မန်စီးတီးအတွက် ပထမဆုံးဂိုးသွင်းခဲ့တဲ့သူရဲကောင်းထံသို့ ဂွါဒီယိုလာမှတဆင့်စာပေးခဲ့တဲ့ အင်္ဂလန်ပရိသတ်ငယ်

ပက်ဂွါဒီယိုလာဟာနော့ဝှစ်ချ်အား၅-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲအပြီးမှာစာပို့သမားအဖြစ်အလုပ်လုပ်ပေးခဲ့ရပါတယ်။ဘောလုံးပရိသတ်ငယ်တစ်ဦးဟာဂွါဒီယိုလာမှတစ်ဆင့်ဂျက်ဂရဲလ်လစ်ရှ်ထံသို့ကျေးဇူးတင်ကြောင်းရေးသားထားတဲ့စာကိုပေးပို့ခဲ့တာလည်းဖြစ်ပါတယ်။

အဆိုပါကလေးဟာယူရို၂၀၂၀ဗိုလ်လုပွဲမှာအီတလီကိုအင်္ဂလန်ကရှုံးနိမ့်ပြီးနောက်ဂျက်ဂရဲလ်လစ်ရှ်ရဲ့ယူရိုဗိုလ်လုပွဲတွင်စီးခဲ့တဲ့ဖိနပ်ကိုလက်ဆောင်ရရှိခဲ့သူလည်းဖြစ်ပါတယ်။

အသက်၂၅နှစ်ရှိအင်္ဂလန်စတားဟာဗိုလ်လုပွဲတွင်ပင်နယ်တီအဆုံးအဖြတ်ဖြင့်ရှုံးနိမ့်ပြီးနောက်ပွဲကြည့်စင်သို့တက်ကာပရိသတ်ငယ်တစ်ဦးအားဖိနပ်လက်ဆောင်ပေးမှုအတွက်ချီးကျူးခြင်းခံခဲ့ရသူလည်းဖြစ်ပါတယ်။

ယင်းလူငယ်လေးဟာပေါင်သန်း၁၀၀တန်ကစားသမားရဲ့မန်စီးတီးအတွက်ပထမဆုံးအိမ်ကွင်းပွဲဖြစ်တဲ့နော့ဝှစ်ချ်နဲ့ပွဲကိုကြည့်ရန်လက်ဆောင်ရရှိခဲ့သူလည်းဖြစ်ပါတယ်။

ဒါကြောင့်လည်းယင်းလူငယ်လေးဟာပွဲအပြီးမှာနည်းပြဂွါဒီယိုလာရဲ့အမည်ကိုအကြိမ်ကြိမ်အော်ခေါ်ပြီးဂျက်ဂရဲလ်လစ်ရှ်အတွက်ကျေးဇူးတင်ကြောင်းစာပေးခဲ့တာလည်းဖြစ်ပါတယ်။

ဂျက်ဂရဲလ်လစ်ရှ်ဟာနော့ဝှစ်ချ်နှင့်ပွဲစဉ်မှာမန်စီးတီးအတွက်ပထမဆုံးဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ်။

ZawGyi

မန္စီးတီးအတြက္ ပထမဆုံးဂိုးသြင္းခဲ့တဲ့သူရဲေကာင္းထံသို႔ ဂြါဒီယိုလာမွတဆင့္စာေပးခဲ့တဲ့ အဂၤလန္ပရိသတ္ငယ္

ပက္ဂြါဒီယိုလာဟာေနာ့ဝွစ္ခ်္အား၅-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲအၿပီးမွာစာပို႔သမားအျဖစ္အလုပ္လုပ္ေပးခဲ့ရပါတယ္။ေဘာလုံးပရိသတ္ငယ္တစ္ဦးဟာဂြါဒီယိုလာမွတစ္ဆင့္ဂ်က္ဂရဲလ္လစ္ရွ္ထံသို႔ေက်းဇူးတင္ေၾကာင္းေရးသားထားတဲ့စာကိုေပးပို႔ခဲ့တာလည္းျဖစ္ပါတယ္။

အဆိုပါကေလးဟာယူ႐ို၂၀၂၀ဗိုလ္လုပြဲမွာအီတလီိကိုအဂၤလန္ကရႈံးနိမ့္ၿပီးေနာက္ဂ်က္ဂရဲလ္လစ္ရွ္ရဲ႕ယူ႐ိုဗိုလ္လုပြဲတြင္စီးခဲ့တဲ့ဖိနပ္ကိုလက္ေဆာင္ရရွိခဲ့သူလည္းျဖစ္ပါတယ္။

အသက္၂၅ႏွစ္ရွိအဂၤလန္စတားဟာဗိုလ္လုပြဲတြင္ပင္နယ္တီအဆုံးအျဖတ္ျဖင့္ရႈံးနိမ့္ၿပီးေနာက္ပြဲၾကည့္စင္သို႔တက္ကာပရိသတ္ငယ္တစ္ဦးအားဖိနပ္လက္ေဆာင္ေပးမႈအတြက္ခ်ီးက်ဴးျခင္းခံခဲ့ရသူလည္းျဖစ္ပါတယ္။

ယင္းလူငယ္ေလးဟာေပါင္သန္း၁၀၀တန္ကစားသမားရဲ႕မန္စီးတီးအတြက္ပထမဆုံးအိမ္ကြင္းပြဲျဖစ္တဲ့ေနာ့ဝွစ္ခ်္နဲ႔ပြဲကိုၾကည့္ရန္လက္ေဆာင္ရရွိခဲ့သူလည္းျဖစ္ပါတယ္။

ဒါေၾကာင့္လည္းယင္းလူငယ္ေလးဟာပြဲအၿပီးမွာနည္းျပဂြါဒီယိုလာရဲ႕အမည္ကိုအႀကိမ္ႀကိမ္ေအာ္ေခၚၿပီးဂ်က္ဂရဲလ္လစ္ရွ္အတြက္ေက်းဇူးတင္ေၾကာင္းစာေပးခဲ့တာလည္းျဖစ္ပါတယ္။

ဂ်က္ဂရဲလ္လစ္ရွ္ဟာေနာ့ဝွစ္ခ်္ႏွင့္ပြဲစဥ္မွာမန္စီးတီးအတြက္ပထမဆုံးဂိုးကိုသြင္းယူႏိုင္ခဲ့ပါတယ္။