မန်စီးတီးသို့ပြောင်းရွှေ့မှုကြောင့် သူမတို့မိသားစုပျက်စီးခဲ့ကြောင်း မရာ့ဇ်ဇနီးဟောင်းဖွင့်ဟလာ

မန်စီးတီးစတားရီယက်မရာ့ဇ်ရဲ့ဇနီးဟောင်းကမရာ့ဇ်မှာမန်စီးတီးသို့ပြောင်းပြီးနောက်သူမနဲ့မိသားစုကိုစွန့်ပစ်ခဲ့ကြောင်းဖွင့်ချလာခဲ့ပါတယ်။

Today ရဲ့အဆိုတော်ရီတာဂျိုဟယ်ကခင်ပွန်းဟောင်းမရာ့ဇ်ဟာလက်စတာစီးတီးမှမန်စီးတီးသို့ပြောင်းရွှေ့ပြီးနောက်တစ်ပတ်လုပ်ခပေါင်၁၆၀၀၀၀ရရှိကာကိုယ့်ကိုယ်ကိုအထင်ကြီးလာကာမိသားစုကိုစွန့်ပစ်ခဲ့ကြောင်းဆိုသွားပါတယ်။

သူမကဟယ်ရီကိန်းရဲ့ဇနီးသည်ကိတ်မှာခင်ပွန်းသည် စပါးစ်နှင့်အင်္ဂလန်အသင်းခေါင်းဆောင် မန်စီးတီးသို့မပြောင်းရွှေ့ဖြစ်ခဲ့ခြင်းမှာအလွန်ကံကောင်းခြင်းဖြစ်ကြောင်း ဆိုသွားပါတယ်။

အသက်၂၈နှစ်ရှိရီတာက “အခြားသူတွေရဲ့ဘဝနဲ့ပတ်သက်ပြီးမှတ်ချက်မပေးချင်ပါဘူး။ဒါပေမယ့်မန်စီးတီးအပြောင်းအရွှေ့ကကျွန်မခင်ပွန်းကိုအများကြီးပြောင်းလဲသွားစေခဲ့ပါတယ်။ဟယ်ရီကိန်းရဲ့ဇနီးသည်ဟာလက်မတင်ကလေးကံကောင်းပြီးလွတ်မြောက်သွားခဲ့ပါတယ်။အခြားသူတွေလည်းအရမ်းဂရုစိုက်သင့်ပါတယ်။ရီယက်ဟာအရမ်းဂုဏ်မောက်လာခဲ့ပါတယ်။မန်စီးတီးသို့ပြောင်းပြီးတဲ့နောက်အရမ်းပြောင်းလဲသွားပါတယ်။ဒါပေမယ့်ဘောလုံးသမားတစ်ယောက်ရဲ့ကစားသမားဘဝဆိုတာတိုတိုကလေးရယ်ပါ။သူတို့အနေနဲ့ကိုယ့်ကိုအလေးထားသူတွေကိုပြန်ဂရုစိုက်သင့်ပါတယ်။သူတို့အနေနဲ့ကလပ်ကြီးတစ်ခုသို့ပြောင်းတယ်ဆိုရင်တောင်ကိုယ့်အတွက်အစစ်အမှန်ကဘာလဲဆိုတာသိရပါမယ်”လို့ပြောကြားခဲ့ပါတယ်။

ရီတာဟာမူစလင်တစ်ဦးဖြစ်တဲ့ရီယက်ဟာမန်စီးတီးသို့ပြောင်းပြီးနောက်အရက်သောက်ခြင်း၊ကလပ်တက်ခြင်းတို့ပြုမူလာမှုနဲ့အတူအယုံအကြည်မဲ့လာခဲ့ပါတယ်။လွန်ခဲ့တဲ့ခုနှစ်နှစ်တုန်းကသူတို့နှစ်ဦးစတင်တွေ့ဆုံတုန်းကရီယက်မရာ့ဇ်ဟာတည်ငြိမ်ပြီးအေးချမ်းတဲ့ဘဝမှာအတူနေထိုင်ခဲ့ကြတာပါ။

ဒါပေမယ့်မရာ့ဇ်ဟာ၂၀၁၈ခုနှစ်မှာလက်စတာမှမန်စီးတီးသို့ပေါင်သန်း၆၀ဖြင့်ပြောင်းရွှေ့ပြီးတဲ့နောက်ဇနီးသည်အပေါ်မှာအေးစက်လာခဲ့ပါတော့တယ်။

