
အသစ်ထွက်ပေါ်လာတဲ့သတင်းအရဆာအဲလက်စ်ဖာဂူဆန်ဟာနွေရာသီတုန်းကခရစ္စတီယာနိုရော်နယ်ဒိုကိုမြို့ခံပြိုင်ဘက်မန်စီးတီးသို့မပြောင်းစေဘဲအိုးထရက်ဖို့ဒ်သို့တကျော့ပြန်ရောက်လာအောင်တကယ့်ကိုအရေးပါတဲ့အခန်းကဏ္ဍကပါဝင်ခဲ့ကြောင်းသိရပါတယ်။
အသက်၃၆နှစ်ရှိပေါ်တူဂီအသင်းခေါင်းဆောင်ဟာနွေရာသီအပြောင်းအရွှေ့ဈေးကွက်တုန်းကဂျူဗင်တပ်မှထွက်ခွာရန်စီစဉ်ခဲ့ပြီးတိုက်စစ်မှူးရှာဖွေနေတဲ့ မန်စီးတီးကသူ့ကိုခေါ်ယူဖို့ကြိုးပမ်းခဲ့ပါတယ်။
အထက်ပါအဖြစ်အပျက်ကအပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးရက်များမှာဖြစ်ပျက်လာခဲ့တာဖြစ်ပြီးခရစ္စတီယာနိုရော်နယ်ဒိုဟာအသင်းဟောင်းမန်ယူရဲ့ခါးသီးလှတဲ့မဟာပြိုင်ဘက်မန်စီးတီးသို့ပြောင်းလုနီးပါးဖြစ်နေခဲ့ပါတယ်။
ဒါပေမယ့်၂၄နာရီအတွင်းမှာဘဲမန်ယူဟာသူတို့ရဲ့ကျောနံပါတ်၇ကစားသမားဟောင်းကိုခေါ်ယူရေးအတွက်ဝင်ရောက်လာခဲ့ပြီး ချက်ချင်းဆိုသလိုမန်စီးတီးသို့ရောက်လုနီးပါးဖြစ်နေတဲ့ခရစ္စတီယာနိုရော်နယ်ဒိုကိုကြားဖြတ်ဝင်ခုတ်နိုင်ခဲ့ပါတယ်။
ယနေ့မှာ Daily Star ရဲ့ဖော်ပြချက်အရယူနိုက်တက်ဂန္ထဝင်နည်းပြကြီးဆာအဲလက်စ်ဖာဂူဆန်ဟာမြို့ခံပြိုင်ဘက်မန်စီးတီးသို့ ခရစ္စတီယာနိုရော်နယ်ဒိုမရောက်ရေးအတွက် အဓိကအခန်းခဏ္ဍမှလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။
ဆာအဲလက်စ်ဖာဂူဆန်ဟာရော်နယ်ဒိုကိုပြုစုပျိုးထောင်ခဲ့တဲ့သူတစ်ဦးဖြစ်ရာ စက္ကန့်၂၀မျှသာဖုန်းပြောပြီး ပြိုင်ဘက်မန်စီးတီးသို့မပြောင်းအောင်လုပ်ဆောင်ခဲ့ကြောင်းသိရပါတယ်။
Daily Star တွင်ဖော်ပြလာတဲ့အသေးစိတ်အချက်အရဖာဂူဆန်ဟာမန်စီးတီးသို့ရော်နယ်ဒိုပြောင်းတော့မယ်လို့သိပြီးတော့ ချက်ချင်းဖုန်းကောက်ဆက်ခဲ့ပြီးရော်နယ်ဒိုကလည်းလက်ခံဖြေခဲ့ပါတယ်။ဆာအဲလက်စ်ဖာဂူဆန်ဟာ ရော်နယ်ဒိုကို ‘စီးတီးသို့မပြောင်းနဲ့”ဆိုတဲ့စကားကိုပြတ်သားစွာပြောကြားပြီးဖုန်းချခဲ့ပါတယ်။ဖာဂူဆန်နှင့်ရော်နယ်ဒိုတို့အကြားအခြားဘာအကြောင်းအရာကိုပြောဆိုခဲ့သလဲဆိုတာကိုတော့မသိရပါဘူး။
ယင်းနောက်နောက်၇၂နာရီအကြာမှာတော့ခရစ္စတီယာနိုရော်နယ်ဒိုကိုခေါ်ယူလိုက်ပြီဖြစ်ကြောင်းမန်ချက်စတာယူနိုက်တက်ကတရားဝင်ကြေညာလာခဲ့ပါတယ်။
ခရစ္စတီယာနိုရော်နယ်ဒိုဟာနွေရာသီတွင်မန်ယူသို့တကျော့ပြန်ရောက်လာပြီးနောက်မန်ယူအတွက်၁၁ပွဲကစားထားရာမှာ၉ဂိုးသွင်းယူထားနိုင်ပါတယ်။ရော်နယ်ဒိုဟာစနေနေ့မှာနွေရာသီတုန်းကရောက်လုနီးပါးဖြစ်ခဲ့တဲ့မန်စီးတီးနှင့်ရင်ဆိုင်ကစားရပါမယ်။
ZawGyi
