မန်စီးတီးသို့ ပြောင်းရွှေ့ခွင့်ရရေးအတွက် လေ့ကျင့်ခန်းမဆင်းဘဲ ဟယ်ရီကိန်းသပိတ်မှောက်နိုင်

ဟယ်ရီကိန်းဟာမန်စီးတီးအသင်းသို့ပြောင်းရွှေ့ခွင့်ရရှိရေးအတွက်လေ့ကျင့်ခန်းမဆင်းဘဲ စပါးစ်အသင်းကိုသပိတ်မှောက်သွားနိုင်ကြောင်းသိရပါတယ်။

စပါးစ်နှင့်အင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်းဟာမန်စီးတီးရဲ့နံပါတ်တစ်အပြောင်းအရွှေ့ပစ်မှတ်ဖြစ်ပါတယ်။

ဟယ်ရီကိန်းဟာကစားသမားဘဝတွင်ဆုဖလားတစ်ကြိမ်မျှဆွတ်ခူးခဲ့ဖူးခြင်းမရှိရာယခုနွေတွင်ဆုဖလားများအတွက်စိန်ခေါ်နိုင်မယ့်အသင်းတစ်သင်းသို့ပြောင်းလိုနေပြီးမန်စီးတီးမှာသူပြောင်းလိုနေတဲ့ကလပ်များထဲမှတစ်ခုဖြစ်ပါတယ်။

The Telegraph ရဲ့ဖော်ပြချက်အရအင်္ဂလန်ကစားသမားများကဟယ်ရီကိန်းဟာမန်စီးတီးသို့ပြောင်းခွင့်ရရေးအတွက်လေ့ကျင့်ခန်းမဆင်းဘဲသပိတ်မှောက်ရန်စီစဉ်နေတယ်လို့ယုံကြည်နေကြောင်းသိရပါတယ်။

ဒါပေမယ့်စပါးစ်နည်းပြသစ်နူနိုကမူဟယ်ရီကိန်းမှာစပါးစ်အသင်းတွင်ဆက်ရှိနေလိမ့်မယ်လို့ဆိုသွားပါတယ်။

နူနိုက “အခုအချိန်ကဟယ်ရီအတွက်အနားယူပြီးအားပြန်ပြည့်အောင်လုပ်ရမယ့်အချိန်ဖြစ်ပါတယ်။သူပြန်ရောက်လာတဲ့အခါကျရင်စကားပြောပါမယ်။ဖြစ်လာမယ့်အရာတွေအတွက်သူ့ဘက်အသင့်ပြင်ထားရပါမယ်။ကျွန်တော့်စိတ်ထဲမှာတော့ဘာသံသယမှမရှိပါဘူး။သူကောင်းကောင်းအနားယူပြီးအကောင်းဆုံးဖြစ်နေဖို့ဆုတောင်းပါတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

မန္စီးတီးသို႔ ေျပာင္းေ႐ႊ႕ခြင့္ရေရးအတြက္ ေလ့က်င့္ခန္းမဆင္းဘဲ ဟယ္ရီကိန္းသပိတ္ေမွာက္ႏိုင္

ဟယ္ရီကိန္းဟာမန္စီးတီးအသင္းသို႔ေျပာင္းေ႐ႊ႕ခြင့္ရရွိေရးအတြက္ေလ့က်င့္ခန္းမဆင္းဘဲ စပါးစ္အသင္းကိုသပိတ္ေမွာက္သြားႏိုင္ေၾကာင္းသိရပါတယ္။

စပါးစ္ႏွင့္အဂၤလန္အသင္းေခါင္းေဆာင္ဟယ္ရီကိန္းဟာမန္စီးတီးရဲ႕နံပါတ္တစ္အေျပာင္းအေ႐ႊ႕ပစ္မွတ္ျဖစ္ပါတယ္။

ဟယ္ရီကိန္းဟာကစားသမားဘဝတြင္ဆုဖလားတစ္ႀကိမ္မွ်ဆြတ္ခူးခဲ့ဖူးျခင္းမရွိရာယခုေႏြတြင္ဆုဖလားမ်ားအတြက္စိန္ေခၚႏိုင္မယ့္အသင္းတစ္သင္းသို႔ေျပာင္းလိုေနၿပီးမန္စီးတီးမွာသူေျပာင္းလိုေနတဲ့ကလပ္မ်ားထဲမွတစ္ခုျဖစ္ပါတယ္။

The Telegraph ရဲ႕ေဖာ္ျပခ်က္အရအဂၤလန္ကစားသမားမ်ားကဟယ္ရီကိန္းဟာမန္စီးတီးသို႔ေျပာင္းခြင့္ရေရးအတြက္ေလ့က်င့္ခန္းမဆင္းဘဲသပိတ္ေမွာက္ရန္စီစဥ္ေနတယ္လို႔ယုံၾကည္ေနေၾကာင္းသိရပါတယ္။

ဒါေပမယ့္စပါးစ္နည္းျပသစ္ႏူႏိုကမူဟယ္ရီကိန္းမွာစပါးစ္အသင္းတြင္ဆက္ရွိေနလိမ့္မယ္လို႔ဆိုသြားပါတယ္။

ႏူႏိုက “အခုအခ်ိန္ကဟယ္ရီအတြက္အနားယူၿပီးအားျပန္ျပည့္ေအာင္လုပ္ရမယ့္အခ်ိန္ျဖစ္ပါတယ္။သူျပန္ေရာက္လာတဲ့အခါက်ရင္စကားေျပာပါမယ္။ျဖစ္လာမယ့္အရာေတြအတြက္သူ႔ဘက္အသင့္ျပင္ထားရပါမယ္။ကြၽန္ေတာ့္စိတ္ထဲမွာေတာ့ဘာသံသယမွမရွိပါဘူး။သူေကာင္းေကာင္းအနားယူၿပီးအေကာင္းဆုံးျဖစ္ေနဖို႔ဆုေတာင္းပါတယ္”လို႔ေျပာၾကားသြားပါတယ္။