မန်စီးတီးရှုံးပွဲတွင် ကိုယ့်စကားဖြင့် ကိုယ် အရှက်ခွဲခံခဲ့ရတဲ့ ယူနိုက်တက်ဂန္ထဝင်ဆာအဲလက်စ်ဖာဂူဆန်

ဆာအဲလက်စ်ဖာဂူဆန်ဟာ တနင်္ဂနွေနေ့တုန်းကအီတီဟတ်ကွင်းတွင်မန်စီးတီးနှင့်ရင်ဆိုင်ကစားရတဲ့မန်ချက်စတာဒါဘီပွဲမှာယခင်ကသူပြောခဲ့တဲ့စကားဖြင့်အရှက်ခွဲခံခဲ့ရပါတယ်။

ယူနိုက်တက်ဂန္ထဝင်နည်းပြဟာမန်စီးတီးကို၄-၁ဂိုးဖြင့်အရှက်တကွဲရှုံးနိမ့်တဲ့ပွဲစဉ်အားကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့ပါတယ်။

မန်စီးတီးပရိသတ်များဟာ အီတီဟတ်ကွင်းတွင် “Not in my lifetime,” ဆိုတဲ့စာသားကိုချိတ်ဆက်ပြီးဆာအဲလက်စ်ဖာဂူဆန်ကိုလှောင်ပြောင်ခဲ့ကြပါတယ်။

မန်စီးတီးပရိသတ်များဟာ၂၀၀၉ခုနှစ်တုန်းကမန်စီးတီးနှင့်ပတ်သက်ပြီးပြောဆိုခဲ့တဲ့စကားကြောင့်ဆာအဲလက်စ်ဖာဂူဆန်ကိုလှောင်ပြောင်လာတာလည်းဖြစ်ပါတယ်။

၂၀၀၉ခုနှစ်တုန်းကသတင်းစာရှင်းလင်းပွဲတွင် မန်စီးတီးကို ယူနိုက်တက်က အောက်အသင်းအဖြစ်ရင်ဆိုင်လာရမလားလို့ မေးမြန်းလာမှုကို ဆာအဲလက်စ်ဖာဂူဆန်က “ဘာအချိန်လဲ။ကျွန်တော်ကတော့အဲဒီအချိန်ကြုံလာမှာမဟုတ်ပါဘူး။ကျွန်တော့်ဘဝမှာကြုံလာရမှာမဟုတ်ဘူး”လို့ ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင်မန်စီးတီးပရိသတ်တစ်ဦးဟာအီတီဟတ်ကွင်းပွဲစဉ်အပြီးကွင်းအတွင်းမှထွက်ခွာလာတဲ့ဆာအဲလက်စ်ဖာဂူဆန်ကို “”Never in my lifetime! City, City, City,”လို့အနားကပ်ပြောဆိုကာလှောင်ပြောင်ခဲ့ပါသေးတယ်။

ZawGyi

မန္စီးတီးရႈံးပြဲတြင္ ကိုယ့္စကားျဖင့္ ကိုယ္ အရွက္ခြဲခံခဲ့ရတဲ့ ယူႏိုက္တက္ဂႏၴဝင္ဆာအဲလက္စ္ဖာဂူဆန္

ဆာအဲလက္စ္ဖာဂူဆန္ဟာ တနဂၤေႏြေန႔တုန္းကအီတီဟတ္ကြင္းတြင္မန္စီးတီးႏွင့္ရင္ဆိုင္ကစားရတဲ့မန္ခ်က္စတာဒါဘီပြဲမွာယခင္ကသူေျပာခဲ့တဲ့စကားျဖင့္အရွက္ခြဲခံခဲ့ရပါတယ္။

ယူႏိုက္တက္ဂႏၴဝင္နည္းျပဟာမန္စီးတီးကို၄-၁ဂိုးျဖင့္အရွက္တကြဲရႈံးနိမ့္တဲ့ပြဲစဥ္အားကိုယ္တိုင္သြားေရာက္ၾကည့္ရႈခဲ့ပါတယ္။

မန္စီးတီးပရိသတ္မ်ားဟာ အီတီဟတ္ကြင္းတြင္ “Not in my lifetime,” ဆိုတဲ့စာသားကိုခ်ိတ္ဆက္ၿပီးဆာအဲလက္စ္ဖာဂူဆန္ကိုေလွာင္ေျပာင္ခဲ့ၾကပါတယ္။

မန္စီးတီးပရိသတ္မ်ားဟာ၂၀၀၉ခုႏွစ္တုန္းကမန္စီးတီးႏွင့္ပတ္သက္ၿပီးေျပာဆိုခဲ့တဲ့စကားေၾကာင့္ဆာအဲလက္စ္ဖာဂူဆန္ကိုေလွာင္ေျပာင္လာတာလည္းျဖစ္ပါတယ္။

၂၀၀၉ခုႏွစ္တုန္းကသတင္းစာရွင္းလင္းပြဲတြင္ မန္စီးတီးကို ယူႏိုက္တက္က ေအာက္အသင္းအျဖစ္ရင္ဆိုင္လာရမလားလို႔ ေမးျမန္းလာမႈကို ဆာအဲလက္စ္ဖာဂူဆန္က “ဘာအခ်ိန္လဲ။ကြၽန္ေတာ္ကေတာ့အဲဒီအခ်ိန္ႀကဳံလာမွာမဟုတ္ပါဘူး။ကြၽန္ေတာ့္ဘဝမွာႀကဳံလာရမွာမဟုတ္ဘူး”လို႔ ေျပာဆိုခဲ့ပါတယ္။

ဒါ့အျပင္မန္စီးတီးပရိသတ္တစ္ဦးဟာအီတီဟတ္ကြင္းပြဲစဥ္အၿပီးကြင္းအတြင္းမွထြက္ခြာလာတဲ့ဆာအဲလက္စ္ဖာဂူဆန္ကို “”Never in my lifetime! City, City, City,”လို႔အနားကပ္ေျပာဆိုကာေလွာင္ေျပာင္ခဲ့ပါေသးတယ္။