မန်စီးတီးရဲ့ငွေသုံးမှုကို ဝေဖန်တဲ့ ကလော့ပ်အနေဖြင့် မကျေနပ်လျှင် တရားရုံးသို့ တိုင်ရန် ဂွါဒီယိုလာတုံ့ပြန်

မန်စီးတီးနည်းပြပက်ဂွါဒီယိုလာဟာမိမိတို့ရဲ့နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်ငွေသုံးကြမ်းမှုအားမကျေနပ်ပါကလီဗာပူးအနေဖြင့်တရားရုံးသို့တိုင်ကြားနိုင်ကြောင်းတုံ့ပြန်ပြောကြားလာပါတယ်။

မကြာသေးမီတုန်းကဂျာဂင်ကလော့ပ်က၎င်းမှာအပြောင်းအရွှေ့အသုံးစရိတ်ကန့်သတ်သုံးစွဲနေရပြီးဂွါဒီယိုလာမှာအကန့်သတ်မဲ့သုံးစွဲနိုင်မှုနဲ့အတူအသာစီးရနေကြောင်းပြောကြားခဲ့ပါတယ်။

မန်စီးတီးဟာယခုနွေရာသီတွင်ကွင်းလယ်ကစားသမားဂျက်ဂရဲလ်လစ်ရှ်အားဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်သန်း၁၀၀ဖြင့်ခေါ်ယူထားပြီးဖြစ်ကာစပါးစ်တိုက်စစ်မှူးဟယ်ရီကိန်းကိုလည်းပေါင်သန်း၁၂၀အသုံးပြုကာခေါ်ယူရန်ကြိုးပမ်းနေပါတယ်။

ဒါပေမယ့်ဂွါဒီယိုလာက၎င်းတို့မှာဘဏ္ဍာရေးမျှတစွာသုံးစွဲရေးဥပဒေနှင့်အညီလုပ်ဆောင်နေပြီးကလော့ပ်အနေဖြင့်မကျေနပ်ပါကတရားရုံးတွင်တိုင်ကြားနိုင်ကြောင်း ပြောကြားလာပါတယ်။

ဂွါဒီယိုလာက “ပိုင်ရှင်တစ်ချို့ကအမြတ်လိုချင်ကြတယ်။ကျွန်တော်တို့ပိုင်ရှင်ကတော့အမြတ်မလိုချင်ဘူး။အမြတ်လိုချင်တဲ့အသင်းပိုင်ရှင်ကအသင်းမှာရင်းနှီးမြှပ်နှံမှုမလုပ်ဘူး။ကျွန်တော်တို့ပိုင်ရှင်ကတော့ရင်းနှီးမြှပ်နှံမှုလုပ်တယ်။အရင်တုန်းကကလပ်တစ်ခုနှစ်ခုလောက်ပဲငွေသုံးနိုင်ခဲ့တယ်။အခုဆိုရင်ချဲလ်ဆီးကအေဘရာမိုဗစ်ချ်နဲ့ကျွန်တော်တို့ပိုင်ရှင်ရှိတ်မန်ဆာရှိလာပါပြီ။ Financial Fair Play ကြောင့်ကျွန်တော်တို့လည်းကန့်သတ်သုံးရတာပါ။ဒါကိုသူတို့သဘောမတူရင်တရားရုံးသို့သွားပြီးကြေညာချက်ထုတ်နိုင်ပါတယ်။ကျွန်တော်တို့ဂျက်ဂရဲလ်လစ်ရှ်ကိုဝယ်နိုင်တယ်ဆိုတာကစားသမားရောင်းမှုကနေပေါင်သန်း၆၀ရထားလို့ပါ။ကျွန်တော်တို့ပေါင်သန်း၄၀ဘဲထပ်သုံးရတာပါ။ကျွန်တော်တို့ကစည်းမျဉ်းကိုလိုက်နာတဲ့ကလပ်ပါ။ကျွန်တော်တို့ကလပ်ရောပိုင်ရှင်အပါငွေတွေမဆုံးရှုံးချင်ပါဘူး။အခုမန်စီးတီးမှာကျွန်တော်တို့ဟာပိုင်ရှင်ကြောင့်မဟုတ်ရင်ဘာမှလုပ်နိုင်မှာမဟုတ်ပါဘူး”လို့ပြောကြားခဲ့ပါတယ်။

လီဗာပူးဟာယခုနွေရာသီတွင်တစ်ခုတည်းသောအပြောင်းအရွှေ့လုပ်ဆောင်မှုအဖြစ်နောက်ခံလူကိုနိုက်အားခေါ်ယူထားပါတယ်။

လီဗာပူးနည်းပြကလော့ပ်က “ကျွန်တော်တို့မှာကငွေရသလောက်ပဲသုံးခွင့်ရှိပါတယ်။သူတို့မှာတော့အကန့်အသတ်မရှိပါဘူး”လို့ပြောကြားခဲ့ပါတယ်။

ZawGyi

မန္စီးတီးရဲ႕ေငြသုံးမႈကို ေဝဖန္တဲ့ ကေလာ့ပ္အေနျဖင့္ မေက်နပ္လွ်င္ တရား႐ုံးသို႔ တိုင္ရန္ ဂြါဒီယိုလာတုံ႔ျပန္

