မန်စီးတီးအတွက် ချန်ပီယံလိဂ်ဖလားရယူပေးကာ ပေးဆပ်သွားမည်ဟု ပေါင်သန်း ၁၀၀ တန်လူသားဖွင့်ဟလာ

ဂျက်ဂရဲလ်လစ်ရှ်ကအင်္ဂလိပ်ဘောလုံးလောကရဲ့ပထမဆုံးပေါင်သန်း၁၀၀တန်ကစားသမားဖြစ်ခွင့်ရရှိမှုအတွက်ကျေနပ်ကြောင်းနှင့်မန်စီးတီးအားချန်ပီယံလိဂ်ဖလားဆွတ်ခူးနိုင်ရေးအတွက်အစွမ်းကုန်ကြိုးပမ်းပေးဆပ်သွားမည်ဖြစ်ကြောင်းပြောကြားလိုက်ပါတယ်။

အသက်၂၅နှစ်ရှိဂျက်ဂရဲလ်လစ်ရှ်ဟာပြီးခဲ့တဲ့အပတ်တုန်းကဗီလာမှမန်စီးတီးသို့ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်သန်း၁၀၀ဖြင့်ပြောင်းခဲ့သူဖြစ်ပါတယ်။

အင်္ဂလန်လက်ရွေးစင်ကွင်းလယ်ဖန်တီးရှင်က “ပြောင်းရွှေ့ကြေးကကျွန်တော့်အပေါ်ဖိအားမဖြစ်စေပါဘူး။ကိုယ့်ရဲ့ကြိုးစားအတွက်ချီးမြှောက်မှုတစ်ခုလို့ဘဲယူဆပါတယ်။ကိုယ့်အတွက်အကောင်းဆုံးချိတ်ဆွဲမှုတစ်ခုလို့ဘဲယူဆပါတယ်။ကလပ်တစ်ခုကကစားသမားတစ်ယောက်အတွက်ဒီလောက်ပမာဏပေးတယ်ဆိုတာသူတို့ဘယ်လောက်ယုံကြည်မှုရှိတယ်၊ဘယ်လောက်တန်ဖိုးထားတယ်ဆိုတာပြသတာပါ။အခုကျွန်တော့်ဘက်ကလည်းကလပ်အတွက်ဆုဖလားတွေအများကြီးရယူပေးပြီးပေးဆပ်နိုင်ဖို့မျှော်လင့်နေပါတယ်။ပြီးတော့ကျွန်တော်တို့အားလုံးအလိုချင်ဆုံးဆုဖလား(ချန်ပီယံလိဂ်)လည်းရယူပေးနိုင်ဖို့မျှော်လင့်နေပါတယ်။ပြီးခဲ့တဲ့ရာသီတုန်းကရလုနီးပါးဖြစ်ခဲ့ပါတယ်။အားလုံးဟာဒီရည်မှန်းချက်အတွက်ဘဲလုပ်ဆောင်နေကြတာပါ။ဒီအတွက်ဘဲကျွန်တော်မန်စီးတီးသို့ရောက်လာတာပါ။အဝတ်အစားလဲခန်းကိုကြည့်လိုက်ရင်ပါရမီရှင်တွေနဲ့ပြည့်နှက်နေပါတယ်။ဒီနှစ်မှာကျွန်တော်တို့ရယူနိုင်တယ်လို့ယုံကြည်နေပါတယ်”လို့ပြောကြားသွားပါတယ်။

ဂျက်ဂရဲလ်လစ်ရှ်ဟာပြီးခဲ့တဲ့အပတ်ကလက်စတာအား၁-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ကွန်မြူနတီဒိုင်းပွဲစဉ်တွင်မန်စီးတီးအတွက်ပထမဆုံးပွဲကိုဝင်ရောက်ကစားခဲ့ပါတယ်။

ZawGyi

မန္စီးတီးအတြက္ ခ်န္ပီယံလိဂ္ဖလားရယူေပးကာ ေပးဆပ္သြားမည္ဟု ေပါင္သန္း ၁၀၀ တန္လူသားဖြင့္ဟလာ

