
ဟယ်ရီကိန်းဟာလာမယ့်တနင်္ဂနွေနေ့မှာမန်စီးတီးနှင့်ရင်ဆိုင်ကစားရမယ့်ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာရင်ဆိုင်ကစားရအောင်စပါးစ်ရဲ့ဖိအားပေးလုပ်ဆောင်မှုအပေါ်မပျော်မရွှင်ဖြစ်နေကြောင်းသိရပါတယ်။
စပါးစ်နည်းပြနူနိုအက်စ်ပီရီတိုဆန်တိုဟာအသင်းပြောင်းရွှေ့လိုနေတဲ့အသင်းခေါင်းဆောင်အားတနင်္ဂနွေနေ့ပရီးမီးယားလိဂ်အဖွင့်ပွဲမှာအသုံးပြုဖို့အဆင်သင့်ဖြစ်နေပါတယ်။
ဟယ်ရီကိန်းဟာမန်စီးတီးသို့ပြောင်းရွှေ့ကစားလိုနေမှုနဲ့အတူမန်စီးတီးအားပြိုင်ဘက်အဖြစ်ရင်ဆိုင်ကစားလိုခြင်းမရှိပါဘူး။
ဟယ်ရီကိန်းဟာဘဟားမား၊ဖလိုရီဒါသို့အပန်းဖြေခရီးထွက်ခွာမှုနဲ့အတူအင်္ဂလန်သို့ရောက်လာချိန်မှာကွာရန်တင်းငါးရက်ဝင်ခဲ့ရပြီးယနေ့တွင်မှစပါးစ်ကစားဖော်များနှင့်အတူလေ့ကျင့်ခန်းအပြည့်အဝပြုလုပ်ပါမယ်။
ယင်းသို့ကလပ်ရဲ့လေ့ကျင့်ခန်းအစီအစဉ်သို့နောက်ကျမှပူးပေါင်းရမှုနဲ့အတူဟယ်ရီကိန်းဟာမန်စီးတီးနှင့်ပွဲမှာပါဝင်နိုင်မယ်လို့မထင်ရပါဘူး။
ဒါ့အပြင်ဟယ်ရီကိန်းဟာမန်စီးတီးနှင့်ပွဲတွင်ပါဝင်ကစားပါကစပါးစ်ပရိသတ်များရဲ့တုံ့ပြန်လာမယ့်အခြေအနေအပေါ်တွင်လည်းစိုးရိမ်နေပါတယ်။
ဒါပေမယ့်စပါးစ်နည်းပြနူနိုအက်စ်ပီရီတိုဆန်တိုကတော့ဟယ်ရီကိန်းသာကစားနိုင်တဲ့အနေအထားတွင်ရှိနေပါကအသုံးပြုသွားမည်ဖြစ်ကြောင်းဖွင့်ဟပြောကြားထားပါယ်။
စပါးစ်ဥက္ကဌလီဗိုင်းဟာတစ်ပတ်လုပ်ခပေါင်၂၀၀၀၀၀တန်သုံးနှစ်စာချုပ်ကျန်နေသေးတဲ့ဟယ်ရီကိန်းအတွက်ပြောင်းရွှေ့ကြေးပေါင်သန်း၁၆၀အထိရရှိနေလိုနေပါတယ်။
ZawGyi
မန္စီးတီးရဲ႕ရင္ဆိုင္ကစားရေအာင္ စပါးစ္ရဲ႕ဖိအားေပး လုပ္ေဆာင္မႈေၾကာင့္ ကိန္းမေပ်ာ္မ႐ႊင္ျဖစ္ေန
ဟယ္ရီကိန္းဟာလာမယ့္တနဂၤေႏြေန႔မွာမန္စီးတီးႏွင့္ရင္ဆိုင္ကစားရမယ့္ပရီးမီးယားလိဂ္အဖြင့္ပြဲစဥ္မွာရင္ဆိုင္ကစားရေအာင္စပါးစ္ရဲ႕ဖိအားေပးလုပ္ေဆာင္မႈအေပၚမေပ်ာ္မ႐ႊင္ျဖစ္ေနေၾကာင္းသိရပါတယ္။
စပါးစ္နည္းျပႏူႏိုအက္စ္ပီရီတိုဆန္တိုဟာအသင္းေျပာင္းေ႐ႊ႕လိုေနတဲ့အသင္းေခါင္းေဆာင္အားတနဂၤေႏြေန႔ပရီးမီးယားလိဂ္အဖြင့္ပြဲမွာအသုံးျပဳဖို႔အဆင္သင့္ျဖစ္ေနပါတယ္။
ဟယ္ရီကိန္းဟာမန္စီးတီးသို႔ေျပာင္းေ႐ႊ႕ကစားလိုေနမႈနဲ႔အတူမန္စီးတီးအားၿပိဳင္ဘက္အျဖစ္ရင္ဆိုင္ကစားလိုျခင္းမရွိပါဘူး။
ဟယ္ရီကိန္းဟာဘဟားမား၊ဖလိုရီဒါသို႔အပန္းေျဖခရီးထြက္ခြာမႈနဲ႔အတူအဂၤလန္သို႔ေရာက္လာခ်ိန္မွာကြာရန္တင္းငါးရက္ဝင္ခဲ့ရၿပီးယေန႔တြင္မွစပါးစ္ကစားေဖာ္မ်ားႏွင့္အတူေလ့က်င့္ခန္းအျပည့္အဝျပဳလုပ္ပါမယ္။
ယင္းသို႔ကလပ္ရဲ႕ေလ့က်င့္ခန္းအစီအစဥ္သို႔ေနာက္က်မွပူးေပါင္းရမႈနဲ႔အတူဟယ္ရီကိန္းဟာမန္စီးတီးႏွင့္ပြဲမွာပါဝင္ႏိုင္မယ္လို႔မထင္ရပါဘူး။
ဒါ့အျပင္ဟယ္ရီကိန္းဟာမန္စီးတီးႏွင့္ပြဲတြင္ပါဝင္ကစားပါကစပါးစ္ပရိသတ္မ်ားရဲ႕တုံ႔ျပန္လာမယ့္အေျခအေနအေပၚတြင္လည္းစိုးရိမ္ေနပါတယ္။
ဒါေပမယ့္စပါးစ္နည္းျပႏူႏိုအက္စ္ပီရီတိုဆန္တိုကေတာ့ဟယ္ရီကိန္းသာကစားႏိုင္တဲ့အေနအထားတြင္ရွိေနပါကအသုံးျပဳသြားမည္ျဖစ္ေၾကာင္းဖြင့္ဟေျပာၾကားထားပါယ္။
စပါးစ္ဥကၠဌလီဗိုင္းဟာတစ္ပတ္လုပ္ခေပါင္၂၀၀၀၀၀တန္သုံးႏွစ္စာခ်ဳပ္က်န္ေနေသးတဲ့ဟယ္ရီကိန္းအတြက္ေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း၁၆၀အထိရရွိေနလိုေနပါတယ္။