မန်စီးတီးသို့ မပြောင်းမီ ဂျူဗင်တပ်ကစားသမားများကို နှုတ်ဆက်ခဲ့တဲ့ ခရစ္စတီယာနိုရော်နယ်ဒို

ခရစ္စတီယာနိုရော်နယ်ဒိုဟာသောကြာနေ့နံနက်ပိုင်းတုန်းကဂျူဗင်တပ်ရဲ့လေ့ကျင့်ခန်းအစီအစဉ်နှင့်ပူးပေါင်းခဲ့သော်လည်းလေ့ကျင့်ခန်းဆင်းခြင်းမရှိဘဲပြန်လည်ထွက်ခွာသွားခဲ့ကြောင်းသိရပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာဂျူဗင်တပ်ကစားဖော်များကိုနှုတ်ဆက်ခဲ့ပြီးလေ့ကျင့်ရေးကွင်းသို့ရောက်လာပြီးမိနစ်၄၀အကြာတွင်ပင်ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။

ပေါ်တူဂီစူပါစတားဟာလက်ရှိအချိန်တွင်အေးဂျင့်ဂျော့မန်ဒက်စ်နှင့်မန်စီးတီးအသင်းတို့ရဲ့ဆွေးနှေုးမှုကိုစောင့်ဆိုင်းနေပါတယ်။

ဒါ့အပြင်အီတလီမီဒီယာများရဲ့ဖော်ပြချက်အရခရစ္စတီယာနိုရော်နယ်ဒိုဟာဂျူဗင်တပ်အဝတ်အစားလဲခန်းအတွင်းရှိသူ့ရဲ့Locker ထဲမှပစ္စည်းအားလုံးကိုလည်းပြန်လည်သိမ်းဆည်းခဲ့ကြောင်းခဲ့ပါတယ်။

ယင်းသို့အနေအထားကြောင့်ခရစ္စတီယာနိုရော်နယ်ဒိုဟာမကြာမီကာလအတွင်းတွင်မန်စီးတီးသို့ရောက်လာဖို့သေချာသလောက်ရှိနေပြီဖြစ်ပါတယ်။

စူပါအေးဂျင့်ဂျော့မန်ဒက်စ်နှင့်မန်စီးတီးတို့ဟာနှုတ်အားဖြင့်အကြမ်းဖျဉ်းသဘောတူညီမှုရရှိသေးတာဖြစ်ပြီးအသေးစိတ်အချက်အလက်များနှင့်ပတ်သက်ပြီးဆွေးနွေးမှုများ ပြုလုပ်ရပါဦးမယ်။

ဂျူဗင်တပ်ဟာခရစ္စတီယာနိုရော်နယ်ဒိုအတွက်ပြောင်းရွှေ့ကြေးပေါင်၂၁.၄သန်းရရှိလိုနေပြီးမန်စီးတီးကလည်းအလွတ်ပြောင်းရွှေ့ကြေးဖြင့်သာခေါ်ယူလိုနေပါတယ်။

မန်စီးတီးနှင့်ခရစ္စတီယာနိုရော်နယ်ဒိုတို့ဟာတစ်နှစ်လုပ်ခပေါင်၁၂.၅သန်းတန်၂နှစ်စာချုပ်ချုပ်ဆိုရန်သဘောတူညီမှုရရှိထားကြောင်းသိရပါတယ်။

ယင်းသို့မန်စီးတီးသို့ပြောင်းနိုင်ခြေရှိနေမှုနဲ့အတူမန်ယူပရိသတ်များဟာခရစ္စတီယာနိုရော်နယ်ဒိုအားသစ္စာဖောက်တစ်ယောက်အဖြစ်ဝေဖန်လျက်ရှိကြပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာမန်ယူနှင့်အတူပရီးမီးယားလိဂ်ဖလား၃ကြိမ်၊ချန်ပီယံလိဂ်ဖလား၁ကြိမ်နှင့်အက်ဖ်အေဖလား၁ကြိမ်ဆွတ်ခူးခဲ့ဖူးပါတယ်။

ခရစ္စတီယာနိုရော်နယ်ဒိုဟာ၂၀၀၉ခုနှစ်တုန်းကအင်တာဗျူးတစ်ခုတွင်မန်ယူရဲ့မြို့ခံပြိုင်ဘက်မန်စီးတီးသို့လုံးဝပြောင်းရွှေ့မှာမဟုတ်ကြောင်းပြောကြားခဲ့ဖူးပါတယ်။လွန်ခဲ့တဲ့ခြောက်နှစ်တုန်းကအင်တာဗျူးတွင်လည်းပေါ်တူဂီစူပါစတားကငွေကြေးအတွက်မန်စီးတီးသို့မည်သည့်အခါတွင်မျှပြောင်းမည်မဟုတ်ကြောင်းပြောကြားခဲ့ဖူးပါတယ်။

ZawGyi

မန္စီးတီးသို႔ မေျပာင္းမီ ဂ်ဴဗင္တပ္ကစားသမားမ်ားကို ႏႈတ္ဆက္ခဲ့တဲ့ ခရစၥတီယာႏိုေရာ္နယ္ဒို

