မန်စီးတီးသို့ ရောက်တဲ့ ပထမနေ့မှာပင် ယူနိုက်တက်ကို တိုက်ခိုက်လာတဲ့ အာလင်းဟာလန်း

အာလင်းဟာလန်းဟာလာမယ့်ပရီးမီးယားလိဂ်ရာသီသစ်မှာမန်ချက်စတာယူနိုက်တက်နှင့်ရင်ဆိုင်ရမယ့်ဒါဘီပွဲကစားရန်စိတ်လှုပ်ရှားနေပါတယ်။ဒါပေမဲ့သူကမြို့ခံပြိုင်ဘက်ရဲ့အမည်ကိုမပြောလိုကြောင်းဆိုလာပါတယ်။

မန်စီးတီးစူပါစတားဟာတနင်္ဂနွေနေ့တုန်းကအီတီဟတ်ကွင်းအပြင်ဘက်တွင်ပရိသတ်များရှေ့မှောက်မှာမိတ်ဆက်ခဲ့ပြီးမေးခွန်းများဖြေကြားခဲ့ပါတယ်။

သူဟာရင်ဆိုင်တွေ့လိုဆုံးအသင်းကိုမေးမြန်းခြင်းခံခဲ့ရပါတယ်။စက္ကန့်အနည်းငယ်ကြာပြီးနောက်အာလင်းဟာလန်းက “ဒီစကားလုံးကိုမပြောချင်ဘူး။ဒါပေမဲ့မန်ချက်စတာယူနိုက်တက်ပါ”လို့ပြောကြားသွားပါတယ်။

ယင်းသို့ပြောကြားလာချိန်တွင်မန်စီးတီးပရိသတ်များအကြီးအကျယ်လက်ခုပ်တီးအားပေးကြပါတယ်။

အာလင်းဟာလန်းဟာလာမယ့်ရာသီတွင်အာဆင်နယ်သို့ထွက်ခွာသွားတဲ့ ဂါဘရီရယ်ဂျေဆူးဝတ်ဆင်ခဲ့တဲ့ကျောနံပါတ်၉ကိုဝတ်ဆင်ကစားသွားပါမယ်။

သူဟာမန်စီးတီးသို့မပြောင်းမီဘာစီလိုနာ၊ရီးရဲလ်မက်ဒရစ်တို့ရဲ့ဆက်သွယ်ခြင်းခံခဲ့ရသူလည်းဖြစ်ပါတယ်။

ဒါပေမဲ့အာလင်းဟာလးန်းကတော့စာချုပ်သက်တမ်းအတိုင်း ၅ နှစ်အထိမန်စီးတီးတွင်ကစားသွားမယ်လို့ဆိုသွားပါတယ်။

ဒါ့အပြင်အာလင်းဟာလန်းက မန်စီးတီးကိုရွေးချယ်ခဲ့မှုနဲ့ပတ်သက်ပြီး “ပြီးခဲ့တဲ့နှစ်တုန်းကသူတို့(မန်စီးတီး)နဲ့ကစားခဲ့တယ်။တီဗွီကနေကြည့်ရတာနဲ့လုံးဝကွဲပြားတယ်။ပထမ၂၅မိနစ်လုံးလုံးဘောလုံးမထိခဲ့ရဘူး။ ပြောရရင် ‘ဂန်ဒိုဂန်ရေတီကီတာကာကစားတာရပ်ပါတော့’လို့တောင်းပန်ရမယ့်ပုံမျိုး။သူတို့ကစားတာကလုံးဝအဆင့်ကွဲပြားတယ်။ကျွန်တော်လည်းအစိတ်အပိုင်းတစ်ရပ်အနေနဲ့ပါဝင်ချင်လာတယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

