မန်စီးတီးရဲ့မိုချင်ဂလက်ဘတ်နှင့်ချန်ပီယံလိဂ်ပွဲစဉ်ကို ဘူဒါပတ်စ်သို့ရွှေ့ဆိုင်း

မိုချင်ဂလက်ဘတ်ကိုအဝေးကွင်းသို့သွားရောက်ကစားရမယ့်မန်စီးတီးရဲ့ယူအီးအက်ဖ်အေချန်ပီယံလိဂ်ပွဲစဉ်ကိုဘူဒါပတ်စ်သို့ရွှေ့ဆိုင်းလိုက်ပြီဖြစ်ကြောင်းသိရပါတယ်။

ပက်ဂွါဒီယိုလာရဲ့မန်စီးတီးဟာချန်ပီယံလိဂ်၁၆သင်းအဆင့်ပထမအကျော့ပွဲစဉ်အဖြစ်ဖေဖော်ဝါရီလ၂၄ရက်နေ့တွင်ဘိုရုရှားပါ့ခ်သို့သွားရောက်ကာကစားရပါမယ်။

ဒါပေမယ့်ဂျာမနီအစိုးရရဲ့ကိုဗစ်ကန့်သတ်ချက်ကြောင့်မန်စီးတီးအသင်းမှာမိုချင်ဂလက်ဘတ်သို့သွားရောက် နိုင်ခြင်းမရှိပါဘူး။

ဒါကြောင့်လည်းယူအီးအက်ဖ်အေဟာမိုချင်ဂလက်ဘတ်နှင့်မန်စီးတီးတို့ကစားရမယ့်ချန်ပီယံလိဂ်၁၆သင်း အဆင့်ရှုံးထွက်ပထမအကျော့ပွဲစဉ်ကိုဘူဒါပတ်စ်ရှိ Puskas Arena တွင်ကစားရန်ဆုံးဖြတ်လိုက်ပါတယ်။

လီဗာပူးဟာလည်း လိုက်ဇစ်နှင့်ချန်ပီယံလိဂ်ပထမအကျော့ပွဲစဉ်ကစားရန်ဂျာမနီသို့ပြည်ဝင်ခွင့်မရရှိမှု ကြောင့်ဘူဒါပတ်စ်တွင်ပင်ကစားသွားရပါမယ်။

ZawGyi





