မန်စီးတီးသို့ ပြောင်းလိုကြောင်း လီဗိုင်းကို ထပ်မံပြောကြားလာတဲ့ ဟယ်ရီကိန်း

ဟယ်ရီကိန်းက၎င်းမှာစပါးစ်မှထွက်ခွာကာမန်စီးတီးသို့ပြောင်းရွှေ့လိုနေကြောင်းစပါးစ်ဥက္ကဌလီဗိုင်းအားထပ်မံပြောကြားလာပါတယ်။

ဟယ်ရီကိန်းဟာယခုနွေရာသီတွင်စပါးစ်မှထွက်ခွာလိုနေပြီးလီဗိုင်းကပြောင်းရွှေ့ကြေးပေါင်သန်း၁၅၀ရရှိလိုနေပါတယ်။

လက်ရှိအချိန်အထိဟယ်ရီကိန်းအပြောင်းအရွှေ့မှာတစ်စုံတစ်ရာထူးခြားမှုမရှိသေးပါဘူး။ဒါကြောင့်လည်းဟယ်ရီကိန်းဟာအပြောင်းအရွှေ့ပိတ်ရန်တဖြည်းဖြည်းနီးကပ်လာတာနဲ့အမျှမန်စီးတီးသို့အပြောင်းအရွှေ့မဖြစ်မြောက်လာမည်ကိုစိုးရိမ်နေပြီဖြစ်ပါတယ်။

ဒါကြောင့်လည်းဝုဗ်နှင့်ပွဲတွင်အရန်အဖြစ်ဝင်ရောက်ကစားခဲ့တဲ့ဟယ်ရီကိန်းဟာပရီးမီးယားလိဂ်ချန်ပီယံအသင်းထံသို့ပြောင်းရွှေ့လိုနေဆဲဖြစ်ကြောင်းဥက္ကဌလီဗိုင်းထံသို့ထပ်မံအကြောင်းကြားလာကြောင်း The Sun ကဖော်ပြသွားပါတယ်။

ကိန်းဟာနွေရာသီအားလပ်ရက်ပြီးနောက်အသင်းနှင့်ပူးပေါင်းရန်နောက်ကျမှုအတွက်အားလုံးဝေဖန်ခံနေရချိန်တွင်စပါးစ်ဘက်ကနှုတ်ဆိတ်နေခဲ့မှုအပေါ်တွင်လည်းစိတ်ပျက်နေပါတယ်။

တစ်ဖက်တွင်စပါးစ်ဥက္ကဌလီဗိုင်းကလည်းပြောင်းရွှေ့ကြေးပေါင်သန်း၁၅၀မရလျှင် သုံးနှစ်စာချုပ်ကျန်ကိန်းကိုရောင်းမည်မဟုတ်ဟုတင်းခံနေသလိုမန်စီးတီးကလည်းပေါင်၁၂၅သန်းပိုပေးလိုခြင်းမရှိပါဘူး။

ZawGyi

မန္စီးတီးသို႔ ေျပာင္းလိုေၾကာင္း လီဗိုင္းကို ထပ္မံေျပာၾကားလာတဲ့ ဟယ္ရီကိန္း

ဟယ္ရီကိန္းက၎မွာစပါးစ္မွထြက္ခြာကာမန္စီးတီးသို႔ေျပာင္းေ႐ႊ႕လိုေနေၾကာင္းစပါးစ္ဥကၠဌလီဗိုင္းအားထပ္မံေျပာၾကားလာပါတယ္။

ဟယ္ရီကိန္းဟာယခုေႏြရာသီတြင္စပါးစ္မွထြက္ခြာလိုေနၿပီးလီဗိုင္းကေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း၁၅၀ရရွိလိုေနပါတယ္။

လက္ရွိအခ်ိန္အထိဟယ္ရီကိန္းအေျပာင္းအေ႐ႊ႕မွာတစ္စုံတစ္ရာထူးျခားမႈမရွိေသးပါဘူး။ဒါေၾကာင့္လည္းဟယ္ရီကိန္းဟာအေျပာင္းအေ႐ႊ႕ပိတ္ရန္တျဖည္းျဖည္းနီးကပ္လာတာနဲ႔အမွ်မန္စီးတီးသို႔အေျပာင္းအေ႐ႊ႕မျဖစ္ေျမာက္လာမည္ကိုစိုးရိမ္ေနၿပီျဖစ္ပါတယ္။

ဒါေၾကာင့္လည္းဝုဗ္ႏွင့္ပြဲတြင္အရန္အျဖစ္ဝင္ေရာက္ကစားခဲ့တဲ့ဟယ္ရီကိန္းဟာပရီးမီးယားလိဂ္ခ်န္ပီယံအသင္းထံသို႔ေျပာင္းေ႐ႊ႕လိုေနဆဲျဖစ္ေၾကာင္းဥကၠဌလီဗိုင္းထံသို႔ထပ္မံအေၾကာင္းၾကားလာေၾကာင္း The Sun ကေဖာ္ျပသြားပါတယ္။

ကိန္းဟာေႏြရာသီအားလပ္ရက္ၿပီးေနာက္အသင္းႏွင့္ပူးေပါင္းရန္ေနာက္က်မႈအတြက္အားလုံးေဝဖန္ခံေနရခ်ိန္တြင္စပါးစ္ဘက္ကႏႈတ္ဆိတ္ေနခဲ့မႈအေပၚတြင္လည္းစိတ္ပ်က္ေနပါတယ္။

တစ္ဖက္တြင္စပါးစ္ဥကၠဌလီဗိုင္းကလည္းေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း၁၅၀မရလွ်င္ သုံးႏွစ္စာခ်ဳပ္က်န္ကိန္းကိုေရာင္းမည္မဟုတ္ဟုတင္းခံေနသလိုမန္စီးတီးကလည္းေပါင္၁၂၅သန္းပိုေပးလိုျခင္းမရွိပါဘူး။