းေျပာၾကားလိုက္ပါတယ္။ မန္စီးတီးဟာမေန႔ညတုန္းကဘ႐ိုက္တန္ႏွင့္ပရီးမီးယားလိဂ္ပြဲစဥ္တြင္၁-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။

ဘ႐ိုက္တန္ႏွင့္ပြဲစဥ္ပထမပိုင္းတြင္ဖီးလ္ဖိုဒန္ဟာမန္စီးတီးအတြက္တစ္လုံးတည္းေသာအႏိုင္ဂိုးကိုသြင္းယူႏိုင္ခဲ့ပါတယ္။မန္စီးတီးဟာယင္းႏိုင္ပြဲေၾကာင့္ေနာက္ဆုံး၁၄ပြဲတြင္၁၁ပြဲအထိဂိုးေပးထားရျခင္းမရွိပါဘူး။ဖိုဒန္ဟာလည္းယင္းဂိုးေၾကာင့္ယခုရာသီၿပိဳင္ပြဲအရပ္ရပ္သြင္းဂိုး၈ဂိုးျဖင့္မန္စီးတီးရဲ႕ဂိုးအမ်ားဆုံးသြင္းယူသူအျဖစ္ရပ္တည္ေနပါတယ္။

ဖိုဒန္က “ကြၽန္ေတာ္တို႔အေကာင္းဆုံးပုံစံျပန္လည္ရရွိေနၿပီလို႔ခံစားရပါတယ္။ၿပီးခဲ့တဲ့ပြဲရလဒ္ ေတြကေနကြၽန္ေတာ္ တို႔ရဲ႕ ယုံၾကည္မႈေတြလည္းျမင့္မားလာခဲ့ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ယင္းပြဲစဥ္တြင္မန္စီးတီးစတားစတာလင္းဟာပင္နယ္တီမဝင္ခဲ့တာေၾကာင့္သုံးႏွစ္ခြဲေက်ာ္ကာလအတြင္းပရီးမီးယားလိဂ္တြင္ပင္နယ္တီသုံးႀကိမ္ဆက္မဝင္တဲ့ကစားသမားျဖစ္လာခဲ့ပါတယ္။

မန္စီးတီးဟာယင္းႏိုင္ပြဲေၾကာင့္ပရီးမီးယားလိဂ္အမွတ္ေပးဇယားအဆင့္၃ေနရာတြင္ရပ္တည္လာႏိုင္ၿပီးၿမိဳ႕ခံၿပိဳင္ ဘက္မန္ယူ၊လီဗာပူးတို႔ႏွင့္အတူပရီးမီးယားလိဂ္ဖလားအတြက္စိန္ေခၚေနပါတယ္။