မန်စီးတီးသို့ လီဝန်ဒေါ့စကီးပြောင်းနိုင်ကြောင်း အေးဂျင့်ဇဟာဗီဖွင့်ဟလာ

ဘိုင်ယန်မြူးနစ်တိုက်စစ်မှူးရောဘတ်လီဝန်ဒေါ့စကီးရဲ့အေးဂျင့်ကပိုလန်လက်ရွေးစင်တိုက်စစ်မှူးမှာမန်စီးတီးအသင်းသို့ပြောင်းနိုင်ကြောင်းဖွင့်ဟပြောကြားလာပါတယ်။

လီဝန်ဒေါ့စကီးရဲ့အေးဂျင့်ပီနီဇဟာဗီကသူ့ကစားသမားမှာမန်စီးတီးသို့ပြောင်းနိုင်တယ်လို့ယုံကြည်ကြောင်း Sport Bild ကဖော်ပြလာခဲ့တာပါ။

မန်စီးတီးဟာပြီးခဲ့တဲ့နွေရာသီတုန်းကဟယ်ရီကိန်းကိုခေါ်ယူရန်ကြိုးပမ်းမှုမအောင်မြင်ခဲ့ပါဘူး။၎င်းတို့ဟာလာမယ့်ဇန်နဝါရီအပြောင်းအရွှေ့(သို့မဟုတ်)နွေရာသီအပြောင်းအရွှေ့တွင်တိုက်စစ်မှူးသစ်ခေါ်ယူရန်ကြိုးပမ်းလာဖို့သေချာနေပါတယ်။

ဟယ်ရီကိန်းကိုခေါ်ယူရေးမအောင်မြင်ခဲ့ပြီးနောက်မန်စီးတီးဟာသူတို့ရဲ့နံပါတ်တစ်ပစ်မှတ်အဖြစ်အာလင်းဟာလန်းကိုခေါ်ယူရန်ရည်ရွယ်ထားပါတယ်။

ဒါပေမယ့်ယခုဖော်ပြလာမှုအရမန်စီးတီးနည်းပြဂွါဒီယိုလာရဲ့တိုက်စစ်မှူးပစ်မှတ်စာရင်းတွင်ဘိုင်ယန်တွင်လက်တွဲခဲ့ဖူးတဲ့လီဝန်ဒေါ့စကီးလည်းပါဝင်နေမှာသေချာနေပါတယ်။

အသက်၃၃နှစ်ရှိဒေါ့မွန်တိုက်စစ်မှူးဟောင်းဟာဘိုင်ယန်မြူးနစ်နှင့်၂၀၂၃ခုနှစ်အထိစာချုပ်ချုပ်ဆိုထားသူပါ။ဒါပေမယ့်သူဟာအစောပိုင်းတုန်းကပရီးမီးယားလိဂ်သို့သွားရောက်ကာစိန်ခေါ်မှုသစ်ရင်ဆိုင်လိုကြောင်းဖွင့်ဟခဲ့ဖူးပါတယ်။

ZawGyi

မန္စီးတီးသို႔ လီဝန္ေဒါ့စကီးေျပာင္းႏိုင္ေၾကာင္း ေအးဂ်င့္ဇဟာဗီဖြင့္ဟလာ

ဘိုင္ယန္ျမဴးနစ္တိုက္စစ္မႉးေရာဘတ္လီဝန္ေဒါ့စကီးရဲ႕ေအးဂ်င့္ကပိုလန္လက္ေ႐ြးစင္တိုက္စစ္မႉးမွာမန္စီးတီးအသင္းသို႔ေျပာင္းႏိုင္ေၾကာင္းဖြင့္ဟေျပာၾကားလာပါတယ္။

လီဝန္ေဒါ့စကီးရဲ႕ေအးဂ်င့္ပီနီဇဟာဗီကသူ႔ကစားသမားမွာမန္စီးတီးသို႔ေျပာင္းႏိုင္တယ္လို႔ယုံၾကည္ေၾကာင္း Sport Bild ကေဖာ္ျပလာခဲ့တာပါ။

မန္စီးတီးဟာၿပီးခဲ့တဲ့ေႏြရာသီတုန္းကဟယ္ရီကိန္းကိုေခၚယူရန္ႀကိဳးပမ္းမႈမေအာင္ျမင္ခဲ့ပါဘူး။၎တို႔ဟာလာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕(သို႔မဟုတ္)ေႏြရာသီအေျပာင္းအေ႐ႊ႕တြင္တိုက္စစ္မႉးသစ္ေခၚယူရန္ႀကိဳးပမ္းလာဖို႔ေသခ်ာေနပါတယ္။

ဟယ္ရီကိန္းကိုေခၚယူေရးမေအာင္ျမင္ခဲ့ၿပီးေနာက္မန္စီးတီးဟာသူတို႔ရဲ႕နံပါတ္တစ္ပစ္မွတ္အျဖစ္အာလင္းဟာလန္းကိုေခၚယူရန္ရည္႐ြယ္ထားပါတယ္။

ဒါေပမယ့္ယခုေဖာ္ျပလာမႈအရမန္စီးတီးနည္းျပဂြါဒီယိုလာရဲ႕တိုက္စစ္မႉးပစ္မွတ္စာရင္းတြင္ဘိုင္ယန္တြင္လက္တြဲခဲ့ဖူးတဲ့လီဝန္ေဒါ့စကီးလည္းပါဝင္ေနမွာေသခ်ာေနပါတယ္။

အသက္၃၃ႏွစ္ရွိေဒါ့မြန္တိုက္စစ္မႉးေဟာင္းဟာဘိုင္ယန္ျမဴးနစ္ႏွင့္၂၀၂၃ခုႏွစ္အထိစာခ်ဳပ္ခ်ဳပ္ဆိုထားသူပါ။ဒါေပမယ့္သူဟာအေစာပိုင္းတုန္းကပရီးမီးယားလိဂ္သို႔သြားေရာက္ကာစိန္ေခၚမႈသစ္ရင္ဆိုင္လိုေၾကာင္းဖြင့္ဟခဲ့ဖူးပါတယ္။