မန်စီးတီးရှုံးပွဲတွင် မန်ယူကစားသမားဘဝအကြီးကျယ်ဆုံးနေ့တစ်နေ့ကို ပိုင်ဆိုင်နိုင်ခဲ့တဲ့ ဗန်ဒီဘိခ်

မန်ယူတွင်နေရာပျောက်ဆုံးနေတဲ့ဒွန်နီဗန်ဒီဘိခ်ဟာယနေ့ညတွင်အိုးထရက်ဖို့ဒ်ကွင်းမှာမြို့ခံပြိုင်ဘက်မန်စီးတီးအား၂-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲစဉ်မှာမန်ယူကစားသမားဘဝ အကြီးကျယ်ဆုံးနေ့တစ်နေ့ကိုပိုင်ဆိုင်နိုင်ခဲ့ပါတယ်။

မန်ယူဟာမန်ချက်စတာဒါဘီပွဲစဉ်တွင်အဲရစ်ဘိုင်လီရဲ့ပွဲအစပိုင်း ကိုယ့်ဂိုးကိုယ်သွင်းမိတဲ့ဂိုး၊ပထမပိုင်းပြီးခါနီးမှာဘာနာဒိုဆေးလ်ဗားသွင်းယူတဲ့ဂိုးတို့ကြောင့်၂-၀ဂိုးဖြင့်ရှုံးနိမ့်ခဲ့ပါတယ်။

မန်ယူပရိသတ်များဟာပထမပိုင်းအပြီးတွင် ပွဲချိန်၄၅မိနစ်အတွင်းခြေစွမ်းပိုင်းအလွန်ဆိုးရွားခဲ့တဲ့မန်ယူကစားသမားများကိုလှောင်ပြောင်အော်ဟစ်မှုပြုလုပ်ခဲ့ပါတယ်။

ဆိုးလ်ရှားဟာပထမပိုင်းမှာကိုယ့်ဂိုးကိုယ်သွင်းခဲ့တဲ့ဘိုင်လီနေရာမှာဆန်ချိုကိုအစားထိုးထည့်သွင်းခဲ့ပေမယ့်လည်းမန်ယူပရိသတ်များဘက်ကကျေနပ်မှုမရှိခဲ့ပါဘူး။

မန်ယူပရိသတ်များဟာဒုတိယတစ်ဝက်လောက်မှာဗန်ဒီဘိခ်သွေးပူလေ့ကျင့်ခန်းပြုလုပ်ချိန်မှာတော့ဒတ်ချ်လက်ရွေးစင်ကစားသမားရဲ့အမည်ကိုသံပြိုင်အော်ဟစ်ပြီးအားပေးမှုပြုလုပ်ခဲ့ကြပါတယ်။

ဗန်ဒီဘိခ်ဟာပွဲပြီးခါနီး၁၁မိနစ်အလိုမှာဖရက်အစားလူစားဝင်ရောက်ကစားပြီးသူ့ရဲ့ယခုရာသီပရီးမီးယားလိဂ်မှာဒုတိယမြောက်ပွဲအဖြစ်ဝင်ရောက်ကစားခဲ့ပါတယ်။သူဟာမန်စီးတီးနှင့်ပွဲမတိုင်မီပရီးမီးယားလိဂ်မှာ၆မိနစ်တည်းသာကစားခွင့်ရထားပါတယ်။

ဗန်ဒီဘိခ်ဟာလူစားဝင်ရောက်ပြီးနောက်အထူးကြိုးစားအားထုတ်ခဲ့ပေမယ့်ပွဲအဖြေပြောင်းလဲနိုင်မယ့်လုပ်ဆောင်မှုမျိုးမလုပ်ပြနိုင်ခဲ့ဘဲ၂-၀ဂိုးဖြင့်ပင်ရှုံးနိမ့်ခဲ့ပါတယ်။