ဂ်က္ဂရဲလ္လစ္ရွ္ကအဂၤလိပ္ေဘာလုံးေလာကရဲ႕ပထမဆုံးေပါင္သန္း၁၀၀တန္ကစားသမားျဖစ္ခြင့္ရရွိမႈအတြက္ေက်နပ္ေၾကာင္းႏွင့္မန္စီးတီးအားခ်န္ပီယံလိဂ္ဖလားဆြတ္ခူးႏိုင္ေရးအတြက္အစြမ္းကုန္ႀကိဳးပမ္းေပးဆပ္သြားမည္ျဖစ္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

အသက္၂၅ႏွစ္ရွိဂ်က္ဂရဲလ္လစ္ရွ္ဟာၿပီးခဲ့တဲ့အပတ္တုန္းကဗီလာမွမန္စီးတီးသို႔ၿဗိတိန္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း၁၀၀ျဖင့္ေျပာင္းခဲ့သူျဖစ္ပါတယ္။

အဂၤလန္လက္ေ႐ြးစင္ကြင္းလယ္ဖန္တီးရွင္က “ေျပာင္းေ႐ႊ႕ေၾကးကကြၽန္ေတာ့္အေပၚဖိအားမျဖစ္ေစပါဘူး။ကိုယ့္ရဲ႕ႀကိဳးစားအတြက္ခ်ီးေျမႇာက္မႈတစ္ခုလို႔ဘဲယူဆပါတယ္။ကိုယ့္အတြက္အေကာင္းဆုံးခ်ိတ္ဆြဲမႈတစ္ခုလို႔ဘဲယူဆပါတယ္။ကလပ္တစ္ခုကကစားသမားတစ္ေယာက္အတြက္ဒီေလာက္ပမာဏေပးတယ္ဆိုတာသူတို႔ဘယ္ေလာက္ယုံၾကည္မႈရွိတယ္၊ဘယ္ေလာက္တန္ဖိုးထားတယ္ဆိုတာျပသတာပါ။အခုကြၽန္ေတာ့္ဘက္ကလည္းကလပ္အတြက္ဆုဖလားေတြအမ်ားႀကီးရယူေပးၿပီးေပးဆပ္ႏိုင္ဖို႔ေမွ်ာ္လင့္ေနပါတယ္။ၿပီးေတာ့ကြၽန္ေတာ္တို႔အားလုံးအလိုခ်င္ဆုံးဆုဖလား(ခ်န္ပီယံလိဂ္)လည္းရယူေပးႏိုင္ဖို႔ေမွ်ာ္လင့္ေနပါတယ္။ၿပီးခဲ့တဲ့ရာသီတုန္းကရလုနီးပါးျဖစ္ခဲ့ပါတယ္။အားလုံးဟာဒီရည္မွန္းခ်က္အတြက္ဘဲလုပ္ေဆာင္ေနၾကတာပါ။ဒီအတြက္ဘဲကြၽန္ေတာ္မန္စီးတီးသို႔ေရာက္လာတာပါ။အဝတ္အစားလဲခန္းကိုၾကည့္လိုက္ရင္ပါရမီရွင္ေတြနဲ႔ျပည့္ႏွက္ေနပါတယ္။ဒီႏွစ္မွာကြၽန္ေတာ္တို႔ရယူႏိုင္တယ္လို႔ယုံၾကည္ေနပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ဂ်က္ဂရဲလ္လစ္ရွ္ဟာၿပီးခဲ့တဲ့အပတ္ကလက္စတာအား၁-၀ဂိုးျဖင့္ရႈံးနိမ့္တဲ့ကြန္ျမဴနတီဒိုင္းပြဲစဥ္တြင္မန္စီးတီးအတြက္ပထမဆုံးပြဲကိုဝင္ေရာက္ကစားခဲ့ပါတယ္။