မန်စီးတီးမှ ထွက်ခွာမယ့် စာရင်းတွင် အသင်းခေါင်းဆောင်ဖာနန်ဒင်ဟိုလည်းပါဝင်

ဖာနန်ဒင်ဟိုဟာယခုနွေရာသီတွင်မန်စီးတီးမှထွက်ခွာနိုင်ကြောင်းသိရပါတယ်။အသက်၃၆နှစ်ရှိမန်စီးတီးအသင်းခေါင်းဆောင်ဟာမန်စီးတီးကထုတ်ပြန်ကြေညာတဲ့ယခုနွေတွင်ထွက်ခွာမယ့်စာရင်းမှာအံ့ဩသင့်ဖွယ်ပါဝင်နေတာလည်းဖြစ်ပါတယ်။

ဘရာဇီးကစားသမားဟာယခုလအကုန်တွင်မန်စီးတီးနှင့်စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပြီးသူ့အနာဂတ်ကမရေမရာဖြစ်နေပါတယ်။

ဖာနန်ဒင်ဟိုဟာမန်စီးတီးကထုတ်ပြန်တဲ့စာရင်းမှာပါဝင်နေတယ်ဆိုပေမယ့်အီတီဟတ်မှာဆက်ရှိနိုင်ပါသေးတယ်။လက်ရှိအချိန်မှာမန်စီးတီးဘက်ကရောဖာနန်ဒင်ဟိုဖက်ဘက်ကလမ်းခွဲလိုက်ပြီဖြစ်ကြောင်းတရားဝင်ကြေညာတာမရှိသေးပါဘူး။

ဒါပေမယ့်ဖာနန်ဒင်ဟိုအနေဖြင့်အခြားကလပ်များနှင့်လွတ်လပ်စွာဆွေးနွေးခွင့်ရှိနေပါတယ်။

ဖာနန်ဒင်ဟိုဟာ၂၀၁၃ခုနှစ်တွင်ရှက်တာဒိုးနက်စ်မှပြောင်းလာပြီးနောက်မန်စီးတီးနှင့်အတူပရီးမီးယားလိဂ်ဖလား၄ကြိမ်၊လိဂ်ဖလား၆ကြိမ်ဆွတ်ခူးနိုင်ခဲ့ကာပွဲ၃၅၀ကစားပေးခဲ့ပါတယ်။

ZawGyi

မန္စီးတီးမွ ထြက္ခြာမယ့္ စာရင္းတြင္ အသင္းေခါင္းေဆာင္ဖာနန္ဒင္ဟိုလည္းပါဝင္

ဖာနန္ဒင္ဟိုဟာယခုေႏြရာသီတြင္မန္စီးတီးမွထြက္ခြာႏိုင္ေၾကာင္းသိရပါတယ္။အသက္၃၆ႏွစ္ရွိမန္စီးတီးအသင္းေခါင္းေဆာင္ဟာမန္စီးတီးကထုတ္ျပန္ေၾကညာတဲ့ယခုေႏြတြင္ထြက္ခြာမယ့္စာရင္းမွာအံ့ဩသင့္ဖြယ္ပါဝင္ေနတာလည္းျဖစ္ပါတယ္။

ဘရာဇီးကစားသမားဟာယခုလအကုန္တြင္မန္စီးတီးႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမွာျဖစ္ၿပီးသူ႔အနာဂတ္ကမေရမရာျဖစ္ေနပါတယ္။

ဖာနန္ဒင္ဟိုဟာမန္စီးတီးကထုတ္ျပန္တဲ့စာရင္းမွာပါဝင္ေနတယ္ဆိုေပမယ့္အီတီဟတ္မွာဆက္ရွိႏိုင္ပါေသးတယ္။လက္ရွိအခ်ိန္မွာမန္စီးတီးဘက္ကေရာဖာနန္ဒင္ဟိုဖက္ဘက္ကလမ္းခြဲလိုက္ၿပီျဖစ္ေၾကာင္းတရားဝင္ေၾကညာတာမရွိေသးပါဘူး။

ဒါေပမယ့္ဖာနန္ဒင္ဟိုအေနျဖင့္အျခားကလပ္မ်ားႏွင့္လြတ္လပ္စြာေဆြးေႏြးခြင့္ရွိေနပါတယ္။

ဖာနန္ဒင္ဟိုဟာ၂၀၁၃ခုႏွစ္တြင္ရွက္တာဒိုးနက္စ္မွေျပာင္းလာၿပီးေနာက္မန္စီးတီးႏွင့္အတူပရီးမီးယားလိဂ္ဖလား၄ႀကိမ္၊လိဂ္ဖလား၆ႀကိမ္ဆြတ္ခူးႏိုင္ခဲ့ကာပြဲ၃၅၀ကစားေပးခဲ့ပါတယ္။