လက်ရှိအချိန်မှာမရာ့ဇ်ဟာ Influencer တစ်ဦးဖြစ်တဲ့တေလာဝတ်နဲ့စေ့စပ်ထားပါတယ်။

ရီတာက “ကျွန်မစတွေ့တုန်းကမရာ့ဇ်နဲ့အခုမရာ့ဇ်ကအရမ်းကိုကွာခြားပါတယ်။ပါတီတွေသွားတယ်။ဒိတ်ဒိတ်ကြဲဘောလုံးသမားတစ်ဦးလိုနေထိုင်နေတယ်။သူ့ကိုမမုန်းပါဘူး။ဒါကတကယ်ပြောတာပါ။ဒါပေမယ့်သူလုပ်ခဲ့တာတွေနဲ့ပတ်သက်ပြီးတုန်လှုပ်ခဲ့ရတယ်။စိတ်မကောင်းဖြစ်ရပါတယ်။သူဟာမန်စီးတီးမှာကစားရလို့ဖိအားအရမ်းတယ်ဆိုပြီးကျွန်မကိုအပြစ်တင်လာပါတယ်။အခုသူဟာဘယ်သူ့ကိုမှဂရုမစိုက်ဘဲဂျက်လေယာဉ်လေးစီးပြီးကမ္ဘာတလွှားအပန်းဖြေထွက်ပြီးအချိန်ဖြုန်းနေပါတယ်”လို့ပြောကြားသွားပါတယ်။

ရီတာနဲ့မရာ့ဇ်တို့ဟာ၂၀၁၄ခုနှစ်တုန်းကမရာ့ဇ်နာမည်ကျော်ကစားသမားတစ်ဦးမဖြစ်ခင်ဆုံစည်းချစ်ကြိုက်ခဲ့ကြတာဖြစ်ပြီးလက်ထပ်ပွဲကိုလည်းနီးစပ်သူများကိုသာဖိတ်ကာအကျဉ်းချုံးကျင်းပခဲ့ပါတယ်။

မရာ့ဇ်ဟာရီတာနဲ့လမ်းခွဲလိုက်ပြီးတဲ့နောက်တေလာဝတ်နဲ့တွဲနေပါတယ်။သူဟာပြီးခဲ့တဲ့ဒီဇင်ဘာလမှစတင်ကာတေလာနှင့်အတူနေထိုင်နေခဲ့ပြီးချီရှိုင်းယားမှာပေါင်၂သန်းတန်နေအိမ်တစ်လုံးဝယ်ခဲ့ပါတယ်။

ဇွန်လမှာတော့မရာ့ဇ်ဟာပေါင်၄သိန်းတန်အဖိုးတန်လက်စွပ်ဖြင့်တေလာကိုလက်ထပ်ခွင့်တောင်းခဲ့ပါတယ်။

ရီတာဟာလည်းယခုအခါ အသက်၂၈နှစ်ရှိ Music Producer တစ်ဦးဖြစ်တဲ့ Fumenz The Engineer နှင့်တွဲနေပါတယ်။

ZawGyi

မန္စီးတီးသို႔ေျပာင္းေ႐ႊ႕မႈေၾကာင့္ သူမတို႔မိသားစုပ်က္စီးခဲ့ေၾကာင္း မရာ့ဇ္ဇနီးေဟာင္းဖြင့္ဟလာ

မန္စီးတီးစတားရီယက္မရာ့ဇ္ရဲ႕ဇနီးေဟာင္းကမရာ့ဇ္မွာမန္စီးတီးသို႔ေျပာင္းၿပီးေနာက္သူမနဲ႔မိသားစုကိုစြန႔္ပစ္ခဲ့ေၾကာင္းဖြင့္ခ်လာခဲ့ပါတယ္။

Today ရဲ႕အဆိုေတာ္ရီတာဂ်ိဳဟယ္ကခင္ပြန္းေဟာင္းမရာ့ဇ္ဟာလက္စတာစီးတီးမွမန္စီးတီးသို႔ေျပာင္းေ႐ႊ႕ၿပီးေနာက္တစ္ပတ္လုပ္ခေပါင္၁၆၀၀၀၀ရရွိကာကိုယ့္ကိုယ္ကိုအထင္ႀကီးလာကာမိသားစုကိုစြန႔္ပစ္ခဲ့ေၾကာင္းဆိုသြားပါတယ္။

သူမကဟယ္ရီကိန္းရဲ႕ဇနီးသည္ကိတ္မွာခင္ပြန္းသည္ စပါးစ္ႏွင့္အဂၤလန္အသင္းေခါင္းေဆာင္ မန္စီးတီးသို႔မေျပာင္းေ႐ႊ႕ျဖစ္ခဲ့ျခင္းမွာအလြန္ကံေကာင္းျခင္းျဖစ္ေၾကာင္း ဆိုသြားပါတယ္။

