မန်စီးတီးအတွက်နောက်ဆုံးပွဲမှာ ပရီးမီးယားလိဂ်စံချိန်ချိုးခဲ့တဲ့ ဆာဂျီယိုအဂူရို

ဆာဂျီယိုအဂူရိုဟာသူ့ရဲ့မန်စီးတီးအတွက်နောက်ဆုံးနေ့မှာဝိန်းရွန်းနီရဲ့ပရီးမီးယားလိဂ်ကလပ်တစ်ခုတည်းအတွက်ဂိုးအများဆုံးသွင်းယူထားနိုင်တဲ့စံချိန်ကိုရိုက်ချိုးခဲ့ပါတယ်။

ဆာဂျီယိုအဂူရိုဟာမန်စီးတီးနှင့်စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီးချန်ပီယံလိဂ်ဗိုလ်လုပွဲအပြီးမှမန်စီးတီးမှထွက်ခွာမယ့်ကစားသမားလည်းဖြစ်ပါတယ်။

သူဟာမန်စီးတီးရဲ့ပရီးမီးယားလိဂ်ရာသီသိမ်းပွဲဖြစ်တဲ့အဲဗာတန်နှင့်ပွဲမှာပွဲချိန်၆၅မိနစ်မှာလူစားဝင်ရောက်ကစားခဲ့ပါတယ်။အဂူရိုဝင်ကစားချိန်မှာမန်စီးတီးကအဲဗာတန်ကို၃-၀ဂိုးဖြင့်ဦးဆောင်ထားနိုင်ပြီးဖြစ်ပါတယ်။

အဂူရိုဟာလူစားဝင်ရောက်လာပြီးတဲ့နောက်၇၁မိနစ်နှင့်၇၆မိနစ်တို့မှာမန်စီးတီးအတွက်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ယင်းဂိုးများကြောင့်အဂူရိုဟာပရီးမီးယားလိဂ်သမိုင်းတွင်ဂိုးအများဆုံးသွင်းယူထားသူများစာရင်းမှာအဆင့်၄နေရာသို့တက်လှမ်းလာတဲ့အပြင်ရွန်းနီရဲ့ကလပ်တစ်ခုတည်းအတွက်ဂိုးအများဆုံးသွင်းယူတဲ့စံချိန်ကိုလည်းရိုက်ချိုးနိုင်ခဲ့ပါတယ်။

ဒါဘီကောင်တီနည်းပြဟာမန်ယူအတွက်၁၈၃ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပြီးအဂူရိုကမန်စီးတီးအတွက်၁၈၄ဂိုးသွင်းယူထားနိုင်ပါတယ်။

အဂူရိုဟာ၂၀၁၁ခုနှစ်၊ဩဂုတ်လတွင်မန်စီးတီးသို့ရောက်လာပြီးနောက်ပရီးမီးယားလိဂ်ဖလား၅ကြိမ်၊အက်ဖ်အေဖလား၁ကြိမ်နှင့်လိဂ်ဖလားခြောက်ကြိမ်ဆွတ်ခူးထားနိုင်ခဲ့ပါတယ်။

မန်စီးတီးကစားသမားများဟာအဲဗာတန်နှင့်ပွဲအပြီးမှာအဂူရိုကိုအပေါ်သို့ချီမြှောက်ပြီးဂုဏ်ပြုခဲ့ကြသလိုမန်စီးတီးနည်းပြဂွါဒီယိုလာဟာလည်းစကိုင်းစပေါ့နှင့်အင်တာဗျူးမှာမျက်ရည်ကျကာအဂူရိုနဲ့ပတ်သက်ပြီးပြောကြားသွားပါတယ်။

အဂူရိုဟာလာမယ့်စနေနေ့မှာချန်ပီယံလိဂ်ဖလားချီမြှောက်ပြီးမန်စီးတီးကစားသမားဘဝကိုအဆုံးသတ်ခွင့်ရှိနေပါသေးတယ်။

