မန်စီးတီးလေ့ကျင့်ခန်းအစီအစဉ်တွင် အီဒါဆင်ကို သာမန်ဂိုးသမားတစ်ယောက်လို ခံစားရအောင် လုပ်ခဲ့တဲ့ ဟာလန်းနှင့် အယ်လ်ဗာရက်ဇ်

အီဒါဆင်ဟာလက်ရှိကမ္ဘာ့အကောင်းဆုံးဂိုးသမားတွေထဲကတစ်ဦးဖြစ်ပါတယ်။ဒါပေမဲ့မန်စီးတီးသို့အသစ်ရောက်လာတဲ့အာလင်းဟာလန်းနှင့်ဂျူလီယန်အယ်လ်ဗာရက်ဇ်တို့ကြောင့် မန်စီးတီးရဲ့နံပါတ်တစ်ဂိုးသမားတစ်ယောက် လေ့ကျင့်ခန်းအစီအစဉ်တွေမှာ သာမန်ဂိုးသမားတစ်ဦးလိုခံစားရလျက်ရှိပါတယ်။

ယခုနွေရာသီကတော့ပရီးမီးယားလိဂ်ချန်ပီယံအတွက်အလုပ်ရှုပ်တဲ့နွေရာသီဖြစ်ခဲ့ပါတယ်။

၎င်းတို့ဟာဇန်နဝါရီကတည်းက ရေးဗားပလိတ်ကပါရမီရှင်တိုက်စစ်သမားဂျူလီယန်အယ်လ်ဗာရက်ဇ်ကိုပေါင်၁၄.၁သန်းဖြင့်ခေါ်ယူခဲ့ပါတယ်။သူဟာ၂၀၂၂-၂၃ရာသီသစ်မတိုင်မီမန်စီးတီးရဲ့အမေရိကန်ရာသီကြိုခရီးစဉ်နှင့်ပူးပေါင်းကာကစားဖော်သစ်များနှင့်လေ့ကျင့်ခန်းဆင်းခဲ့ပါတယ်။

ဂွါဒီယိုလာဟာယခုနွေမှာနောက်ထပ်တိုက်စစ်မှူးတစ်ဦးအနေဖြင့်ဒေါ့မွန်မှအာလင်းဟာလန်းကိုပေါင်၅၁.၂သန်းဖြင့်ခေါ်ယူခဲ့ပါတယ်။သူတို့ဟာပြီးခဲ့တဲ့တစ်နှစ်တာလုံးရွေးချယ်စရာတိုက်စစ်မှူးအလွန်နည်းပါးခဲ့ပါတယ်။အထူးသဖြင့်သူတို့ရဲ့ဂိုးသမားတွေ ပိုပြီးတော့တောင်သိခဲ့ပါတယ်။

ယနေ့တွင်မန်စီးတီးအသင်းတွစ်တာအကောင့်တွင်တင်လာတဲ့ဗီဒီယိုဖိုင်အရ အာလင်းဟာလန်းနှင့်အယ်လ်ဗာရက်ဇ်တို့ဟာလေ့ကျင့်ခန်းအစီအစဉ်မှာအီဒါဆင်စောင့်နေတဲ့ဂိုးပေါက်ကိုအညှာအတာကင်းမဲ့စွာသွင်းခဲ့ကြတာတွေ့ခဲ့ရပါတယ်။

တကြိမ်တွင်ဘရာဇီးလက်ရွေးစင်ဂိုးသမားဟာပင်ပန်းကာဂိုးဘေးတွင်ထိုင်နေပြီး ဂိုးတွေ တဒိုင်းဒိုင်းသွင်းနေတာကို ထိုင်ကြည့်နေတာတွေ့ရပါတယ်။

ယင်းသို့ဖြစ်ပျက်မှုနဲ့အတူဘောလုံးပရိသတ်များကအီဒါဆင်မှာအာလင်းဟာလန်းနှင့််အယ်လ်ဗာရက်ဇ်တို့ကြောင့်သာမန်ဂိုးသမားတစ်ဦးဖြစ်နေရပြီဖြစ်ကြောင်းရေးသားနေကြပါတယ်။

အသက်၂၁နှစ်ရှိအာလင်းဟာလန်းဟာဒေါ့မွန်တွင်ကစားတဲ့ကာလအတွင်းမှာ၉၈ပွဲကစားခဲ့ရာမှာ၈၆ဂိုးအထိသွင်းယူခဲ့သူဖြစ်ပါတယ်။အသက်၂၂နှစ်ရှိအယ်လ်ဗာရက်ဇ်မှာလည်းရေးဗားပလိတ်အတွက်၂၆ပွဲကစားခဲ့ရာမှာ၁၈ဂိုးသွင်းယူခဲ့သူဖြစ်ပါတယ်။

