မန်စီးတီးရရှိသွားတဲ့ ဒုတိယဂိုးနှင့်ပတ်သက်ပြီး ဟယ်ရီမက်ဂွိုင်းယား ဝေဖန်ခံနေရ

ဟယ်ရီမက်ဂွိုင်းယားဟာမနေ့ညတုန်းကမန်စီးတီးအားဂိုးပြတ်ရှုံးနိမ့်သွားတဲ့ မန်ချက်စတာဒါဘီပွဲစဉ်မှ မန်စီးတီးရရှိသွားတဲ့ဒုတိယဂိုးနဲ့ပတ်သက်ပြီးဝေဖန်ပြစ်တင်ခြင်းခံနေရပါတယ်။

မနေ့ညတုန်းကမန်ချက်စတာဒါဘီပွဲတွင်ကီဗင်ဒီဘရိုင်းကမန်စီးတီးအတွက်ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး ဂျာဒွန်ဆန်ချိုကယူနိုက်တက်အတွက်ချေပဂိုးသွင်းယူခဲ့ပါတယ်။

ဒါပေမဲ့ဘယ်လ်ဂျီယံစတားကဘဲခြောက်မိနစ်အကြာမှာမန်စီးတီးအတွက်ဦးဆောင်ဂိုးသွင်းယူခဲ့ပါတယ်။ယင်းဂိုးမှာယူနိုက်တက်ခံစစ်သမားများရဲ့ညံ့ဖျင်းလှတဲ့ခံစစ်ကြောင့်ရရှိသွားတာဖြစ်ပါတယ်။

အထူးသဖြင့်ဟယ်ရီမက်ဂွိုင်းယားရဲ့ရယ်စရာကောင်းလှတဲ့ရွေးချယ်မှုကြောင့်ဂိုးလိုက်ရတာဆိုရင်လည်းမမှားပါဘူး။

ဒီဂီယာကဖီးလ်ဖိုဒန်ရဲ့ကန်ချက်ကိုကာကွယ်လိုက်ပြီးနောက် ဘောလုံးကအံထွက်ကာယူနိုက်တက်အသင်းခေါင်းဆောင်ဆီသို့ရောက်လာခဲ့ပါတယ်။ဘောလုံးဟာမက်ဂွိုင်းယားရဲ့ပေါင်ကြားကထွက်သွားပါတယ်။

ယင်းနောက်ဘာနာဒိုဆေးလ်ဗားကကန်ခဲ့ပေမဲ့ပိတ်ဆို့ခံရပေမဲ့ဒီဘရိုင်းကနေ နောက်ထပ်သွေးအေးအေးဖြင့်ကန်ကာမန်စီးတီးအတွက်ဒုတိယဂိုးကိုသွင်းယူခဲ့ပါတယ်။

ယူနိုက်တက်ပရိသတ်များဟာဟယ်ရီမက်ဂွိုင်းယားကို ဘောလုံးအံထွက်လာချိန်တွင်ထောင့်ကန်ဘောလုပ်ပြီးရှင်းလင်းမှုမပြုလုပ်မှုအတွက်ဝေဖန်နေကြပါတယ်။

ပရိသတ်တစ်ဦးက “ပထမနှစ်ဂိုးလုံးကသူ့အမှားကြောင့်ပဲ”လို့ပြောကြားသွားပါတယ်။နောက်တစ်ဦးကလည်း ‘သူကန်ဖို့ကြိုးစားတယ်။လွဲသွားတယ်။ဒီလောက်ဆိုးတာမရှိဘူးထင်တယ်”လို့ပြောကြားသွားပါတယ်။အခြားတစ်ဦးကလည်း “ဒီကောင့်ကိုရောင်းလိုက်ပါတော့။ဒီကောင့်ကိုစိတ်ပျက်နေပြီ။ဘာကြောင့်ကလပ်မအောင်မြင်သလဲဆိုတာရှင်းရှင်းလေးပါ။ဘာတန်ဖိုးမှမရှိတဲ့ကောင်”လို့ဆိုသွားပါတယ်။