မန္စီးတီးသို႔ ေရာက္လုနီးပါးျဖစ္ေနတဲ့ ေရာ္နယ္ဒိုကို ဖာဂူဆန္ စကၠန႔္ ၂၀ သာ ဖုန္းဆက္ေျပာၿပီး ျငင္းပယ္ေစခဲ့
အသစ္ထြက္ေပၚလာတဲ့သတင္းအရဆာအဲလက္စ္ဖာဂူဆန္ဟာေႏြရာသီတုန္းကခရစၥတီယာႏိုေရာ္နယ္ဒိုကိုၿမိဳ႕ခံၿပိဳင္ဘက္မန္စီးတီးသို႔မေျပာင္းေစဘဲအိုးထရက္ဖို႔ဒ္သို႔တေက်ာ့ျပန္ေရာက္လာေအာင္တကယ့္ကိုအေရးပါတဲ့အခန္းက႑ကပါဝင္ခဲ့ေၾကာင္းသိရပါတယ္။
အသက္၃၆ႏွစ္ရွိေပၚတူဂီအသင္းေခါင္းေဆာင္ဟာေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တုန္းကဂ်ဴဗင္တပ္မွထြက္ခြာရန္စီစဥ္ခဲ့ၿပီးတိုက္စစ္မႉးရွာေဖြေနတဲ့ မန္စီးတီးကသူ႔ကိုေခၚယူဖို႔ႀကိဳးပမ္းခဲ့ပါတယ္။
အထက္ပါအျဖစ္အပ်က္ကအေျပာင္းအေ႐ႊ႕ေဈးကြက္ေနာက္ဆုံးရက္မ်ားမွာျဖစ္ပ်က္လာခဲ့တာျဖစ္ၿပီးခရစၥတီယာႏိုေရာ္နယ္ဒိုဟာအသင္းေဟာင္းမန္ယူရဲ႕ခါးသီးလွတဲ့မဟာၿပိဳင္ဘက္မန္စီးတီးသို႔ေျပာင္းလုနီးပါးျဖစ္ေနခဲ့ပါတယ္။
ဒါေပမယ့္၂၄နာရီအတြင္းမွာဘဲမန္ယူဟာသူတို႔ရဲ႕ေက်ာနံပါတ္၇ကစားသမားေဟာင္းကိုေခၚယူေရးအတြက္ဝင္ေရာက္လာခဲ့ၿပီး ခ်က္ခ်င္းဆိုသလိုမန္စီးတီးသို႔ေရာက္လုနီးပါးျဖစ္ေနတဲ့ခရစၥတီယာႏိုေရာ္နယ္ဒိုကိုၾကားျဖတ္ဝင္ခုတ္ႏိုင္ခဲ့ပါတယ္။
ယေန႔မွာ Daily Star ရဲ႕ေဖာ္ျပခ်က္အရယူႏိုက္တက္ဂႏၴဝင္နည္းျပႀကီးဆာအဲလက္စ္ဖာဂူဆန္ဟာၿမိဳ႕ခံၿပိဳင္ဘက္မန္စီးတီးသို႔ ခရစၥတီယာႏိုေရာ္နယ္ဒိုမေရာက္ေရးအတြက္ အဓိကအခန္းခ႑မွလုပ္ေဆာင္ခဲ့ျခင္းျဖစ္ေၾကာင္းသိရပါတယ္။
ဆာအဲလက္စ္ဖာဂူဆန္ဟာေရာ္နယ္ဒိုကိုျပဳစုပ်ိဳးေထာင္ခဲ့တဲ့သူတစ္ဦးျဖစ္ရာ စကၠန႔္၂၀မွ်သာဖုန္းေျပာၿပီး ၿပိဳင္ဘက္မန္စီးတီးသို႔မေျပာင္းေအာင္လုပ္ေဆာင္ခဲ့ေၾကာင္းသိရပါတယ္။
Daily Star တြင္ေဖာ္ျပလာတဲ့အေသးစိတ္အခ်က္အရဖာဂူဆန္ဟာမန္စီးတီးသို႔ေရာ္နယ္ဒိုေျပာင္းေတာ့မယ္လို႔သိၿပီးေတာ့ ခ်က္ခ်င္းဖုန္းေကာက္ဆက္ခဲ့ၿပီးေရာ္နယ္ဒိုကလည္းလက္ခံေျဖခဲ့ပါတယ္။ဆာအဲလက္စ္ဖာဂူဆန္ဟာ ေရာ္နယ္ဒိုကို ‘စီးတီးသို႔မေျပာင္းနဲ႔”ဆိုတဲ့စကားကိုျပတ္သားစြာေျပာၾကားၿပီးဖုန္းခ်ခဲ့ပါတယ္။ဖာဂူဆန္ႏွင့္ေရာ္နယ္ဒိုတို႔အၾကားအျခားဘာအေၾကာင္းအရာကိုေျပာဆိုခဲ့သလဲဆိုတာကိုေတာ့မသိရပါဘူး။
ယင္းေနာက္ေနာက္၇၂နာရီအၾကာမွာေတာ့ခရစၥတီယာႏိုေရာ္နယ္ဒိုကိုေခၚယူလိုက္ၿပီျဖစ္ေၾကာင္းမန္ခ်က္စတာယူႏိုက္တက္ကတရားဝင္ေၾကညာလာခဲ့ပါတယ္။
ခရစၥတီယာႏိုေရာ္နယ္ဒိုဟာေႏြရာသီတြင္မန္ယူသို႔တေက်ာ့ျပန္ေရာက္လာၿပီးေနာက္မန္ယူအတြက္၁၁ပြဲကစားထားရာမွာ၉ဂိုးသြင္းယူထားႏိုင္ပါတယ္။ေရာ္နယ္ဒိုဟာစေနေန႔မွာေႏြရာသီတုန္းကေရာက္လုနီးပါးျဖစ္ခဲ့တဲ့မန္စီးတီးႏွင့္ရင္ဆိုင္ကစားရပါမယ္။