အသက္၂၈ႏွစ္ရွိရီတာက “အျခားသူေတြရဲ႕ဘဝနဲ႔ပတ္သက္ၿပီးမွတ္ခ်က္မေပးခ်င္ပါဘူး။ဒါေပမယ့္မန္စီးတီးအေျပာင္းအေ႐ႊ႕ကကြၽန္မခင္ပြန္းကိုအမ်ားႀကီးေျပာင္းလဲသြားေစခဲ့ပါတယ္။ဟယ္ရီကိန္းရဲ႕ဇနီးသည္ဟာလက္မတင္ကေလးကံေကာင္းၿပီးလြတ္ေျမာက္သြားခဲ့ပါတယ္။အျခားသူေတြလည္းအရမ္းဂ႐ုစိုက္သင့္ပါတယ္။ရီယက္ဟာအရမ္းဂုဏ္ေမာက္လာခဲ့ပါတယ္။မန္စီးတီးသို႔ေျပာင္းၿပီးတဲ့ေနာက္အရမ္းေျပာင္းလဲသြားပါတယ္။ဒါေပမယ့္ေဘာလုံးသမားတစ္ေယာက္ရဲ႕ကစားသမားဘဝဆိုတာတိုတိုကေလးရယ္ပါ။သူတို႔အေနနဲ႔ကိုယ့္ကိုအေလးထားသူေတြကိုျပန္ဂ႐ုစိုက္သင့္ပါတယ္။သူတို႔အေနနဲ႔ကလပ္ႀကီးတစ္ခုသို႔ေျပာင္းတယ္ဆိုရင္ေတာင္ကိုယ့္အတြက္အစစ္အမွန္ကဘာလဲဆိုတာသိရပါမယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ရီတာဟာမူစလင္တစ္ဦးျဖစ္တဲ့ရီယက္ဟာမန္စီးတီးသို႔ေျပာင္းၿပီးေနာက္အရက္ေသာက္ျခင္း၊ကလပ္တက္ျခင္းတို႔ျပဳမူလာမႈနဲ႔အတူအယုံအၾကည္မဲ့လာခဲ့ပါတယ္။လြန္ခဲ့တဲ့ခုႏွစ္ႏွစ္တုန္းကသူတို႔ႏွစ္ဦးစတင္ေတြ႕ဆုံတုန္းကရီယက္မရာ့ဇ္ဟာတည္ၿငိမ္ၿပီးေအးခ်မ္းတဲ့ဘဝမွာအတူေနထိုင္ခဲ့ၾကတာပါ။

ဒါေပမယ့္မရာ့ဇ္ဟာ၂၀၁၈ခုႏွစ္မွာလက္စတာမွမန္စီးတီးသို႔ေပါင္သန္း၆၀ျဖင့္ေျပာင္းေ႐ႊ႕ၿပီးတဲ့ေနာက္ဇနီးသည္အေပၚမွာေအးစက္လာခဲ့ပါေတာ့တယ္။

လက္ရွိအခ်ိန္မွာမရာ့ဇ္ဟာ Influencer တစ္ဦးျဖစ္တဲ့ေတလာဝတ္နဲ႔ေစ့စပ္ထားပါတယ္။

ရီတာက “ကြၽန္မစေတြ႕တုန္းကမရာ့ဇ္နဲ႔အခုမရာ့ဇ္ကအရမ္းကိုကြာျခားပါတယ္။ပါတီေတြသြားတယ္။ဒိတ္ဒိတ္ႀကဲေဘာလုံးသမားတစ္ဦးလိုေနထိုင္ေနတယ္။သူ႔ကိုမမုန္းပါဘူး။ဒါကတကယ္ေျပာတာပါ။ဒါေပမယ့္သူလုပ္ခဲ့တာေတြနဲ႔ပတ္သက္ၿပီးတုန္လႈပ္ခဲ့ရတယ္။စိတ္မေကာင္းျဖစ္ရပါတယ္။သူဟာမန္စီးတီးမွာကစားရလို႔ဖိအားအရမ္းတယ္ဆိုၿပီးကြၽန္မကိုအျပစ္တင္လာပါတယ္။အခုသူဟာဘယ္သူ႔ကိုမွဂ႐ုမစိုက္ဘဲဂ်က္ေလယာဥ္ေလးစီးၿပီးကမာၻတလႊားအပန္းေျဖထြက္ၿပီးအခ်ိန္ျဖဳန္းေနပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ရီတာနဲ႔မရာ့ဇ္တို႔ဟာ၂၀၁၄ခုႏွစ္တုန္းကမရာ့ဇ္နာမည္ေက်ာ္ကစားသမားတစ္ဦးမျဖစ္ခင္ဆုံစည္းခ်စ္ႀကိဳက္ခဲ့ၾကတာျဖစ္ၿပီးလက္ထပ္ပြဲကိုလည္းနီးစပ္သူမ်ားကိုသာဖိတ္ကာအက်ဥ္းခ်ဳံးက်င္းပခဲ့ပါတယ္။

မရာ့ဇ္ဟာရီတာနဲ႔လမ္းခြဲလိုက္ၿပီးတဲ့ေနာက္ေတလာဝတ္နဲ႔တြဲေနပါတယ္။သူဟာၿပီးခဲ့တဲ့ဒီဇင္ဘာလမွစတင္ကာေတလာႏွင့္အတူေနထိုင္ေနခဲ့ၿပီးခ်ီရႈိင္းယားမွာေပါင္၂သန္းတန္ေနအိမ္တစ္လုံးဝယ္ခဲ့ပါတယ္။

ဇြန္လမွာေတာ့မရာ့ဇ္ဟာေပါင္၄သိန္းတန္အဖိုးတန္လက္စြပ္ျဖင့္ေတလာကိုလက္ထပ္ခြင့္ေတာင္းခဲ့ပါတယ္။

ရီတာဟာလည္းယခုအခါ အသက္၂၈ႏွစ္ရွိ Music Producer တစ္ဦးျဖစ္တဲ့ Fumenz The Engineer ႏွင့္တြဲေနပါတယ္။