ZawGyi

မန္စီးတီးရရွိသြားတဲ့ ဒုတိယဂိုးႏွင့္ပတ္သက္ၿပီး ဟယ္ရီမက္ဂြိဳင္းယား ေဝဖန္ခံေနရ

ဟယ္ရီမက္ဂြိဳင္းယားဟာမေန႔ညတုန္းကမန္စီးတီးအားဂိုးျပတ္ရႈံးနိမ့္သြားတဲ့ မန္ခ်က္စတာဒါဘီပြဲစဥ္မွ မန္စီးတီးရရွိသြားတဲ့ဒုတိယဂိုးနဲ႔ပတ္သက္ၿပီးေဝဖန္ျပစ္တင္ျခင္းခံေနရပါတယ္။

မေန႔ညတုန္းကမန္ခ်က္စတာဒါဘီပြဲတြင္ကီဗင္ဒီဘ႐ိုင္းကမန္စီးတီးအတြက္ဦးေဆာင္ဂိုးသြင္းယူခဲ့ၿပီး ဂ်ာဒြန္ဆန္ခ်ိဳကယူႏိုက္တက္အတြက္ေခ်ပဂိုးသြင္းယူခဲ့ပါတယ္။

ဒါေပမဲ့ဘယ္လ္ဂ်ီယံစတားကဘဲေျခာက္မိနစ္အၾကာမွာမန္စီးတီးအတြက္ဦးေဆာင္ဂိုးသြင္းယူခဲ့ပါတယ္။ယင္းဂိုးမွာယူႏိုက္တက္ခံစစ္သမားမ်ားရဲ႕ညံ့ဖ်င္းလွတဲ့ခံစစ္ေၾကာင့္ရရွိသြားတာျဖစ္ပါတယ္။

အထူးသျဖင့္ဟယ္ရီမက္ဂြိဳင္းယားရဲ႕ရယ္စရာေကာင္းလွတဲ့ေ႐ြးခ်ယ္မႈေၾကာင့္ဂိုးလိုက္ရတာဆိုရင္လည္းမမွားပါဘူး။

ဒီဂီယာကဖီးလ္ဖိုဒန္ရဲ႕ကန္ခ်က္ကိုကာကြယ္လိုက္ၿပီးေနာက္ ေဘာလုံးကအံထြက္ကာယူႏိုက္တက္အသင္းေခါင္းေဆာင္ဆီသို႔ေရာက္လာခဲ့ပါတယ္။ေဘာလုံးဟာမက္ဂြိဳင္းယားရဲ႕ေပါင္ၾကားကထြက္သြားပါတယ္။

ယင္းေနာက္ဘာနာဒိုေဆးလ္ဗားကကန္ခဲ့ေပမဲ့ပိတ္ဆို႔ခံရေပမဲ့ဒီဘ႐ိုင္းကေန ေနာက္ထပ္ေသြးေအးေအးျဖင့္ကန္ကာမန္စီးတီးအတြက္ဒုတိယဂိုးကိုသြင္းယူခဲ့ပါတယ္။

ယူႏိုက္တက္ပရိသတ္မ်ားဟာဟယ္ရီမက္ဂြိဳင္းယားကို ေဘာလုံးအံထြက္လာခ်ိန္တြင္ေထာင့္ကန္ေဘာလုပ္ၿပီးရွင္းလင္းမႈမျပဳလုပ္မႈအတြက္ေဝဖန္ေနၾကပါတယ္။

ပရိသတ္တစ္ဦးက “ပထမႏွစ္ဂိုးလုံးကသူ႔အမွားေၾကာင့္ပဲ”လို႔ေျပာၾကားသြားပါတယ္။ေနာက္တစ္ဦးကလည္း ‘သူကန္ဖို႔ႀကိဳးစားတယ္။လြဲသြားတယ္။ဒီေလာက္ဆိုးတာမရွိဘူးထင္တယ္”လို႔ေျပာၾကားသြားပါတယ္။အျခားတစ္ဦးကလည္း “ဒီေကာင့္ကိုေရာင္းလိုက္ပါေတာ့။ဒီေကာင့္ကိုစိတ္ပ်က္ေနၿပီ။ဘာေၾကာင့္ကလပ္မေအာင္ျမင္သလဲဆိုတာရွင္းရွင္းေလးပါ။ဘာတန္ဖိုးမွမရွိတဲ့ေကာင္”လို႔ဆိုသြားပါတယ္။