မန္စီးတီးနည္းျပပက္ဂြါဒီယိုလာဟာမိမိတို႔ရဲ႕ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ေငြသုံးၾကမ္းမႈအားမေက်နပ္ပါကလီဗာပူးအေနျဖင့္တရား႐ုံးသို႔တိုင္ၾကားႏိုင္ေၾကာင္းတုံ႔ျပန္ေျပာၾကားလာပါတယ္။

မၾကာေသးမီတုန္းကဂ်ာဂင္ကေလာ့ပ္က၎မွာအေျပာင္းအေ႐ႊ႕အသုံးစရိတ္ကန႔္သတ္သုံးစြဲေနရၿပီးဂြါဒီယိုလာမွာအကန႔္သတ္မဲ့သုံးစြဲႏိုင္မႈနဲ႔အတူအသာစီးရေနေၾကာင္းေျပာၾကားခဲ့ပါတယ္။

မန္စီးတီးဟာယခုေႏြရာသီတြင္ကြင္းလယ္ကစားသမားဂ်က္ဂရဲလ္လစ္ရွ္အားၿဗိတိန္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း၁၀၀ျဖင့္ေခၚယူထားၿပီးျဖစ္ကာစပါးစ္တိုက္စစ္မႉးဟယ္ရီကိန္းကိုလည္းေပါင္သန္း၁၂၀အသုံးျပဳကာေခၚယူရန္ႀကိဳးပမ္းေနပါတယ္။

ဒါေပမယ့္ဂြါဒီယိုလာက၎တို႔မွာဘ႑ာေရးမွ်တစြာသုံးစြဲေရးဥပေဒႏွင့္အညီလုပ္ေဆာင္ေနၿပီးကေလာ့ပ္အေနျဖင့္မေက်နပ္ပါကတရား႐ုံးတြင္တိုင္ၾကားႏိုင္ေၾကာင္း ေျပာၾကားလာပါတယ္။

ဂြါဒီယိုလာက “ပိုင္ရွင္တစ္ခ်ိဳ႕ကအျမတ္လိုခ်င္ၾကတယ္။ကြၽန္ေတာ္တို႔ပိုင္ရွင္ကေတာ့အျမတ္မလိုခ်င္ဘူး။အျမတ္လိုခ်င္တဲ့အသင္းပိုင္ရွင္ကအသင္းမွာရင္းႏွီးျမႇပ္ႏွံမႈမလုပ္ဘူး။ကြၽန္ေတာ္တို႔ပိုင္ရွင္ကေတာ့ရင္းႏွီးျမႇပ္ႏွံမႈလုပ္တယ္။အရင္တုန္းကကလပ္တစ္ခုႏွစ္ခုေလာက္ပဲေငြသုံးႏိုင္ခဲ့တယ္။အခုဆိုရင္ခ်ဲလ္ဆီးကေအဘရာမိုဗစ္ခ်္နဲ႔ကြၽန္ေတာ္တို႔ပိုင္ရွင္ရွိတ္မန္ဆာရွိလာပါၿပီ။ Financial Fair Play ေၾကာင့္ကြၽန္ေတာ္တို႔လည္းကန႔္သတ္သုံးရတာပါ။ဒါကိုသူတို႔သေဘာမတူရင္တရား႐ုံးသို႔သြားၿပီးေၾကညာခ်က္ထုတ္ႏိုင္ပါတယ္။ကြၽန္ေတာ္တို႔ဂ်က္ဂရဲလ္လစ္ရွ္ကိုဝယ္ႏိုင္တယ္ဆိုတာကစားသမားေရာင္းမႈကေနေပါင္သန္း၆၀ရထားလို႔ပါ။ကြၽန္ေတာ္တို႔ေပါင္သန္း၄၀ဘဲထပ္သုံးရတာပါ။ကြၽန္ေတာ္တို႔ကစည္းမ်ဥ္းကိုလိုက္နာတဲ့ကလပ္ပါ။ကြၽန္ေတာ္တို႔ကလပ္ေရာပိုင္ရွင္အပါေငြေတြမဆုံးရႈံးခ်င္ပါဘူး။အခုမန္စီးတီးမွာကြၽန္ေတာ္တို႔ဟာပိုင္ရွင္ေၾကာင့္မဟုတ္ရင္ဘာမွလုပ္ႏိုင္မွာမဟုတ္ပါဘူး”လို႔ေျပာၾကားခဲ့ပါတယ္။

လီဗာပူးဟာယခုေႏြရာသီတြင္တစ္ခုတည္းေသာအေျပာင္းအေ႐ႊ႕လုပ္ေဆာင္မႈအျဖစ္ေနာက္ခံလူကိုႏိုက္အားေခၚယူထားပါတယ္။

လီဗာပူးနည္းျပကေလာ့ပ္က “ကြၽန္ေတာ္တို႔မွာကေငြရသေလာက္ပဲသုံးခြင့္ရွိပါတယ္။သူတို႔မွာေတာ့အကန႔္အသတ္မရွိပါဘူး”လို႔ေျပာၾကားခဲ့ပါတယ္။