ZawGyi

မန္စီးတီးရႈံးပြဲတြင္ မန္ယူကစားသမားဘဝအႀကီးက်ယ္ဆုံးေန႔တစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ခဲ့တဲ့ ဗန္ဒီဘိခ္

မန္ယူတြင္ေနရာေပ်ာက္ဆုံးေနတဲ့ဒြန္နီဗန္ဒီဘိခ္ဟာယေန႔ညတြင္အိုးထရက္ဖို႔ဒ္ကြင္းမွာၿမိဳ႕ခံၿပိဳင္ဘက္မန္စီးတီးအား၂-၀ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲစဥ္မွာမန္ယူကစားသမားဘဝ အႀကီးက်ယ္ဆုံးေန႔တစ္ေန႔ကိုပိုင္ဆိုင္ႏိုင္ခဲ့ပါတယ္။

မန္ယူဟာမန္ခ်က္စတာဒါဘီပြဲစဥ္တြင္အဲရစ္ဘိုင္လီရဲ႕ပြဲအစပိုင္း ကိုယ့္ဂိုးကိုယ္သြင္းမိတဲ့ဂိုး၊ပထမပိုင္းၿပီးခါနီးမွာဘာနာဒိုေဆးလ္ဗားသြင္းယူတဲ့ဂိုးတို႔ေၾကာင့္၂-၀ဂိုးျဖင့္ရႈံးနိမ့္ခဲ့ပါတယ္။

မန္ယူပရိသတ္မ်ားဟာပထမပိုင္းအၿပီးတြင္ ပြဲခ်ိန္၄၅မိနစ္အတြင္းေျခစြမ္းပိုင္းအလြန္ဆိုး႐ြားခဲ့တဲ့မန္ယူကစားသမားမ်ားကိုေလွာင္ေျပာင္ေအာ္ဟစ္မႈျပဳလုပ္ခဲ့ပါတယ္။

ဆိုးလ္ရွားဟာပထမပိုင္းမွာကိုယ့္ဂိုးကိုယ္သြင္းခဲ့တဲ့ဘိုင္လီေနရာမွာဆန္ခ်ိဳကိုအစားထိုးထည့္သြင္းခဲ့ေပမယ့္လည္းမန္ယူပရိသတ္မ်ားဘက္ကေက်နပ္မႈမရွိခဲ့ပါဘူး။

မန္ယူပရိသတ္မ်ားဟာဒုတိယတစ္ဝက္ေလာက္မွာဗန္ဒီဘိခ္ေသြးပူေလ့က်င့္ခန္းျပဳလုပ္ခ်ိန္မွာေတာ့ဒတ္ခ်္လက္ေ႐ြးစင္ကစားသမားရဲ႕အမည္ကိုသံၿပိဳင္ေအာ္ဟစ္ၿပီးအားေပးမႈျပဳလုပ္ခဲ့ၾကပါတယ္။

ဗန္ဒီဘိခ္ဟာပြဲၿပီးခါနီး၁၁မိနစ္အလိုမွာဖရက္အစားလူစားဝင္ေရာက္ကစားၿပီးသူ႔ရဲ႕ယခုရာသီပရီးမီးယားလိဂ္မွာဒုတိယေျမာက္ပြဲအျဖစ္ဝင္ေရာက္ကစားခဲ့ပါတယ္။သူဟာမန္စီးတီးႏွင့္ပြဲမတိုင္မီပရီးမီးယားလိဂ္မွာ၆မိနစ္တည္းသာကစားခြင့္ရထားပါတယ္။

ဗန္ဒီဘိခ္ဟာလူစားဝင္ေရာက္ၿပီးေနာက္အထူးႀကိဳးစားအားထုတ္ခဲ့ေပမယ့္ပြဲအေျဖေျပာင္းလဲႏိုင္မယ့္လုပ္ေဆာင္မႈမ်ိဳးမလုပ္ျပႏိုင္ခဲ့ဘဲ၂-၀ဂိုးျဖင့္ပင္ရႈံးနိမ့္ခဲ့ပါတယ္။