မန္စီးတီးသို႔ ေရာက္တဲ့ ပထမေန႔မွာပင္ ယူႏိုက္တက္ကို တိုက္ခိုက္လာတဲ့ အာလင္းဟာလန္း

အာလင္းဟာလန္းဟာလာမယ့္ပရီးမီးယားလိဂ္ရာသီသစ္မွာမန္ခ်က္စတာယူႏိုက္တက္ႏွင့္ရင္ဆိုင္ရမယ့္ဒါဘီပြဲကစားရန္စိတ္လႈပ္ရွားေနပါတယ္။ဒါေပမဲ့သူကၿမိဳ႕ခံၿပိဳင္ဘက္ရဲ႕အမည္ကိုမေျပာလိုေၾကာင္းဆိုလာပါတယ္။

မန္စီးတီးစူပါစတားဟာတနဂၤေႏြေန႔တုန္းကအီတီဟတ္ကြင္းအျပင္ဘက္တြင္ပရိသတ္မ်ားေရွ႕ေမွာက္မွာမိတ္ဆက္ခဲ့ၿပီးေမးခြန္းမ်ားေျဖၾကားခဲ့ပါတယ္။

သူဟာရင္ဆိုင္ေတြ႕လိုဆုံးအသင္းကိုေမးျမန္းျခင္းခံခဲ့ရပါတယ္။စကၠန႔္အနည္းငယ္ၾကာၿပီးေနာက္အာလင္းဟာလန္းက “ဒီစကားလုံးကိုမေျပာခ်င္ဘူး။ဒါေပမဲ့မန္ခ်က္စတာယူႏိုက္တက္ပါ”လို႔ေျပာၾကားသြားပါတယ္။

ယင္းသို႔ေျပာၾကားလာခ်ိန္တြင္မန္စီးတီးပရိသတ္မ်ားအႀကီးအက်ယ္လက္ခုပ္တီးအားေပးၾကပါတယ္။

အာလင္းဟာလန္းဟာလာမယ့္ရာသီတြင္အာဆင္နယ္သို႔ထြက္ခြာသြားတဲ့ ဂါဘရီရယ္ေဂ်ဆူးဝတ္ဆင္ခဲ့တဲ့ေက်ာနံပါတ္၉ကိုဝတ္ဆင္ကစားသြားပါမယ္။

သူဟာမန္စီးတီးသို႔မေျပာင္းမီဘာစီလိုနာ၊ရီးရဲလ္မက္ဒရစ္တို႔ရဲ႕ဆက္သြယ္ျခင္းခံခဲ့ရသူလည္းျဖစ္ပါတယ္။

ဒါေပမဲ့အာလင္းဟာလးန္းကေတာ့စာခ်ဳပ္သက္တမ္းအတိုင္း ၅ ႏွစ္အထိမန္စီးတီးတြင္ကစားသြားမယ္လို႔ဆိုသြားပါတယ္။

ဒါ့အျပင္အာလင္းဟာလန္းက မန္စီးတီးကိုေ႐ြးခ်ယ္ခဲ့မႈနဲ႔ပတ္သက္ၿပီး “ၿပီးခဲ့တဲ့ႏွစ္တုန္းကသူတို႔(မန္စီးတီး)နဲ႔ကစားခဲ့တယ္။တီဗြီကေနၾကည့္ရတာနဲ႔လုံးဝကြဲျပားတယ္။ပထမ၂၅မိနစ္လုံးလုံးေဘာလုံးမထိခဲ့ရဘူး။ ေျပာရရင္ ‘ဂန္ဒိုဂန္ေရတီကီတာကာကစားတာရပ္ပါေတာ့’လို႔ေတာင္းပန္ရမယ့္ပုံမ်ိဳး။သူတို႔ကစားတာကလုံးဝအဆင့္ကြဲျပားတယ္။ကြၽန္ေတာ္လည္းအစိတ္အပိုင္းတစ္ရပ္အေနနဲ႔ပါဝင္ခ်င္လာတယ္”လို႔ေျပာၾကားသြားပါတယ္။