ZawGyi

မန္စီးတီးေလ့က်င့္ခန္းအစီအစဥ္တြင္ အီဒါဆင္ကို သာမန္ဂိုးသမားတစ္ေယာက္လို ခံစားရေအာင္ လုပ္ခဲ့တဲ့ ဟာလန္းႏွင့္ အယ္လ္ဗာရက္ဇ္

အီဒါဆင္ဟာလက္ရွိကမာၻ႔အေကာင္းဆုံးဂိုးသမားေတြထဲကတစ္ဦးျဖစ္ပါတယ္။ဒါေပမဲ့မန္စီးတီးသို႔အသစ္ေရာက္လာတဲ့အာလင္းဟာလန္းႏွင့္ဂ်ဴလီယန္အယ္လ္ဗာရက္ဇ္တို႔ေၾကာင့္ မန္စီးတီးရဲ႕နံပါတ္တစ္ဂိုးသမားတစ္ေယာက္ ေလ့က်င့္ခန္းအစီအစဥ္ေတြမွာ သာမန္ဂိုးသမားတစ္ဦးလိုခံစားရလ်က္ရွိပါတယ္။

ယခုေႏြရာသီကေတာ့ပရီးမီးယားလိဂ္ခ်န္ပီယံအတြက္အလုပ္ရႈပ္တဲ့ေႏြရာသီျဖစ္ခဲ့ပါတယ္။

၎တို႔ဟာဇန္နဝါရီကတည္းက ေရးဗားပလိတ္ကပါရမီရွင္တိုက္စစ္သမားဂ်ဴလီယန္အယ္လ္ဗာရက္ဇ္ကိုေပါင္၁၄.၁သန္းျဖင့္ေခၚယူခဲ့ပါတယ္။သူဟာ၂၀၂၂-၂၃ရာသီသစ္မတိုင္မီမန္စီးတီးရဲ႕အေမရိကန္ရာသီႀကိဳခရီးစဥ္ႏွင့္ပူးေပါင္းကာကစားေဖာ္သစ္မ်ားႏွင့္ေလ့က်င့္ခန္းဆင္းခဲ့ပါတယ္။

ဂြါဒီယိုလာဟာယခုေႏြမွာေနာက္ထပ္တိုက္စစ္မႉးတစ္ဦးအေနျဖင့္ေဒါ့မြန္မွအာလင္းဟာလန္းကိုေပါင္၅၁.၂သန္းျဖင့္ေခၚယူခဲ့ပါတယ္။သူတို႔ဟာၿပီးခဲ့တဲ့တစ္ႏွစ္တာလုံးေ႐ြးခ်ယ္စရာတိုက္စစ္မႉးအလြန္နည္းပါးခဲ့ပါတယ္။အထူးသျဖင့္သူတို႔ရဲ႕ဂိုးသမားေတြ ပိုၿပီးေတာ့ေတာင္သိခဲ့ပါတယ္။

ယေန႔တြင္မန္စီးတီးအသင္းတြစ္တာအေကာင့္တြင္တင္လာတဲ့ဗီဒီယိုဖိုင္အရ အာလင္းဟာလန္းႏွင့္အယ္လ္ဗာရက္ဇ္တို႔ဟာေလ့က်င့္ခန္းအစီအစဥ္မွာအီဒါဆင္ေစာင့္ေနတဲ့ဂိုးေပါက္ကိုအညႇာအတာကင္းမဲ့စြာသြင္းခဲ့ၾကတာေတြ႕ခဲ့ရပါတယ္။

တႀကိမ္တြင္ဘရာဇီးလက္ေ႐ြးစင္ဂိုးသမားဟာပင္ပန္းကာဂိုးေဘးတြင္ထိုင္ေနၿပီး ဂိုးေတြ တဒိုင္းဒိုင္းသြင္းေနတာကို ထိုင္ၾကည့္ေနတာေတြ႕ရပါတယ္။

ယင္းသို႔ျဖစ္ပ်က္မႈနဲ႔အတူေဘာလုံးပရိသတ္မ်ားကအီဒါဆင္မွာအာလင္းဟာလန္းႏွင့္္အယ္လ္ဗာရက္ဇ္တို႔ေၾကာင့္သာမန္ဂိုးသမားတစ္ဦးျဖစ္ေနရၿပီျဖစ္ေၾကာင္းေရးသားေနၾကပါတယ္။

အသက္၂၁ႏွစ္ရွိအာလင္းဟာလန္းဟာေဒါ့မြန္တြင္ကစားတဲ့ကာလအတြင္းမွာ၉၈ပြဲကစားခဲ့ရာမွာ၈၆ဂိုးအထိသြင္းယူခဲ့သူျဖစ္ပါတယ္။အသက္၂၂ႏွစ္ရွိအယ္လ္ဗာရက္ဇ္မွာလည္းေရးဗားပလိတ္အတြက္၂၆ပြဲကစားခဲ့ရာမွာ၁၈ဂိုးသြင္းယူခဲ့သူျဖစ္ပါတယ္။