ZawGyi

မန္စီးတီးအတြက္ေနာက္ဆုံးပြဲမွာ ပရီးမီးယားလိဂ္စံခ်ိန္ခ်ိဳးခဲ့တဲ့ ဆာဂ်ီယိုအဂူ႐ို

ဆာဂ်ီယိုအဂူ႐ိုဟာသူ႔ရဲ႕မန္စီးတီးအတြက္ေနာက္ဆုံးေန႔မွာဝိန္း႐ြန္းနီရဲ႕ပရီးမီးယားလိဂ္ကလပ္တစ္ခုတည္းအတြက္ဂိုးအမ်ားဆုံးသြင္းယူထားႏိုင္တဲ့စံခ်ိန္ကို႐ိုက္ခ်ိဳးခဲ့ပါတယ္။

ဆာဂ်ီယိုအဂူ႐ိုဟာမန္စီးတီးႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ၿပီးခ်န္ပီယံလိဂ္ဗိုလ္လုပြဲအၿပီးမွမန္စီးတီးမွထြက္ခြာမယ့္ကစားသမားလည္းျဖစ္ပါတယ္။

သူဟာမန္စီးတီးရဲ႕ပရီးမီးယားလိဂ္ရာသီသိမ္းပြဲျဖစ္တဲ့အဲဗာတန္ႏွင့္ပြဲမွာပြဲခ်ိန္၆၅မိနစ္မွာလူစားဝင္ေရာက္ကစားခဲ့ပါတယ္။အဂူ႐ိုဝင္ကစားခ်ိန္မွာမန္စီးတီးကအဲဗာတန္ကို၃-၀ဂိုးျဖင့္ဦးေဆာင္ထားႏိုင္ၿပီးျဖစ္ပါတယ္။

အဂူ႐ိုဟာလူစားဝင္ေရာက္လာၿပီးတဲ့ေနာက္၇၁မိနစ္ႏွင့္၇၆မိနစ္တို႔မွာမန္စီးတီးအတြက္ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။ယင္းဂိုးမ်ားေၾကာင့္အဂူ႐ိုဟာပရီးမီးယားလိဂ္သမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းယူထားသူမ်ားစာရင္းမွာအဆင့္၄ေနရာသို႔တက္လွမ္းလာတဲ့အျပင္႐ြန္းနီရဲ႕ကလပ္တစ္ခုတည္းအတြက္ဂိုးအမ်ားဆုံးသြင္းယူတဲ့စံခ်ိန္ကိုလည္း႐ိုက္ခ်ိဳးႏိုင္ခဲ့ပါတယ္။

ဒါဘီေကာင္တီနည္းျပဟာမန္ယူအတြက္၁၈၃ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ၿပီးအဂူ႐ိုကမန္စီးတီးအတြက္၁၈၄ဂိုးသြင္းယူထားႏိုင္ပါတယ္။

အဂူ႐ိုဟာ၂၀၁၁ခုႏွစ္၊ဩဂုတ္လတြင္မန္စီးတီးသို႔ေရာက္လာၿပီးေနာက္ပရီးမီးယားလိဂ္ဖလား၅ႀကိမ္၊အက္ဖ္ေအဖလား၁ႀကိမ္ႏွင့္လိဂ္ဖလားေျခာက္ႀကိမ္ဆြတ္ခူးထားႏိုင္ခဲ့ပါတယ္။

မန္စီးတီးကစားသမားမ်ားဟာအဲဗာတန္ႏွင့္ပြဲအၿပီးမွာအဂူ႐ိုကိုအေပၚသို႔ခ်ီေျမႇာက္ၿပီးဂုဏ္ျပဳခဲ့ၾကသလိုမန္စီးတီးနည္းျပဂြါဒီယိုလာဟာလည္းစကိုင္းစေပါ့ႏွင့္အင္တာဗ်ဴးမွာမ်က္ရည္က်ကာအဂူ႐ိုနဲ႔ပတ္သက္ၿပီးေျပာၾကားသြားပါတယ္။

အဂူ႐ိုဟာလာမယ့္စေနေန႔မွာခ်န္ပီယံလိဂ္ဖလားခ်ီေျမႇာက္ၿပီးမန္စီးတီးကစားသမားဘဝကိုအဆုံးသတ္ခြင့္ရွိေနပါေသးတယ္။