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာေသာၾကာေန႔နံနက္ပိုင္းတုန္းကဂ်ဴဗင္တပ္ရဲ႕ေလ့က်င့္ခန္းအစီအစဥ္ႏွင့္ပူးေပါင္းခဲ့ေသာ္လည္းေလ့က်င့္ခန္းဆင္းျခင္းမရွိဘဲျပန္လည္ထြက္ခြာသြားခဲ့ေၾကာင္းသိရပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာဂ်ဴဗင္တပ္ကစားေဖာ္မ်ားကိုႏႈတ္ဆက္ခဲ့ၿပီးေလ့က်င့္ေရးကြင္းသို႔ေရာက္လာၿပီးမိနစ္၄၀အၾကာတြင္ပင္ျပန္လည္ထြက္ခြာသြားခဲ့ပါတယ္။

ေပၚတူဂီစူပါစတားဟာလက္ရွိအခ်ိန္တြင္ေအးဂ်င့္ေဂ်ာ့မန္ဒက္စ္ႏွင့္မန္စီးတီးအသင္းတို႔ရဲ႕ေဆြးေႏႈးမႈကိုေစာင့္ဆိုင္းေနပါတယ္။

ဒါ့အပြင်အီတလီမီဒီယာများရဲ့ဖော်ပြချက်အရခရစ္စတီယာနိုရော်နယ်ဒိုဟာဂျူဗင်တပ်အဝတ်အစားလဲခန်းအတွင်းရှိသူ့ရဲ့Locker ထဲမှပစ္စည်းအားလုံးကိုလည်းပြန်လည်သိမ်းဆည်းခဲ့ကြောင်းခဲ့ပါတယ်။

ယင္းသို႔အေနအထားေၾကာင့္ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမၾကာမီကာလအတြင္းတြင္မန္စီးတီးသို႔ေရာက္လာဖို႔ေသခ်ာသေလာက္ရွိေနၿပီျဖစ္ပါတယ္။

စူပါေအးဂ်င့္ေဂ်ာ့မန္ဒက္စ္ႏွင့္မန္စီးတီးတို႔ဟာႏႈတ္အားျဖင့္အၾကမ္းဖ်ဥ္းသေဘာတူညီမႈရရွိေသးတာျဖစ္ၿပီးအေသးစိတ္အခ်က္အလက္မ်ားႏွင့္ပတ္သက္ၿပီးေဆြးေႏြးမႈမ်ား ျပဳလုပ္ရပါဦးမယ္။

ဂ်ဴဗင္တပ္ဟာခရစၥတီယာႏိုေရာ္နယ္ဒိုအတြက္ေျပာင္းေ႐ႊ႕ေၾကးေပါင္၂၁.၄သန္းရရွိလိုေနၿပီးမန္စီးတီးကလည္းအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္သာေခၚယူလိုေနပါတယ္။

မန္စီးတီးႏွင့္ခရစၥတီယာႏိုေရာ္နယ္ဒိုတို႔ဟာတစ္ႏွစ္လုပ္ခေပါင္၁၂.၅သန္းတန္၂ႏွစ္စာခ်ဳပ္ခ်ဳပ္ဆိုရန္သေဘာတူညီမႈရရွိထားေၾကာင္းသိရပါတယ္။

ယင္းသို႔မန္စီးတီးသို႔ေျပာင္းႏိုင္ေျခရွိေနမႈနဲ႔အတူမန္ယူပရိသတ္မ်ားဟာခရစၥတီယာႏိုေရာ္နယ္ဒိုအားသစၥာေဖာက္တစ္ေယာက္အျဖစ္ေဝဖန္လ်က္ရွိၾကပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာမန္ယူႏွင့္အတူပရီးမီးယားလိဂ္ဖလား၃ႀကိမ္၊ခ်န္ပီယံလိဂ္ဖလား၁ႀကိမ္ႏွင့္အက္ဖ္ေအဖလား၁ႀကိမ္ဆြတ္ခူးခဲ့ဖူးပါတယ္။

ခရစၥတီယာႏိုေရာ္နယ္ဒိုဟာ၂၀၀၉ခုႏွစ္တုန္းကအင္တာဗ်ဴးတစ္ခုတြင္မန္ယူရဲ႕ၿမိဳ႕ခံၿပိဳင္ဘက္မန္စီးတီးသို႔လုံးဝေျပာင္းေ႐ႊ႕မွာမဟုတ္ေၾကာင္းေျပာၾကားခဲ့ဖူးပါတယ္။လြန္ခဲ့တဲ့ေျခာက္ႏွစ္တုန္းကအင္တာဗ်ဴးတြင္လည္းေပၚတူဂီစူပါစတားကေငြေၾကးအတြက္မန္စီးတီးသို႔မည္သည့္အခါတြင္မွ်ေျပာင္းမည္မဟုတ္ေၾကာင္းေျပာၾကားခဲ့ဖူးပါတယ္။