မန်စီးတီးဝန်ထမ်းတိုင်းကို တန်ဖိုးကြီးနာရီဝယ်ပေးခဲ့တဲ့အပြင် ကားသစ်လည်းမဲဖောက်ကာကျေးဇူးတုံ့ပြန်ခဲ့တဲ့အဂူရို

ဆာဂျီယိုအဂူရိုဟာမန်စီးတီးအသင်းမှဝန်ထမ်းတစ်ဦးချင်းစီတိုင်းကိုပေါင်ခြောက်သောင်းကျော်အကုန်အကျခံကာနာရီတစ်လုံးစီလက်ဆောင်ပေးခဲ့တဲ့အပြင်သူ့ရဲ့ကားသစ်တစ်စီးကိုလည်းမဲဖောက်ပေးခဲ့ကြောင်းသိရပါတယ်။

အသက်၃၂နှစ်ရှိဆာဂျီယိုအဂူရိုဟာဘာစီလိုနာနှင့်အလွတ်ပြောင်းရွှေ့ကြေးဖြင့်၂နှစ်စာချုပ်ဖြင့်ပြောင်းရွှေ့ထားပြီးဖြစ်ပါတယ်။

ဒါပေမယ့်အဂူရိုဟာမန်စီးတီးမှာကစားခဲ့တဲ့၁၀နှစ်တာကာလအတွင်းတွင်သူ့ကိုအကောင်းဆုံးပံ့ပိုးမှုပြုလုပ်ခဲ့ကြတဲ့ဝန်ထမ်း၆၀ဦးတို့ရဲ့ကျေးဇူးကိုတုံ့ပြန်ဖို့လည်းမမေ့ပါဘူး။

The Athletic ရဲ့ဖော်ပြချက်အရအဂူရိုဟာဝန်ထမ်းအားလုံးကိုတစ်လုံးလျှင်ပေါင်၁၆၅၀တန်ဖိုးရှိ Tag Heuer of Hublot နာရီမော်ဒယ်များဝယ်ယူလက်ဆောင်ပေးခဲ့ကြောင်းသိရပါတယ်။နာရီအလုံးတိုင်းမှာ Gracias! Kun Aguero ဆိုပြီးရေးသားထားပါတယ်။

ဒါ့အပြင်အာဂျင်တီးနားတိုက်စစ်မှူးဟာRange Rover Evoque ကားတစ်စီးကိုမဲဖောက်ပေးခဲ့ပါတယ်။ယင်းကားကိုအဂူရိုနဲ့အလွန်ခင်မင်တဲ့အမည်မဖော်လိုသူဝန်ထမ်းတစ်ဦးကမဲဖောက်သွားခဲ့ကြောင်းသိရပါတယ်။

အဂူရိုဟာမန်စီးတီးမှထွက်ခွာလာချိန်မှာကလပ်အပေါ်တွင်ရောသူ့အပေါ်တွင်ပါတာဝန်ကျေပွန်စွာလုပ်ဆောင်ပေးခဲ့တဲ့မန်စီးတီးဝန်ထမ်းများအားလက်ဆောင်တုံ့ပြန်မှုကမပြီးဆုံးသေးပါဘူး။အဂူရိုကလာမယ့်ခရစ္စမတ်ကာလမှာလည်းမန်စီးတီးဝန်ထမ်းများကိုလက်ဆောင်ပေးဦးမယ်လို့ကတိပြုခဲ့ပါသေးတယ်။

ZawGyi

မန္စီးတီးဝန္ထမ္းတိုင္းကို တန္ဖိုးႀကီးနာရီဝယ္ေပးခဲ့တဲ့အျပင္ ကားသစ္လည္းမဲေဖာက္ကာေက်းဇူးတုံ႔ျပန္ခဲ့တဲ့အဂူ႐ို

ဆာဂ်ီယိုအဂူ႐ိုဟာမန္စီးတီးအသင္းမွဝန္ထမ္းတစ္ဦးခ်င္းစီတိုင္းကိုေပါင္ေျခာက္ေသာင္းေက်ာ္အကုန္အက်ခံကာနာရီတစ္လုံးစီလက္ေဆာင္ေပးခဲ့တဲ့အျပင္သူ႔ရဲ႕ကားသစ္တစ္စီးကိုလည္းမဲေဖာက္ေပးခဲ့ေၾကာင္းသိရပါတယ္။

အသက္၃၂ႏွစ္ရွိဆာဂ်ီယိုအဂူ႐ိုဟာဘာစီလိုနာႏွင့္အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္၂ႏွစ္စာခ်ဳပ္ျဖင့္ေျပာင္းေ႐ႊ႕ထားၿပီးျဖစ္ပါတယ္။

ဒါေပမယ့္အဂူ႐ိုဟာမန္စီးတီးမွာကစားခဲ့တဲ့၁၀ႏွစ္တာကာလအတြင္းတြင္သူ႔ကိုအေကာင္းဆုံးပံ့ပိုးမႈျပဳလုပ္ခဲ့ၾကတဲ့ဝန္ထမ္း၆၀ဦးတို႔ရဲ႕ေက်းဇူးကိုတုံ႔ျပန္ဖို႔လည္းမေမ့ပါဘူး။

The Athletic ရဲ႕ေဖာ္ျပခ်က္အရအဂူ႐ိုဟာဝန္ထမ္းအားလုံးကိုတစ္လုံးလွ်င္ေပါင္၁၆၅၀တန္ဖိုးရွိ Tag Heuer of Hublot နာရီေမာ္ဒယ္မ်ားဝယ္ယူလက္ေဆာင္ေပးခဲ့ေၾကာင္းသိရပါတယ္။နာရီအလုံးတိုင္းမွာ Gracias! Kun Aguero ဆိုၿပီးေရးသားထားပါတယ္။

ဒါ့အျပင္အာဂ်င္တီးနားတိုက္စစ္မႉးဟာRange Rover Evoque ကားတစ္စီးကိုမဲေဖာက္ေပးခဲ့ပါတယ္။ယင္းကားကိုအဂူ႐ိုနဲ႔အလြန္ခင္မင္တဲ့အမည္မေဖာ္လိုသူဝန္ထမ္းတစ္ဦးကမဲေဖာက္သြားခဲ့ေၾကာင္းသိရပါတယ္။

အဂူ႐ိုဟာမန္စီးတီးမွထြက္ခြာလာခ်ိန္မွာကလပ္အေပၚတြင္ေရာသူ႔အေပၚတြင္ပါတာဝန္ေက်ပြန္စြာလုပ္ေဆာင္ေပးခဲ့တဲ့မန္စီးတီးဝန္ထမ္းမ်ားအားလက္ေဆာင္တုံ႔ျပန္မႈကမၿပီးဆုံးေသးပါဘူး။အဂူ႐ိုကလာမယ့္ခရစၥမတ္ကာလမွာလည္းမန္စီးတီးဝန္ထမ္းမ်ားကိုလက္ေဆာင္ေပးဦးမယ္လို႔ကတိျပဳခဲ့ပါေသးတယ္။